Tuesday, February 12, 2013

ဗိုလ်ချုပ်မွေးနေ့မှာ ပြောသည့်သူတို့ စကား

Posted by drmyochit Tuesday, February 12, 2013, under | No comments


ဒေါက်တာအေးမောင်

ကျွန်တော်တို့ တွေက ဗိုလ် ချုပ်မွေး နေ့ကို မေ့ထား ကြတယ်။ ဗိုလ်ချုပ် မွေးနေ့မှ မဟုတ်ပါဘူး။ အခြား နေ့တွေ အများကြီးကို တောင် အမေ့ထားကြတယ်။ လူငယ်လူရွယ်အတွက် အစဉ် လာကောင်းတွေ အခုလို ကာလ မျိုးမှာ ပြန်လည်ပြီး နိုးထလာဖို့၊ သတိရလာဖို့ ဗိုလ်ချုပ်မွေးနေ့ကို ပြန်ပြီးတော့ကျင်းပဖို့လိုတယ်။ ဗိုလ်ချုပ်လိုလူမျိုးတွေ မွေးလာဖို့ ဖေဖော်ဝါရီ ၁၃ ကို ကလေးများ နေ့ဆိုပြီးတော့တောင် သတ်မှတ် ခဲ့တယ်။ ဗိုလ်ချုပ်ကို အသက် ၃၀ လောက်ပဲ ကျွန်တော်တို့နိုင်ငံက ရခဲ့တယ်။ 

နောက်ပိုင်းမှာ သူ ကွယ်လွန်သွားတယ်။ ကျောင်း သားလူငယ်တွေလည်း အတုယူ နိုင်အောင် လွတ်လပ် ရေး ရဲ့ အင် မတန်အရေးကြီးပုံကို လူတွေ လည်း သဘောပေါက်အောင် နိုင်ငံခေါင်းဆောင် ပုဂိ္ဂုလ်ရဲ့ လေ့ ကျင့်လာခဲ့တဲ့ ကျင့်ကြံလာခဲ့တဲ့ သမိုင်းကြောင်းကို အမြဲတန်းလူ ငယ်တွေအမှတ်ရအောင် ဖေ ဖော်ဝါရီ ၁၃ ကို ပြန်လည် အသက်သွင်းဖို့လိုပြီ၊ အမေ့ခံဘ၀ ကနေ ပြန်ကယ်ထုတ်ဖို့လိုပြီ၊ လွတ်လပ်ရေးကစလို့၊ လူတစ်ချို့ က လွတ်လပ်ရေးကျောက်တိုင် ကစာတောင် ဖတ်ခွင့်မပေးတာ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို ဖျောက်ဖျက်ခဲ့တာရှိတယ်။ အာ ဇာနည်ကုန်းကိုသွားချင်လို့ မသွားရတာရှိတယ်။ 

လွတ်လွတ် လပ်လပ်ပြောခွင့်ဆိုခွင့်တွေကို ပိတ်ပင်ခဲ့တဲ့ကာလတစ်လျှောက် လုံးမှာ အမေ့ခံအပစ်ပယ်ခံ ဖြစ်ခဲ့ တာ ကျွန်တော်တို့သမိုင်းကြောင်း ရဲ့ လောင်းရိပ်တော်တော်လေး ဆိုးဆိုးဝါးဝါး ရှိခဲ့ပါတယ်။ စေတ နာလို့ သမိုင်းကို အလင်းကျန် ရအောင်ကောင်းတဲ့ဘက်ကို ရောက်အောင် သမ္မတဦးသိန်းစိန် ဦးဆောင် တဲ့အဖွဲ့က သူတို့သွား နေတဲ့လမ်းကြောင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုရင်ပဲ ပြည်ထောင် စုနေ့၊ ဟန်ဆောင် ပန်ဆောင်ပြည် ထောင်စုနေ့ မကျင်းပပါနဲ့တော့။ တကယ်စစ်မှန်တဲ့ တကယ်သွား လိုတဲ့ ပြည်ထောင်စု လေးပုံ သဏ္ဍာန်ဖြစ် ကြိုးစားဖို့လိုပြီး ဗိုလ်ချုပ်မွေးနေ့မှာ ခမ်းခမ်းနား နားလေးဖြစ်အောင် လူငယ်တွေ အတုယူနိုင်အောင် ကျင်းပနိုင်ရင် ပိုကောင်းတာပေါ့။

RNDP
ဖြိုးအောင်
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်