Tuesday, February 12, 2013

ကလေး၊ တမူး၊ ချင်းတောင်ဘက်မှ မူးယစ်ဆေးဝါးကိစ္စ

Posted by drmyochit Tuesday, February 12, 2013, under | 1 comment

ကလေး၊ချင်းတောင်၊တမူး ဒေသတွင် ယခုရက်ပိုင်းမူးယစ် ဆေးဝါးများသိန်းပေါင်းထောင်ချီ သောင်းချီ ဖမ်းမိနေ သည်။ကလေး ဒေသခံတစ်ဦးအဆိုအရကလေး၊ တမူးဒေသတွင် ရုတ်တရက်ချမ်း သာကြီးပွား လာပါက လိုင်းကောင်း ကောင်းမိထားသူဟုဆိုကြသည်။ အရပ်ထဲမှာတော့ တိုးတိုးတိတ် တိတ်ဘာ ပစ္စည်းလုပ် သည်ကို သိ ကြသည်ချည်းဖြစ်သည်။ ကလေး ဒေသတွင်တော့ အချို့ကနှစ်ခေါက် သုံးခေါက်တိုက် တည်ကားဝယ်၊ လုပ်ငန်းလိုင်းပြောင်းနိုင်လျှင်ပင် ဘရိတ်အုပ်ရပ်တန်းကရပ်ကြသည်။ အနေအထား တစ်ခုတွင်၊ ငြိမ်နေကြ သူများလည်းရှိသလို၊အချို့ကတော့ လောဘမသတ်နိုင်တော့ပဲ အ ခေါက်ခေါက် အခါ လုပ်ကိုင်နေကြ သည်။အချို့ကလည်း ခွင်လိုင်း အကြောကိုအကောင်းကောင်းသိ သွားသည့် အခါ မြက်မြက်ကလေး စားရမည့်အခါတိုင်းထလုပ်နေကြ သည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ကလေးမြို့ရှစ်လေးလုံးအင်အားစု၊ အထက်ချင်းတွင်း လူငယ်ကွန် ယက်နှင့် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့တွေ့ ဆုံခဲ့ကြသည်။ထိုတွေ့ဆုံပွဲတွင် အထက် ချင်းတွင်း လူငယ်အဖွဲ့ကို ကျော်သက်ဝင်းနှင့်ကလေးဒေသ မူးယစ်ဆေးဝါးနှင့်လူငယ်များကိစ္စကို တင်ပြ ဆွေး နွေးခဲ့သည်။

““ကျွန်တော်တို့ကလေးမြို့ပေါ် မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု ကြီးထွားလာတယ်လို့သတင်းရပါ တယ်။ အထူး သဖြင့် ညပိုင်းမှာ မူး ယစ်ဆေးဝါးသုံးစွဲသူတွေဟာ လက်ဖက်ရည်ဆိုင်တွေကို ဆုံရပ်ထားပြီး အရောင်း အ၀ယ် လုပ်ကြတယ်၊ အရောင်းအ၀ယ်လုပ်ရာမှာလည်း လက်ဖက်ရည်ဆိုင်မှာ ငွေယူတယ်၊ မူးယစ် ဆေးကိုတော့ ဘယ်မှာသွား ယူဆိုတာမျိုးလုပ်ပါတယ်။ကလေး မြို့ပေါ်မှာ လူငယ်တွေအကြား မူးယစ်ဆေး ၀ါးကိစ္စ၀ိုင်းဝန်းထိန်း သိမ်းဖို့လိုအပ်နေပါတယ်””ဟု တင် ပြဆွေးနွေးခဲ့သည်။

