Saturday, March 23, 2013

မိထ္ထီလာကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းမည်ဟု မိုးသီးဇွန်၊ မင်းကိုနိုင်နှင့် The Ladies ဂျာနယ် အယ်ဒီတာ မေဇင်အေးတို့ တစ်ပြိုက်နက် လုပ်ကြံသတင်းလွှင့်ကာ ဆူပူမှုများ ဖြစ်ရန် ဖန်တီး

Posted by drmyochit Saturday, March 23, 2013, under | No comments

မိထ္ထီလာ မြို့တွင် ဖြစ်ပွား နေသော ပဋိ ပက္ခ များတွင် စစ်တပ်က ပါဝင် ပတ်သက်မှု မရှိဘဲ ဘာသာခြား တို့၏ စော်ကား မှုကြောင့် ပြည်သူနှင့် ဘုန်းကြီး များက တုန့်ပြန် ရာမှ အဓိ ကရုဏ်း သဖွယ် ဖြစ်ပွား လာခြင်း ဖြစ် သည်။ ထို ဖြစ်စဉ် အမှန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာမျက်နှာ၊ ပြည်တွင်းဂျာနယ်များ၏ စာမျက်နှာ များနှင့် Facebook သုံးသူ ပြည်သူ များမှ အမှန် အတိုင်း ဓာတ်ပုံ သတင်းများ ဖော်ပြနေ သော်လည်း မိုးသီးဇွန်၊ မင်းကိုနိုင်နှင့် The Ladies ဂျာနယ် အယ်ဒီတာ မေဇင်အေး တို့မှ စစ်တပ်မှ အာဏာ သိမ်းဖို့ လုပ်ဆောင် သည်ဟု ဆိုကာ ဆူပူ မှုများ ပိုမို ဖြစ်ပေါ် စေရန် ဆက်လက် ဖန်တီးလျှက် ရှိကြသည်။


၈၈ မျိုးဆက် မင်းကိုနိုင်မှ ယခုရက်ပိုင်း အတွင်း ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံပွဲတွင် ဗကသဥက္ကဌ ရာထူး အား ရာရှစ်သို့ ကြည်ကြည်ဖြူဖြူ ပေးခဲ့ကြောင်း၊ ခွပ်ဒေါင်းအလံကို ဘယ်ဘာသာ ကိုင်ကိုင် ရကြောင်း ပြောပြီး သည့် နောက်တွင် ၉၆၉ လှုပ်ရှားမှုကို Facebook စာမျက်နှာတွင် တင်သော သူတိုင်းအား စစ်တပ် မှ ခိုင်းစေထားသူ များ ဖြစ်ကြောင်း၊ ဆိုက်ဝါး ဌာနမှ ဖြစ်ကြောင်း သတင်းလွှင့်မှုများ ပိုမို များပြား လာခဲ့သည်။ တစ်ချိန်တည်းတွင် လည်း ၈၈ နောက်လိုက်များ၊ ဗကသ နောက်လိုက်များနှင့် မေဇင်အေး အဖွဲ့သား များမှ အကောင့် အမျိုး မျိုးဖြင့် နိုင်ငံခြား IP များ သုံးကာ ဘာသာရေး အရ ရန်တိုက်ခြင်း၊ ဆူပူမှု များ ဖြစ်အောင် လှုံ့ဆော်ခြင်းများကို ပြုလုပ် လျှက် ရှိသည်။ အချို့အကောင့်များအား စစ်သားအကောင့်များ ဖြစ်သ ယောင် လုပ်ကြံထားသည်ကိုလည်း တွေ့ ရသည်။

