Tuesday, February 12, 2013

ဂေါ်ဖီထုတ်သုပ်စားရာမှ အစာအဆိပ်သင့်၍ ဦးသေ၊ ၃၀ ဦး ဆေးရုံတင်ထားရ

Posted by drmyochit Tuesday, February 12, 2013, under | No comments



ရန်ကုန်၊ ဖေဖော်ဝါရီ-၁၂

စစ်ကိုင်း တိုင်းဒေ သကြီး ဟုမ္မလင်း မြို့နယ် အတွင်းရှိ သစ်ပါးလွှာ စက်ရုံမှ အလုပ် သမား များသည် ဖေဖော် ၀ါရီ ၁၁ ရက်က ဂေါ်ဖီထုပ် သုပ်စား သုံးရာမှ အစာ အဆိပ် သင့်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေ ဆုံးကာ ၃၀ ဦးခန့် ဆေးရုံ တင်ထား ရကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

ဟုမ္မလင်းမြို့နယ် ယက်ဖကျေး ရွာရှိ "လပြည့် နဂါး" ကုမ္ပဏီ သစ်ပါးလွှာစ က်ရုံရှိ အလုပ်သမား ၃၂ ဦးသည် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၆ နာရီ ခန့်တွင် ဂေါ်ဖီထုပ်အား သုပ်၍ ထမင်း ကြမ်းနှင့် စားရာ အစာ အဆိပ် သင့်ပြီး မူးဝေအော့ အန် မေ့လဲ သွားကြ သဖြင့် ထမံသီ တိုက်နယ်ဆေး ရုံသို့ တင်ပို့ဆေး ကုသ ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၎င်းတို့ အနက်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ယင်းနေ့၊ နေ့လယ် ၁ နာရီခွဲခန့်တွင် သေဆုံး သွားခဲ့ပြီး နေ့လယ် ၃ နာရီခန့်တွင် အသက် ၁၈ နှစ်အရွယ် အမျိုး သမီး တစ်ဦး ထပ်မံသေ ဆုံးသွား ခဲ့ကြောင်း၊ ကျန် ၃၀ ဦးမှာ ထမံသီဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်