Tuesday, February 12, 2013

ပြောစမှတ်တွင်သွားတဲ့ငြိမ်းချမ်းရေး လမ်းလျှောက် သူတို့ ရဲ့ မငြိမ်း ချမ်းနိုင် တဲ့အဖြစ်

Posted by drmyochit Tuesday, February 12, 2013, under | No comments

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ သဘောထားချင်းမတိုက်ဆိုင်သဖြင့် အဖွဲ့(၂)ဖွဲ့ကွဲ

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ခရီးရှည်ချီတက်လာသော အဖွဲ့ တွင် ဦးအောင်မြင့် ခေါင်းဆောင်သောအဖွဲ့နှင့် ကိုရန်နိုင်ထွန်းခေါင်းဆောင်သောအဖွဲ့(၂)ဖွဲ့ကွဲနေကြောင်း သိရှိရသည်။

“ မှန်ပါတယ်၊ သူတို့ချင်း လူကြီးနဲ့လူငယ်လမ်းတစ်လျှောက်မှာ အချို့ ကိစ္စလေးတွေနဲ့ပတ် သက်ပြီးအ ဆင်မပြေ တာတွေရှိခဲ့ပါတယ်။ 

အထူးသဖြင့် ဒီလမ်းလျှောက်တဲ့ခရီးမှာဦးအောင်မြင့်ကငြိမ်းချမ်းရေး ကိစ္စအပြင် နိုင်ငံရေး အကျဉ်း သားလွတ်မြောက် ရေးကိစ္စကိုပါရောနှောချင်တယ်၊ ဒါ ကို ကိုရန်နိုင်ထွန်း ဦးဆောင်တဲ့လူငယ်အဖွဲ့က လက်မခံနိုင်ဘူး၊ ကိုရန်နိုင်ထွန်းတို့ အဖွဲ့တွေက မြို့ဝင်တိုင်းဆန္ဒပြတာမဟုတ်တဲ့အကြောင်းဝန်ခံ ကတိထိုးလာရတဲ့အတွက် ငြိမ်းချမ်းရေးသီးသန့်ဘဲ ချီတက်ချင်တယ်၊ အလံကိုင်တာတွေ၊ ဆန္ဒပြ တာတွေမလုပ်ချင်ဘူး၊ အဲဒီကိစ္စတွေကနေစပြီးပြဿနာဖြစ် တာပါ။ နောက်တစ်ခုက ခရီး တစ်လျှောက် လုံးရရှိလာတဲ့အကူငွေခွဲဝေသုံးစွဲရေးနဲ့လည်း ပတ်သက်ပြီးအငြင်းပွားကြတယ်။ ဦးအောင်မြင့်က ကိုရန်နိုင် ထွန်းတို့အဖွဲ့ကို ရလာတဲ့ ရန်ပုံငွေကိုချုပ်ကိုင်ထားတယ်လို့စွပ်စွဲနေတယ် ” ဟု လမ်းလျှောက်ချီ 
တက်ရာတွင် ပါဝင်သော လူငယ်တစ်ဦးမှပြောပါသည်။

ခရီးစဉ်အတွင်း ဦးအောင်မြင့်မှ မြို့အ၀င်များတွင် ဗကသအလံလွှင့်ထူခြင်း၊နိုင်ငံရေးအကျဉ်း သားပုံစံသ ရုပ်ဖော် သည့် အနေဖြင့် သံခြေချင်းဝတ်၍ မြို့များသို့ဝင်ရောက်ရန်စီစဉ်ခဲ့သော်လည်း ကိုရန်နိုင်ထွန်း ဦးဆောင်သောအဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ 

၎င်းကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ပလိပ်မြို့တွင်ညအိပ်ရပ် နားစဉ် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝိရသူမှ မန္တလေးမြို့သို့ဝင်ရောက်သည့်အခါ ဆန္ဒပြသည့် သဘော မဟုတ်ဘဲ ငြိမ်းချမ်းရေးလမ်းလျှောက်သည့်အနေဖြင့်အလံများလွှင့်ထူခြင်း၊ ကြွေးကြော် သံများ ဟစ်အော်ခြင်း မပြုလုပ်ရန် လာရောက်ညှိနှိုင်းခဲ့သည်။ 

