Tuesday, March 19, 2013

ဟမ်းဖုန်း နှစ်လုံး ပျောက်ပြီး ခွေးကိုက် ခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်

Posted by drmyochit Tuesday, March 19, 2013, under | 1 comment


“ကံဆိုးမ သွားရာကို မိုးလိုက်ရွာတယ်” ဆိုတဲ့ မြန်မာ့ ဆိုရိုး စကား ရှိပါတယ်။ အခု လတ်တလော အဲဒီဆိုရိုးနဲ့ ညီမျှခြင်း ကျနေ သူကတော့ မင်းသမီး သင်ဇာဝင့်ကျော် ပါပဲ။ သင်ဇာ ၀င့်ကျော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခွေးကိုက် ခံရတဲ့ အတွက် ကာကွယ်ဆေး ထိုးလို့ နေရပြီ ဖြစ်ပါတယ်။ ဒီကြားထဲ ဟမ်း ဖုန်း နှစ်လုံး ပျောက်သွား တယ်ဆိုတော့  “နူရာ ၀ဲစွဲ လဲရာ သူခိုးထောင်”လို့ ပြောရလေတော့မလား မသိတော့ ပါဘူး။ 
သင်ဇာဝင့်ကျော်ဟာ ရုပ်ရှင် ကားကြီးတွေမှာ သရုပ်ဆောင်ခွင့် ရရှိနေပြီ ဖြစ်ပေမယ့် ပရိသတ်နဲ့ ထပ်တူ မကျ တာတွေ ရှိနေတာကြောင့် စိတ်တိုင်းလည်း မကျ ဖြစ်လို့ နေပါတယ်။ မှော်ဝင် ကျားသစ် ဇာတ်ကား တုန်းက ကျားသစ်တစ်ကောင်လို ထူးထူးဆန်းဆန်း သရုပ်ဆောင်ခဲ့တာကတော့ သင်ဇာဝင့်ကျော်ရဲ့ အနု ပညာ ဘ၀ ဖြတ်သန်းမှုတွင်းထူးခြားတဲ့ ကာရိုက်တာ တစ်ခုလို့ ဆိုကြရမှာပါ။ လက်တလောမှာတော့ ကားကြီး ရိုက်ထားတာ မရှိသေးဘူးလို့ သင်ဇာဝင့်ကျော်က ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

Myanmar Daily News

1 comments:

ဖုံးနစ်လုံးပျောက်တာများ
တစ်ခုပြန်ဝယ်လိုက် (ဘ၇ာစီ၇ာ)
အဲဒါဆို နစ်လုံးဖုံး ပြန်၇ပြီ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်