ကလေးဒေသတွင် ယခင် အခါက ချင်းတောင်ပေါ်မှဘိန်း မဲထွက်သည်၊တမူးနယ်စပ်က ဘိန်း ချွတ်ဆေး အက်ဆစ်တွေ လာသည်၊ ကလေးမြို့သည် ဘိန်းဖြူအလွယ် ၀ယ်ရသည့်ဒေသဖြစ်ခဲ့ဖူးသည်။ ယခင်က ကလေးမြို့ ဥပုသ်ချောင်း ဘေးဆိုလျှင် ဘိန်းရောင်းသည့်ဆိုင် များတန်းစီရှိခဲ့ဖူးသည်။ဓာတ်ဆီ ရှူသည့် အဖွဲ့ရှိသည်။ ဆေးခြောက် ရှူသည့်အဖွဲ့ရှိသည်၊ဘိန်းဖြူကြောင့် ဘ၀ပျက်ရသူ၊ဘိန်းဖြူကြောင့် ချမ်းသာသူ၊ ဘိန်းဖြူကိုရေနှင့်ဖျော် အကြောထဲကိုထိုးသွင်းသူ၊ရှော့ ဖြစ်သေဆုံးသူ၊ကလေးမြို့တွင်အများ အပြားရှိသည်၊ မော်ဖိန်း၊မီးလျှံဖိုက်လို ဆေးမျိုးတွေ ကလေးမြို့တွင် ဟို အရင်က အလွန်ပေါသည်။ဖင်စီ ဒိုင်းကတော့ ပုလင်း အကြီးအသေး ကြိုက်သလောက်ကြိုက်ရာရနိုင် ခဲ့သည့် ကလေးမြို့ဖြစ်သည် ယခု ကလေးမြို့တွင် ဆေးပြား ခေတ် ထနေသည်။

ဟိုက်ဝေးကားသမား လောကတွင်မအိပ်ချင်ဆေးဟု နာမည်ကြီးသည်၊ထိုဆေးကိုသုံးစွဲ ထားသော လူငယ် များ ပြောရဲဆိုရဲ အော်ရဲဟစ်ရဲ၊ထိုးရဲ၊ကြိတ်ရဲဆိုတာ မျိုးတွေဖြစ်နေသည်၊အဆိုးဆုံးမှာ ဆေးပြားနှင့် အရက်တွဲ လာသည့် လူငယ်များ ကလေးမြို့ညအချိန် မှာတွေ့နေရသည်။ကလေးမြို့၊ တမူး၊ချင်းတောင် ဆေးပြား ၀င်္ကပါ ကိုတားဆီးရန်လိုနေသည်။

ကောင်းမြတ်သူ(ကလေး)

1 comments:

ကလေးမြို့ မှာဘဲမဟုတ်ပါဘူး
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဟုမ္မလင်းမြို့မှာလဲအတူတူပါဘဲအခုအချိန်ထိမှူးယစ်နဲ့ပတ်သက်ပြီး
ထူးခြားပြောင်းလဲမှုမရှိသေးပါဘူးနယ်တွေမှာဘယ်သူဘာလုပ်တယ်ဆိုတာရဲတွေအကုန်သိ
ပြီးသားပါရဲတွေဆိုတာကလည်းသားစဉ်မြေးဆက်ရဲဘဲပြန်လုပ်နေကြတာဆိုတော့အနေကြာ
ရဲတွေရဲ့ ဂွင်ပါဘဲ ဘယ်နေရာရောင်းတယ်ဘယ်သူလုပ်တယ်ဆိုတာဆေးသမားပါးတချက်ရိုက်
တာနဲ့အကုန်ပေါ်တယ်ဒါပေမဲ့ဖမ်းမိတာတခါမှမရှိဘူးမိတော့လဲထောင်ခဏကျပြီးသူတို့တွေဘဲ
အစအဆုံးလိုက်ဆောင်ရွက်ပေးကြတာဘဲတဂွင်ပေါ်နှစ်ဂွင်ဆင့်ဒါဘဲသံသရာလည်နေကြတာ
မပြောချင်တော့ပါဘူးရဲတွေအကြောင်းတော့သိသွားရင်ညစ်ပတ်တာခံနေရအုံးမယ်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်