Friday, February 01, 2013

ဖေဖော်ဝါရီ ၁ ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုလိုင်းများမှ မိန့်ခွန်းပြောကြား မည်

Posted by drmyochit Friday, February 01, 2013, under | No comments



ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြော ကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော် သမ္မတ၏ပြောရေးဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ်၏ ကိုယ်ပိုင် facebook စာမျက်နှာ တွင်ဖော်ပြ ထားသည်ကိုတွေ့ရသည်။


ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေး ဆိုခွင့်ရ ပုဂိုလ် ဦးရဲထွဋ် ၏ facebook စာမျက်နှာတွင် " ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ နိုင်ငံတော် သမ္မတက မိဘပြည်သူများကို ပြောကြား တဲ့ရေဒီယိုမိန့်ခွန်းအား မြန်မာ့ အသံနဲ့ အက်ဖ်အမ်အသံလွှင့်ဌာန များက ထုတ်လွှင့်ပေးပါ့မယ်။ ထုတ်လွှင့်ချိန် များက မနက် ၀၇၀၀ နာရီ၊ ၁၁၀၀ နာရီသတင်းအပြီး၊ ညနေ ၆ နာရီသတင်း အပြီးနဲ့ ၈ နာရီသတင်း အပြီးချိန်များဖြစ်ပါတယ်။" ဟုရေးသား ဖော်ပြထားသည်။

Yangon Media Group



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်