Tuesday, March 19, 2013

ပတ်စ်ပို့ (passport) တွေ လုပ်ရာမှာ ၁၄ ရွက်ဖြည့်ရာကနေ ၅ ရွက်ပဲဖြည့်ရတော့မယ်

Posted by drmyochit Tuesday, March 19, 2013, under | No comments


ပြည်ထဲရေး ဝန်ကြီး ဌာန မြန်မာ နိုင်ငံကူး လက် မှတ် ထုတ်ပေးရေး ရုံးကနေ ပတ်စ်ပို့ (passport) တွေ ထုတ်ပေး နေတာ နှစ်ပေါင်း များစွာ ကြာခဲ့ ပါပြီ။

ပတ်စ်ပို့  ရလို သူများက စာရွက် စာတမ်းတွေ တပုံ တပင် ရေးဖြည့်ပြီး လျှောက်ထား ခဲ့ကြရ တာပါ။
အခုတော့ တပုံတပင် ဖြည့်စရာ သိပ်မလိုတော့ ပါဘူး တဲ့။

လျှောက်လွှာ ၁၄ ရွက် ဖြည့် ရတဲ့ ဘ၀ကနေ ၅ ရွက်ပဲ ဖြည့် ရတော့ မယ်လို့ ဒီကနေ့ ကြေးမုံ သတင်းစာ စာမျက်နှာ ၉ မှာ ရေးထားပါတယ်။

တကယ် လိုအပ်တာကလည်း အဲဒီ ၅ ရွက်လောက်ပါပဲ။ ကျန်တာတွေက အပိုအလုပ်တွေပါ။
စာရွက်တွေ သိပ်များရင် ရုံးမှာလည်း စာရွက်ထားစရာနေရာ အခက်အခဲ ဖြစ်ပါလိမ့်မယ်။

မလိုလားအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေ လျှော့ချရမယ်ဆိုတာကို ပြည်ထဲရေးဌာန သဘောပေါက် သွားတာ ၀မ်းသာ စရာပါပဲ။

စာရွက် စာတမ်း ဖောင်းပွခြင်းဟာ လျှောက်ထားသူအတွက်လည်း ပင်ပန်းပါတယ်။ ဌာနဆိုင် ရာများ အတွက်လည်း သိမ်းဆည်း၊ သိုလှောင်၊ စီမံ ခန့်ခွဲရတဲ့ ဝန်ထုပ်ဝန်ပိုးလည်း အင်မတန် ကြီးပါတယ်။

ဒီမိုကရေ စီခေတ်၊ ကွန်ပျူတာခေတ်မှာ ဒီလို မလုပ်နိုင်စရာ အကြောင်း မရှိပါ။

ဒီသတင်းအရ ဆိုရင် - စာရွက်စာတမ်း ကိစ္စကို ၆၅ ရာခိုင်နှုန်းလောက် လျှော့ ချနိုင်ပြီ၊ ပတ်စ်ပို့ကိုလည်း ဆယ်ရက် အတွင်း ထုတ်ပေးနိုင်ဖို့ စီစဉ်နေပြီ လို့ သိရပါတယ်။
တိုးတက်လာသည့် မြန်မာ့ Passport ပြုလုပ်ခြင်းကိစ္စ

- See more at: http://blog.irrawaddy.org/2013/03/blog-post_8896.html#sthash.nQAwhD8Z.dpuf

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်