Friday, February 01, 2013

Star Light ကုမ္ပဏီပိုင်မြေများကို အုပ်စုလိုက် မြေနေယာ ၀င်ရောက် ဦးယူ မှုများ ဖြစ်ပွားနေ

Posted by drmyochit Friday, February 01, 2013, under | No comments



လှိုင်သာယာမြို့နယ် အောင်ဇေယျ တံထား အဆင်း ပီမိုးနင်း လမ်းမကြီး နံဘေး ရှိ Star Light ကုမ္ပဏီ ပိုင်မြေ တွင် ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက စတင်ကာ လူအုပ်စု လိုက်မြေနေယာ ၀င်ရောက်ဦး ယူမြေ ကွက်ရိုက် မှုများဖြစ် ပွားလျက်ရှိရာ ယနေ့ ညနေပိုင်း အထိ သက်ဆိုင်ရာ ကုမ္ပဏီဝန်ထမ်း များနှင့် မြေလာရောက် ဦးယူ သူများကြား ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ယင်းနေရာသို့ သွားရောက် သတင်းယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

မြေဦးသူများက ကိုယ့်သဘောနှင့်ကိုယ် တဲတစ်ကွက်စာ ၀ါးတိုင်များစိုက်ထူကာ ကြိုးများ သွယ်တန်းနေရာ ယူ ထားခြင်းဖြစ်ပြီး ကုမ္ပဏီ ၀န်ထမ်း များက ၀ါးတိုင်း များကိုပြန်စွဲနှုတ်သဖြင့် အပြန် အလှန် အညင်း ပွား နေခြင်းဖြစ် သည်။

"ခုလေးပဲ ဓားတွေနဲ့ထခုတ်ကြတယ်။ လူတွေလည်းရုတ်ရုတ်ဖြစ်နေယ်။ ရဲတွေတော့ထပ်ရောက်လာပြီ။ ရဲတွေ စည်ပင်တွေ ကတော့ ရပ်ကြည့်နေ တာပဲ" ဟု 7 Day သတင်းထောက် ကပြောသည်။

မြေနေရာ လာဦးနေသူ များအားမေးမြန်း ရာတွင် "မနေ့ညတုန်းက လိုင်းခန်းတွေ ဘက်မှာ သတင်းကြားလို့ တစ်နေ ရာလောက် ရမလားလာယူကြတာ။ ဒီနေရာမှာဘယ်သူလာစဦးလဲဆိုတာမသိဘူး။ အကွက် ကလည်း ကိုယ်တွေ အဆင်ပြေသလိုပဲရိုက်လိုက်ကြတာလေ။ ခဏလောက်ဖြစ်ဖြစ်ဒီမှာတဲ ထိုးနေရရင် အိမ်လခ များ သက်သာမ လားလို့" ဟု ဆိုသည်။

ဓာတ်ပုံ- ငြိမ်းငြိမ်းနိုင်

7 Days News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်