Tuesday, March 19, 2013

စစ်တွေ ၀န်ကြီးများ အိမ်ရာအနီးမှာ ဘင်္ဂလီများသတ်ပုတ် ရိုက်နှက်မှုတစ်ရပ် ဖြစ်ပွါးခဲ့

Posted by drmyochit Tuesday, March 19, 2013, under | No comments


စစ်တွေမြို့၊ ၀န်ကြီးများ အိမ်ရာအနီးရှိ ဘာဆာရာ ဘင်္ဂလီရွာမှ ဖြတ်သန်းမောင်းနှင်သော သဲတင် ကား (တေပါ) တစ်စီးအား မောင်းနှင်လာသူ အောင်နိုင်ကြီး (အသက်- ၃၀ ခန့်)အား ဘင်္ဂလီ ၅၀ ခန့်မှ အကြမ်း ဖက် ရိုက်နှက် မှုကြောင့် ဒရိုက်ဘာဖြစ်သူ ဦး နိုင်ကြီး မှာ ထွက်ပြေး ခဲ့သော်လည်း နောက်မှ လိုက် လံ ရိုက်နှက် ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့ကြောင်း သိရသည်။

အလားတူ ကားအား အုတ်ခဲများဖြင့် ထုခြင်း၊ တုတ်များဖြင့် ရိုက်ခြင်းများကြောင့် လုံးဝ ပျက်စီး သွားခဲ့ ရကြောင်း သိရသည်။ ထိုကားအား ရဲများက သွားရောက် သယ်ဆောင်ခဲ့ရကြောင်း သိရသည်။ သို့သော် လည်း ထိုသတင်း အား ထုတ်ပြန်ခြင်း မရှိဘဲ ပြဿနာ ဖြစ်ခြင်းမဟုတ်ဟု ဖုန်းကွယ် ထားခြင်းများ ရှိနေ ဆဲဖြစ်ကြောင်း လည်း သိရသည်။

တေပါကားမှာ အ၀ါရောင်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အောင်နိုင်ကြီးမှာ ကျောင်းတက်လမ်း ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယခုအခါတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က အဆိုပါ သဲတင်ကားသည် ကမ်းခြေမှ တစ်စီးတည်း ထွက်လာခြင်း ဖြစ်သဖြင့် ဘင်္ဂလီများက ၀ိုင်းပြီး အကြမ်းဖတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ဒေသခံများက မကျေမနပ် ဖြစ်လျက်ရှိပြီး ထိုသို့ အကြမ်းဖက်သူများကို တစ်စုံတစ်ရာ  အရေးယူခြင်း မရှိပါက ပြဿနာ ကြီးစွာ တက်လာနိုင်ကြော်းလည်း ဒေသခံများက ဆိုသည်။

ထိုသို့ ဘင်္ဂလီများ၏ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်းများကြောင့် ၀န်ကြီးများ အနေဖြင့် နေအိမ်တွင် နေထိုင်ရသည်မှာ စိုးရိမ်ရဖွယ်ရှိပြီး စစ်ဆွေမြို့သူမြို့သားများ အနေဖြင့်လည်း ထိုရွာအား အရေးယူရန် တောင်းဆို သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုနေကြပါသည်။
RSV
Thit Htoo Lwin Blog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်