“မသွဲ့သွဲ့ဝင်း သတင်းမှား ရေးသားသူ မုံရွာမောင်သုံ နှင့် The First Music News- ဂျာနယ်အား မသွဲ့သွဲ့ ဝင်းက ရှင်းလင်း ခွင့်ပြန်တောင်း”
The First Music New- ဂျာနယ် အမှတ်(၃၂၆) ၁၉-၃-၂၀၁၃- ရက်စွဲပါ “မြောက်ပိုင်း ပါချောင်ဒေသမှာ ကျောင်း သားအများအပြားကို သတ်ဖြတ်ခဲ့တဲ့ အမှုမှာ တာဝန် မကင်းသူ ABSDF-က နိုင်အောင်၊ ဇနီး ခင်ဥမ္မာ နဲ့ မိုးသီးဇွန် တို့က ကမကထပြုပြီး လက်ပံတောင်းတောင် ကြေးနီ စံမံကိန်း သပိတ်က- မသွဲ့သွဲ့ ဝင်းကို ထိုင်းနိုင်ငံ သို့ ဖိတ်ခေါ်ကာ (၁၂)ကြိမ်မြောက် အမျိုးသမီး နှီးနှောဖ လှယ် ပွဲ တက်ရောက်ေ စခဲ့ကြောင်း သိရ”
ခေါင်းစဉ်နှင့် ရေးသားထားသော သတင်း အချက် အလက် များမှာ မသွဲ့သွဲ့ဝင်းနှင့် လုံးဝမသက်ဆိုင်သော သတင်း မှားများ ဖြစ်နေကြောင်း၊ မသွဲ့သွဲ့ဝင်းမှာ အပြီးသတ် အစီရင်ခံစာ ထွက်ပြီးသည်မှ ယနေ့ အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဂုံတော၊ ကံကုန်း၊ ကျော် ရွာ၊ ဝက်မှေး၊ ကန်တောရွာသစ်၊ တုံသပိတ်စခန်း၊ ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင်သုံးရွာနှင့် ဝမ်ေ ပါင် ကုမ္ပဏီတို့သို့ (၂)ရက်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း၊ မသွဲ့သွဲ့ဝင်းတို့ နေထိုင်ရာ ဝက်မှေးရွာေ ဟာင်း သို့ မလာရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရှိသလို ဒေါ်အောင်ဆန်း စုကြည်ကို ဆန္ဒပြရာတွင်လည်း ဝက်မှေးရွာဟောင်း မပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် အတူ လိုက်ပါလာသော NLD-ဦးစိုးဝင်းက “ညည်းတို့ ညီအစ်မနှစ်ယောက် ဦးဆောင်ပြီး ဒေါ်စုကို ဆန္ဒပြ တာလား-ဟု ဖုန်းဆက်၍ မေးကြောင်း၊ ကျွန်မတို့ ရွာက ဆန္ဒပြရာတွင်လည်း မပါကြောင်း၊ ကျွန်မတို့ ကိုယ် တိုင် လည်း ဆန္ဒပြရာတွင် မပါဝင်ကြောင်း၊ ပြန်ပြောမှ NLD-ဦးစိုးဝင်းက ပြန်လည်တောင်းပန်ခဲ့ကြောင်း” အထင်အမြင် လွဲမှားမှုသာ ဖြစ်ကြောင်း၊ ဒေါ်စုကိုလေးစားကြောင်း၊ ဒေါ်စုကသာ ဒီလိုအဖြေ မထုတ်ခဲ့ရင် ရွာသူရွာသားတို့ ဆင်းရဲတာရှည်နိုင်ကြောင်း၊ ဒေါ်စုကို ကျေးဇူးအထူးတင်ကြောင်း ဦးဝီရသူ လာရောက်လျှောက်ထား ပါသည်။ ထို့အပြင် ဒေါက်တာနိုင်အောင်ကို မမြင်ဖူးသလို အဆက်အသွယ်လည်း မရှိကြောင်း ထပ်မံ လျှောက်ထားလာပါသည်။
အများပြည်သူ တို့ အထင် အမြင် လွဲမှားအောင် သတင်းမှား များပေး ပို့သော မုံရွာ မောင်သုံနှင့် အဆိုပါ ဂျာ နယ်လ် -တို့အား တရားဝင် ပြန်လည်တောင်းပန် ခိုင်းဖို့ ဆန္ဒရှိကြောင်းလည်း ဆက်လက်လျှောက်ထား ပါ သည်။
“The First Music News- ဂျာနယ်၏ တုန့်ပြန်ချက်”
×××××××××××××××××××××××××××
ယနေ့ (၁၈-၃-၂၀၁၃- pm ၁၂း၁၅-နာရီခန့်က) ၎င်းဂျာနယ်တိုက် ဖုန်း-၀၁-၃၇၈၀၉၀-သို့ ဆက် သွယ်ပြော ကြား ရာ အယ်ဒီတာ ချုပ်မရှိသေး၍ နောက်တစ် နာရီအကြာမှာ ပြန်ဆက်ပါ ဟု ဆိုပါသည်။
(၁း၅၀)ခန့်မှာ ပြန်ဆက်ရာ ဆရာတော် ဦးဝီရသူကို လေးစားကြောင်း၊ မသွဲ့သွဲ့ဝင်း ကိုတော့ လုံးဝ မတောင်း ပန်နိုင်ကြောင်း၊ မသွဲ့သွဲ့ဝင်း တို့ရွာသား (မုံရွာသား)များ ကိုယ်တိုင် ပေးပို့တာ ဖြစ်ကြောင်း၊ အထော က်အ ထားနှစ် ခု အခိုင် အမာ ရှိကြောင်း၊ ပြန်လည်ပြော ကြား ပါသည်။ မသွဲ့သွဲ့ဝင်း အနားမှာ ရှိတယ် ပြောဦးမ လား မေးသော်လည်း ဖုန်းချသွားပါသည်။
မသွဲ့သွဲ့ဝင်းက လုံးဝမကြေနပ်ပါ။ သူလုံးဝမပြောဖူးပါဟု ဆိုပါသည်။
-----------------------------------------------------------
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
0 comments:
Post a Comment