Friday, February 01, 2013

ရေနံမြေ ၁၃၀၀ ပြည့်သပိတ်

Posted by drmyochit Friday, February 01, 2013, under | No comments


“သပိတ် သပိတ်၊ မှောက်မှောက်
သခင်မျိုးဟေ့၊ တို့ဗမာ
ဓနရှင်စနစ်ပျက်စီးပါစေ
ဓနရှင်ဝါဒ ကျဆုံးပါစေ
အရေးတော်ပုံအောင်ရမည်။

ဟူသော ကြွေးကြော်သံများသည် ကား ၁၃၀၀ ပြည့်နှစ်ပြာသိုလဆန်း (၈) ရက် စနေနေ့ (၈၊ ၁၊ ၁၉၃၈) က ချောက်မြို့ရေနံမြေတစ်ခုလုံးလွန်စွာမှ တုန်လှုပ်သွားစေနိုင်သော ရေနံမြေအလုပ် သမားလူထု၏ အသံများပင်ဖြစ်ခဲ့ဖူးလေ ၏။

ရေနံမြေအရေးတော်ပုံ
ချောက်မြို့’BOC’ ရေနံကုမ္ပဏီအလုပ် သမားလူထုက ၎င်းတို့၏ လွန်စွာမှ ခံစား နေရသည့်ဒုက္ခတွေကို တစ်နှစ်ပတ်လုံး၏ အလုပ်ခွင်တို့ကိုတင်ပြရင်းသပိတ်မှောက် ခဲ့လေ၏။

ထိုသပိတ်သည် ရေနံမြေအရေး တော်ပုံ ၁၃၀၀ ပြည့်နှစ်မှ စတင်လှုပ်ရှား ခဲ့ကြလေ၏။ ၁၃၀၀ ပြည့်ရေနံမြေ အရေးတော် ပုံ သည် အထက်ကကြွေးကြော်သံများနှင့် အတူ “တူတံစဉ်” အလံတော်ကြီးများကို လွှင့်ထူကာ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြ လေ၏။

ထိုသပိတ်တွင် ရေနံမြေချောက်မြို့ နယ်လုံးဆိုင်ရာတို့ဗမာအလုပ်သမားအစည်း အရုံးခေါင်းဆောင် များနှင့် တို့ဗမာ အစည်း အရုံးဌာနချုပ်တို့၏ ခေါင်းဆောင်များပါ ပါဝင်ခဲ့လေ၏။

အလုပ်သမားအရေးတော်ပုံ

နယ်ချဲ့ဆန့်ကျင်သော အလုပ်သမား လှုပ်ရှားမှုများမှာ ၁၉၂၀ ပြည့်နှစ်မှ ၁၉၃၀ ပြည့်နှစ်အတွင်း ဆက် တိုက်ဖြစ် ပွားခဲ့လေ ၏။

၁။ သန်လျင်ဘီအိုစီရေနံချက်စက်ရုံအလုပ် သမားသပိတ် (၁၉၂၃ ခုနှစ်)
၂။ ရန်ကုန်ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားသပိတ် (၁၉၂၄ ခုနှစ်)
၃။ ဧရာဝတီမီးသင်္ဘောကုမ္ပဏီအလုပ် သမားသပိတ် (၁၉၂၅ ခုနှစ်)
စသည့် သပိတ်တိုက်ပွဲများနယ်ချဲ့ အရင်း ရှင်ဆန့်ကျင်ရေးသမိုင်းတွင် လွန်စွာမှ ထင်ရှားခဲ့သည့် အလုပ်သမားအရေးတော် ပုံဆန္ဒပြသပိတ်တိုက်ပွဲများဖြစ်ပေါ်ခဲ့ရ လေ၏။

ရေနံမြေအရေးတော်ပုံအစ

၁၃၀၀ ပြည့် ရေနံမြေအရေးတော် ပုံစတင်ဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ မော်တော် ကားစက်ပြင် ဆရာ အလုပ်သမား ခေါင်းဆောင်သခင် ခင်ကိုရေနံကုမ္ပဏီမှ ထုတ်ပစ်ခဲ့သဖြင့် အလုပ်သမားလူထုက မကျေ နပ်၍ စတင် ဆန္ဒပြသပိတ်မှောက် ကြရလေ၏။

အလုပ်သမားခေါင်းဆောင်သခင် ခင်ကို အလုပ်ထုတ်ရခြင်းမှာ တို့ဗမာ အစည်းအရုံးမှ နာယကကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်လေးမောင် နှင့် ရန်ကုန်အလုပ်သမားအမတ်ဦးဘလှိုင် (လွယ်အိတ်) တို့ အလုပ် သမားပြဿနာ များ ဖြေရှင်းရန်အတွက် ရေနံချောင်းသို့ ရောက်ခဲ့ကြလေ၏။
ထိုပုဂ်္ဂိုလ်ကြီးများကို ကြိုဆိုရန် အတွက် ချောက်အလုပ်သမားအစည်း အရုံးမှ သခင်ခင် ကတာဝန် ယူခဲ့လေ၏။

၁၉၃၈ ခုနှစ် ဇန်န၀ါရီလ (၆) ရက် (၇) ရက်အတွက် ခွင့် (၂) ရက်တင်ရာ တွင် ခွင့် (၁) ရက်သာ ကုမ္ပဏီ ကပေး သည့်အတွက် ခွင့် (၁) ရက် ပျက်ခြင်း ကြောင့် အလုပ်ဖြုတ်ပစ်လိုက်လေ၏။

ထိုသို့ အလုပ်ပြုတ် ရာမှ အစပြုကာ ၁၃၀၀ ပြည့်ရေနံမြေအလုပ်သမားသပိတ် မှောက်ဆန္ဒပြသည့် အရေးတော်ပုံကြီး စတင် ဖြစ်ခဲ့ရလေတော့၏။



ဒေါ်အုန်းကြည်သာ
ကျမ်းကိုး
၁၉၆၄ ခုနှစ် မေလ (၁) ရက်နေ့ထုတ် ရှေ့သို့စာစောင်နှင့် ၁၉၇၂ ခုနှစ် ဖေဖော် ၀ါရီလထုတ် စာပေဗိမာန် မဂ္ဂဇင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်