Friday, February 01, 2013

မိုင်းထိခံ ရခိုင်အမျိုးသားတစ်ဦးအား သူနာပြုဆရာမများ လစ်လှူရှုထား

Posted by drmyochit Friday, February 01, 2013, under | No comments


ဇန္န၀ါရီလ(၁၃)ရက်နေ့က အစိုးရနှင့်ကေအိုင်အေတိုက်ပွဲကြောင့် မိုင်းထိ သွားသော အပြစ် မဲ့ပြည်သူ ရခိုင်အမျိုးသား ကိုဇော်ဌေးကို ရန်ကုန်ဆေးရုံသို့ ပို့ထားကာ သူနာပြု ဆရာမများက ဂရု တစိုက်ပြု စုစောင့်ရှောင့်မှု မရှိဘဲ လူနာအား အစစအရာရာ လစ်လှူရှုထားကြောင်း သတင်းရရှိသည်။

မိုင်းထိခံ ကိုဇော်ဌေးမှာ ဒဏ်ရာ များပြင်းထန် လှသည့်ကြားမှ သူနာပြုများ၏ ဂရုစိုက်မှုကို မခံရခြင်း ပတ်သတ်၍ ကိုဇော်ဌေးအား စောင့်ရှောက်ပေးသူ ကိုခိုင်နေ မင်းက ပြောသည်။

" ကိုဇော်ဌေးမှာ မိုင်းထိသွားတဲ့ ဒဏ်ရာကအင်မတန်ပြင်းထန်ပါတယ်။ အဲဒါကို ဒီဆေးရုံးက သူနာပြုဆရာ မတွေက ဘာတစ်ခု ဂရုတစိုက်လုပ်ပေး တာမရှိဘူး။ လူနာကို ပြုစု ယုယမှု လည်းမရှိဘူး။ အဲဒါတွေထား လိုက်ပါတော့ လူနာကို နေရာ ထိုင်ခင်းတောင် မပေးပါဘူး။ ကိုဇော်ဌေးကို သူနာပြုဆရာ မတွေ ဆေးရုံရှိ လူသွား လမ်းဘေးမှာ ထားပါတယ်။ အသက် အန္တရာယ်တောင် စိုးရိမ်ရတဲ့ လူနာတစ်ယောက်ကို သူနာပြု ဆရာမတွေက ဥပက္ခာပြုထားတယ်၊ လူသွားလမ်းမှာထားတာဟာ မကောင်းပါဘူး။ သူနာပြုဆရာမတွေရဲ့ သိက္ခာနဲ့ လည်းမညီမျှ ပါဘူး။ နောက်တစ်ခုက သူနာပြုဆရာမတွေကပြောတယ် ဘယ်သူပဲလာလာ သူတို့ကို တိုင်ရမယ် လို့ပြောတယ်။ ကိုဇော်ဌေးကို ငွေလာလှူတာကိုလည်း သူ့တို့ကို တိုင်ရတယ်။
 
 လူနာကိုကျတော့ ဂရုမစိုက်ကြဘူး။ ငွေလာလှူတာကျတော့ တိုင်ရတယ်။ နာရေး ကူညီမှု အသင်း က ငွေလာ လှူလို့ အမှတ် တရအနေနဲ့ ဓါတ်ပုံရိုက်လို့ အဲဒီတာကို သူနာပြုတွေက သူတို့ မတိုင် ဆိုပြီး စကား များကြတယ်။ အဲဒီလိုမျိုးထိန်ချုပ်မှုတွေရှိပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

အဆိုပါ ကိုဇော်ဌေးကို ရန်ကုန်နာရေးကူညီမှုအသင်းက (၅)သိန်းကျပ်၊ ရခိုင်မောင်မယ်အသင်းမှလည်း ၈ သိန်း လှူဒါန်းပြီး အခြား တသီးပုဂ္ဂလစေတနာရှင်များက လှူဒါန်းခဲ့ကြသောကြောင့် ယခုဆေးကုသဖို့အတွက် သိန်း(၂၀)ကျော် ရရှိထားကြောင်းသိရသည်။

ယခု ကိုဇော်ဌေး၏ ဒဏ်ရာ အခြေ အနေများကို " လုံးဝမကောင်းသေး ပါဘူး။ မျက် စိနှစ်လုံးမှာ တစ်လုံးကို ခွဲထုတ် လုက်ပါပြီ။ နောက်တစ်လုံးက ခြစ်ထား ပါတယ်။ တစ်လုံး ကကန်းသွားပြီး ဆိုတော့ နောက်တစ် လုံးလည်း ကန်းဖို့ အခြေ အနေရှိပါတယ်။ ပြီးတော့ ခြေထောက်တစ်ဖက်လည်း အသားမရှိတော့ဘူး။ 
 
 အရိုးပဲကျန်တော့တယ်။ အဲဒါကို အသား တုနဲ့ပြန်ဖြည့် ထားပါတယ်။ လူနာက အသက်ကိုပါ စိုးရိမ်ရတဲ့ အန္တရာယ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူနာပြုတွေ ကလည်း ဂရုမ စိုက်ကြဘူး။ သက်ဆိုက်ရာ အစိုးရရဲ့ တာဝန်ရှိသူတွေ ကလည်း မလာကြ ပါဘူး။ ဒဏ်ရာပြင်း ထန်တဲ့ အတွက် ကုသဖို့ငွေက လည်း လုံလုံလောက် မရှိဘူးဆိုတော့ စိုးရိမ် ရပါတယ်။ " ဟု ကိုဇော်ဌေးအား ကူညီပေးနေသူ ကိုခိုင်နေမင်းက ဆက်လက်ပြောကြား ခဲ့သည်။

ယခုမိုင်းထိခံရသည် ကိုဇော်ဌေးသည် ရခိုင်ပြည် ကျောက်တော်မြို့နယ် လမ္မတော်မှဖြစ်ပြီး မိမိနေရပ်မှ ကချင်ပြည် နယ် ဖားကန့်မြို့သို့ စီးပွားရှာအလုပ်သွားလုပ်ရာတွင် ဇန္န၀ါရီလ(၁၃)ရက် ညနေ(၇)နာ ရီယန်းကျင် မိုးညှင်းမြို့အနီးတွင် ဖြစ်ပွားကြသည့် အစိုးရနှင့်ကေအိုင်အေတို့တိုက်ပွဲကြောင့် မိုင်းထိပြီး ယခု ရန်ကုန်မြို့ဆေးရုံကြီး၌ ဒဏ်ရာပြင်းထန်စွာဖြင့် ကုသခံနေရခြင်းဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်