၈ လေးလုံး အရေး အခင်းတွင် ခေါင်းဖြတ် လူသတ် မှုများကြောင့် ပြင်းပြင်း ထန်ထန် နှိမ်နှင်း ရသည်ကို မကျေနပ် နိုင် သော မင်းကိုနိုင်နှင့် အပေါင်း အပါ များသည် မိထ္ထီလာ ပြဿ နာတွင် ဆယ် ဂဏန်းမျှ ရှိသော လုံခြုံရေး အင်အား ဖြင့် ထောင်ဂ ဏန်းရှိသော လူအုပ်ကို ထိန်းကာ ရဲနှင့် ပြည်သူများ ထိပ်တိုက် တွေ့စေ ချင်သော သဘော သက်ရောက်သည့် စကားများ၊ ဖြစ်စဉ်နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသော စစ်တပ်က အာဏာ သိမ်းဖို့ ဖြစ်နိုင် ကြောင်း စသည်တို့ကို ပြောဆိုခဲ့သည်။ ရခိုင်တွင် ဘင်္ဂလီများ အကြမ်း ဖက်စဉ်က ၁ လ ခန့်ကြာ မှ ကြေငြာချက် ထုတ်ပြီး ရခိုင်သို့ မသွားခဲ့သော ၈၈ များသည် မိထ္ထီ လာတွင် ဗလီ ဖျက်ခံ ရသည် ကြားသည့် အခါ ချက်ချင်း ကြေငြာချက် ထုတ်ကာ မိထ္ထီ လာသို့ ည တွင်းချင်း သွားရောက် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များ ငြိမ်သက် နေချိန်တွင် The Ladies အယ်ဒီတာ စာမျက်နှာမှ သခင်မျိုးဟေ့ ဒို့ဗမာ ကြွေးကြော် သံများ ဖြင့် ဆက်လက် ဖြစ်ပွားနေကြောင်း၊ မရပ်သေးကြောင်း လှုံ့ဆော်မှုများ ဆက်တိုက် ပြုလုပ်လျှက် ရှိသည်။ ၄င်း သည် တပ်မတော် အရာရှိကြီး တစ်ဦး၏ အမည်ကို အလွဲသုံးစားလုပ်၍ ရေးသား ကာ အကောင့် သစ်တစ်ခု ပြုလုပ်ပြီး စွပ်စွဲ ၀ါဒဖြန့်ခဲ့သော်လည်း တိုင်ကြားမှု၊ အရေးယူခံရမှု မရှိသေးပေ။

မိုးသီးဇွန်၊ မင်းကိုနိုင်၊ ခွန်ဒီးယမ်း တို့သည် ဘာသာရေးကို အကြောင်းပြ စစ်တပ် အာဏာ သိမ်းမည်ဟု ခြိမ်းခြောက် ကာ ပြည်တွင်း ဆူပူမှုများ ဖြစ်လာစေရန် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်လျှက် ရှိသည်။ ဆူပူမှု များ တစ်ပြိုက်နက် ပြုလုပ်ပြီး ၈၈ နှင့် ဘာသာခြားတို့ ပူးပေါင်းကာ တစ်နိုင်ငံလုံး အုံကြွမှု ဖြစ်စေရန် ကြံရွယ် ထား ကြောင်း၊ The Ladies အပါအ၀င် ဆူပူမှုကို ပိုမိုပျံ့ပွားစေနိုင်သည့် မီဒီယာများလည်း ၄င်းတို့နှင့်အတူ အကွက် ကျ လှုပ်ရှားလျှက် ရှိကြောင်း သိရသည်။

နောက် ဆုံး သတင်း များ အရ ကျောင်းသား၊ လယ် သမား၊ အလုပ်သမား များကို သွေး ဆောင်၍ ပြည် တွင်း ဆူပူမှု များ ဖန်တီး ရန် ဗကသ တို့မှ ဦးဆောင် လှုပ်ရှားမည် ဖြစ်ပြီး ဘာသာရေးကို အကြောင်းပြ ဆူပူမှု များ ဖြစ်စေရန် ၈၈ တို့က လုပ်ဆောင် မည် ဖြစ်ကြောင်း သိရသည်။ 

ဓာတ်ပုံ- ဘာသာရေး အသင်း နောက်ခံ များ၏ ထောက်ပံ့ ငွေများ ဖြင့် ကား အကောင်း စားကို စီးကာ မိထ္ထီ လာ သို့ ချက်ချင်း သွားရောက် ခဲ့သည့် ၈၈ အဖွဲ့၏ ကားတစ်စီး
-----------------------------------
၎င်းတို့ ဆူပူ အပုပ်ချ၍ လှုံ့ဆော်နေသော်လည်း မိတ္ထီလာမြို့  တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက် ၍စုံ စမ်းရေး အဖွဲ့ ဖွဲ့ စည်း တာဝန်ပေး အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဋ္ဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုး ၊ အဖွဲ့ ဝင်များ အဖြစ် ဒုတိယ ရဲမှူးကြီး ထွန်းနိုင် ( ဒုတိယ တိုင်းဒေသကြီး ရဲ တပ်ဖွဲ့ မှူး) ၊ ဒုတိယ ရဲမှူးကြီး အောင်မောင်မြင့် (မိတ္ထီလာ ခရိုင် ရဲတပ်ဖွဲ့ မှူး)၊ ဦးကျော်အေး (တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စား လှယ်)၊ နှင့် အတွင်း ရေးမှူး အဖြစ် ဦးတင်မောင်စိုး (မိတ္ထီလာ ခရိုင် အုပ်ချုပ် ရေးမှူး) တို့ ပါဝင် သည်ဟု သိရသည်။

From: http://goo.gl/ONCR9

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်