သို့သော် ယနေ့နံနက် မန္တလေးမြို့သို့ဝင်ရောက်ရာတွင် ဦးအောင်မြင့်ခေါင်းဆောင်သော အဖွဲ့မှ ဗကသ အလံများလွှင့်ထူဝင်ရောက်ခဲ့ပြီး ကိုရန်နိုင်ထွန်းဦးဆောင်သောလူငယ်အဖွဲ့မှ ဦးအောင်မြင့်တို့နှင့်အတူတကွ
မ၀င်ရောက်ဘဲ အချိန်တစ်နာရီခြားပြီးမှသာ ၀င်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က facebook စာမျက်နှာအချို့တွင် ကိုရန်နိုင်ထွန်းဦးစီးသောငြိမ်း ချမ်းရေး လမ်းလျှောက် သည့်လူငယ်အဖွဲ့သည် ပံ့ပိုးကူညီသူများအား ရိုင်းစိုင်းစွာဆက်ဆံနေကြောင်း ၆.၂.၂၀၁၃ ရက်နေ့က မိတ္ထီလာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပေးပို့သောသ၀ဏ်လွှာအားပြန်ပေးပြီး ဦးဂမ္ဘီရပေး ပို့သော ငြိမ်းချမ်းရေးအလံအားလည်း လက်မခံခဲ့ကြောင်းရေးသားထားသည်ကို တွေ့ရှိရသည်။

ဓါတ်ပုံ - စူပါ (DVB)




ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသော လူငယ်များအဖွဲ့အား မန္တလေးမြို့မှ ကချင် လူမှု အဖွဲ့အစည်းများနှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်တို့မှ ကချင်တိုင်းရင်းသား ၅၀ ဦးတို့က ကချင်ရိုးရာ ဓလေ့ထုံးတန်းအရ ကြိုဆိုပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည် နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက် ချီတက်လာသူများအား ယနေ့ နံနက် ၁၁ နာရီကျော်တွင် သံဃာ ၁၇ ပါးနှင့် လူ ၄၂ ဦးတို့က မန္တလေး ဘုရားကြီး အရှေ့မုတ်တွင် ကြိုဆိုခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ခံ ကိုဂျော်ဂွန်းက ပြောသည်။

“ကျနော်တို့ ကချင်ရိုးရားယဉ်ကျေးမှု ပလိုင်း၊ ပန်းစည်းတွေနဲ့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ငြိမ်းချမ်းရေး ရချင်တဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကပါ ဒီလို အသိစိတ်ဓာတ်ရှိရှိ၊ နိုင်ငံသား တယောက် တာဝန်အရ လုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့ ကချင်လူမျိုးတွေက ဝမ်းပန်းတသာ ကြိုဆိုတဲ့အနေနဲ့ ကြိုဆိုခြင်း ဖြစ်ပါတယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်းက ပြောသည်။

ကချင်ပြည်နယ် မဝင်ရောက်မီ ရန်ကုန်၊ မန္တလေးမြို့မှ ကချင်လူမျိုးများက ဝမ်းသာအားရ ကြိုဆိုခြင်းဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

ကချင်ရိုးရာဝတ်စုံနှင့် ယဉ်ကျေးမှုစလေ့ထုံးစံအတိုင်း ကချင်တိုင်းရင်းသားလူမျိုးများက ဝတ်စုံအပြည့်နှင့် ကြိုဆိုခဲ့ သည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သောအဖွဲ့မှ ကိုဝင်းချိုက ပြောသည်။

၎င်းက “သူတို့ပြည်နယ်ကို ငြိမ်းချမ်းရေးအတွက် လာရောက်တဲ့အတွက် ကျနော်တို့ကို မင်္ဂလာရှိအောင် ဒီခရီး လမ်းကြောင်းမှာ ဖြောင့်ဖြောင့်ဖြိုးဖြိုး ရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ ကချင်ပြည်နယ်က လူတွေက ခရီးဦးကြိုပြု တယ်။ ဆုတောင်းပေးကြတယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ငြိမ်းချမ်းရေးရရှိသွားသည့်တိုင်း ငြိမ်းချမ်းရေး အလံအား စိုက်ထူနိုင်သည်အထိ ချီတက်လမ်းလျှောက်သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

ကိုဝင်းချိုက “အစိုးရနဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ရနေ၊ လမ်းခရီးတလျှောက် ပြည်သူတွေ ကျုနော်တို့လိုပဲ၊ ငြိမ်းချမ်း ရေးကို မြတ်နိုးလာအောင်၊ ဒီစစ်ပွဲတွေဟာ ကျနော်တို့နဲ့ သက်ဆိုင်တယ်ဆိုတာ ပြည်သူ တွေအားလုံး သဘောဆောင်အောင် အဲဒီအတွက် လမ်းလျှောက်တာဖြစ်တဲ့အတွက် လိုင်ဇာကို ရောက်အောင် သွားပါ့မယ်” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် ရန်ကုန်မြို့မှ ထွက်ခွာလာသော လူတချို့မှာ မောပန်းခြင်း၊ ခြေထောက် ပေါက်ပြဲနေခြင်းများ ဖြစ်သဖြင့် နှစ်ရက်ခန့်ကြာ မန္တလေးမြို့တွင် ရပ်နားပြီးနောက် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သူက ဆက်ပြော သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ငြိမ်းချမ်းရေး လိုလားသော လူငယ်များအဖွဲ့က ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်ခဲ့ကြခြင်းဖြစ်သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်