ရခိုင်ပြည်နယ်
အတွင်းရှိ မြို့နယ် နှစ်ခုမှ တစ်ပတ် အတွင်း
ပိုင်ရှင်မဲ့ လက်လုပ် တူမီး လုပ်သေနတ်များ အစု လိုက် အပြုံ လိုက် သိမ်းဆည်း
ရမိခဲ့ကြောင်း သိရသည်။
မတ်လ
၁၄ ရက်နေ့တွင် ကျောက်တော် မြို့နယ်၊ မာလာကျေးရွာနှင့် မျောက်တောင် ကျေးရွာကြား ပြိုင်လောင်း
တောင်တန်း အနီး တောစပ်ခြုံ တောမှ တူမီးလုပ် သေနတ် ၂၈ လက် အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ပြီး
အလားတူ မတ်လ ၁၂ ရက်နေ့တွင်လည် ဘူးသီးတောင်မြို့နယ်၊ လက်ဝဲ ဒက်ပြင် ရှည်ကျေး ရွာ အုပ်စု၊
ညောင်ခြုံ ကျေးရွာ အနီး တောင်ကျော် လမ်းဘေးခြုံစပ် အတွင်း တူမီး လုပ်သေနတ် ၁၈ လက် ကို
ဘူးသီး တောင် ရဲစခန်း လှည်းကင်းမှ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရသည်။
ယင်း
အပြင် မတ်လ ၁၂ ရက်နေ့ ည ၇ နာရီတွင် ကျောက်တော် ရဲစခန်းမှ လှည့်ကင်း ဆောင်ရွက်စဉ် ကျောက်
တော်မြို့နယ်၊ ငါးဆောင် ဘက်ကျေး ရွာ အနောက်ဘက် အာလာတောင်ခြေရင်း တောတန်း ခြုံထဲမှ တူမီး လုပ်
သေနတ်၂၉ လက်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။
လက်နက်
များကို ကျောက်တော် မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် အတွင်းမှ ဖမ်းဆီး ရမိခြင်း
ဖြစ်ပြီး သုံးရက် အတွင်း ပိုင်ရှင်မဲ့ တူမီး သေနတ် ၇၅ လက်အား ရဲတပ်ဖွဲ့ များမှ ကင်းလှည့်စဉ်
တွေ့ရှိ ရခြင်း ဖြစ် သည်။ ရခိုင် ပြည်နယ် တွင် ၂ဝ၁၂ ခုနှစ်အတွင်း နှစ်ကြိမ် တိုင် ဖြစ်ပွားခဲ့
သည့် ပဋိပက္ခ များကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရန် အတွက် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ
(၃)ရက်နေ့ မှ စတင်ပြီး တရား မဝင် ကိုင်ဆောင်သော လက်နက် နှင့် ဆက်စပ် ပစ္စည်းများကို
နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေး အဖွဲ့ များထံသို့ သတ်မှတ် ရက် အတွင်း အမြန် ဆုံး အပ်နှံ
စေခဲ့ရာ ရခိုင်ပြည် နယ် အတွင်းမှ တူမီး (၇၂၆)လက်၊ ဓါး (၁၃၀) လက်၊ လှံ (၅၀၆) လက်၊ လေး
(၁၁၂)လက်၊ မြှား (၆၁၁) ချောင်း၊ ဂျင်ကလိ (၁၄၀၈) ချောင်းနှင့် လေးခွ (၃၉၈) လက်နှင့်
ဆက်စပ် ပစ္စည်း တို့အား လာရောက် အပ်နှံခဲ့ကြောင်း ပြည်နယ် ရဲတပ် ဖွဲ့မှူးရုံး မှသတင်း
ထုတ်ပြန် ထား ချက်အရ သိရသည်။
မာန်ယုကျော်(ရွှေဝမြေ)
Yangon Media Group
Time in Rangoon

0 comments:
Post a Comment