Saturday, March 23, 2013

မိတ္ထီ လာမြို့ အခြေ အနေ မှာ တည်ငြိမ် နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံ တပ်ရင်း များစသော တပ်ရင်း များမှ တပ် မတော် သား များက လုံခြုံရေး တာဝန် ယူ ဆောင်ရွက် လျက်ရှိ

Posted by drmyochit Saturday, March 23, 2013, under | No comments

 မတ်လ ၂၃ ရက်တွင် မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ် နေပြီး အမှတ် (၇၇) ခြေမြန် တပ်မ လက်အောက် ခံတပ် ရင်း များ၊ စကခ (၄) လက်အောက် ခံ တပ်ရင်း များစသော တပ်ရင်း များမှ တပ် မတော် သားများက လုံခြုံရေး တာဝန် ယူ ဆောင် ရွက် လျက် ရှိ သည်။

မိတ္ထီ လာမြို့တွင် ဖြစ်ပွား ခဲ့သော ပဋိ ပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီး ကျောင်း များတွင် စုစုပေါင်း ဒုက္ခ သည် ဦးရေ ၉,၀၀၀ ခန့် ရှိနေကြောင်း သတင်းရ ရှိသည်။

အဆိုပါ ဒုက္ခသည် များ အတွက် ရေနှင့် အစား အသောက်များ၊ အညစ် အကြေး စွန့်ရန် အိမ်သာများ လို အပ်နေကြောင်း အဆိုပါ ဒုက္ခ သည် များအား ကူညီ ဆောင်ရွက် ပေးနေ သူ များက ပြောသည်။

"ဒုက္ခသည် စခန်းမှာ မီး အ သုံးပြုခွင့် မပေးဘူး။ အဲဒါကြောင့် အစား အသောက် ခြောက်တွေ၊ ရယ်ဒီ မိတ်တွေပဲ စားသုံးနေ တယ်" ဟု ဒုက္ခသည် များကို ကူညီ ဆောင်ရွက် ပေးနေသော အင်န်အယ်လ် ဒီ ပါ တီမှ ကိုတေဇာ က ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ပုဂံညောင်ဦးအပါအ၀င် အခြားမြို့များမှ သံဃာတော်များ၊ လူမှုရေး အဖွဲ့ များနှင့် စေတ နာရှင်ပြည် သူများက ဒုက္ခသည် များအတွက် အစား အသောက် ပစ္စည်းများ လာရောက် ပို့ဆောင်ပေး နေကြောင်း သတင်းရ ရှိသည်။

မိတ္ထီ လာမြို့တွင်ဖြစ် ပွားသော အကြမ်း ဖက်မှု များကြောင့် သုံးရက် အတွင်း ၁၁ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရ ရှိခဲ့ သည်။ နေအိမ် ၁၅၂ လုံး၊ ဘာသာရေး အဆောက်အ အုံ ၁၃ လုံး၊ ကား နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင် ကယ် တစ်စီး၊ သုံးဘီး ဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ကြောင်း အစိုးရက မတ်လ ၂၂ ရက်ညတွင် သတင်း ထုတ်ပြန်သည်
 
From : ..7day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်