Friday, February 01, 2013

ခင်ပွန်း လူမှုရေး ဖောက်ပြန် နေမှုတွေ့ရ၍ ဇနီးသည်က လူသတ်မိ

Posted by drmyochit Friday, February 01, 2013, under | No comments


နေပြည်တော်၊ ဖေဖော်ဝါရီ ၁
          ၃၀-၁-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် မကွေးတိုင်း ဒေသကြီး၊ ဆောမြို့နယ်၊ ကြခတ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ တစ်ရွာတည်းနေ ဦးသန်းနိုင် (၄၈)နှစ် ရောက်ရှိလာပြီး ၎င်း၏ နေအိမ်တွင် ၎င်းရွာမှ မလှမြင့်အား မစန်းအေးမှ ဓါးဖြင့် ထိုးသဖြင့် သေဆုံးနေကြောင်း ပြောပြခဲ့သဖြင့် သွားရောက် ကြည့်ရှုခဲ့ ရာ ဦးသန်းနိုင်၏ နေအိမ် အိပ်ခန်းအတွင်း၌ မလှမြင့်(၄၂)နှစ်အား ရင်ညွန့်တည့်တည့်တွင် ထိုးထွင်းဒဏ်ရာ ၁  ချက်၊ ယာဘက်ရင့်ညွန့်ဘေးတွင် ထိုးထွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေ သည် ကို တွေ့ရှိခဲ့ရသည်။

          ထို့ပြင် ဓါးနှင့်ထိုးသူ မစန်းအေး(၄၁)နှစ်အား ခေါ်ယူမေးမြန်းရာ ခင်ပွန်းဖြစ်သူနှင့် မလှမြင့်တို့သည် အခင်းဖြစ်နေရာတွင် လူမှုရေး ဖောက်ပြန်နေသည်ကို တွေ့ရ၍ အသင့်ယူဆောင်လာသော ဓါးဖြင့် ထိုးသတ် ခဲ့ကြောင်း သိရှိရ၍ မစန်းအေးအား အရေးယူပေးရန် တိုင်တန်းသောကြောင့် မစန်းအေးအား ဆောရဲစခန်း (ပ)၃/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်