Girls Aloud အဖွဲ့သည် Ten: The Hits Tourကို ဗုဒ္ဓဟူးနေ့ညက နောက်ဆုံး ပူးပေါင်း ဖျော်ဖြေကာ အဆို ပါ ပွဲစဉ် အပြီးတွင် ကောင်းစေ လိုသည့် ဆန္ဒဖြင့် အဖွဲ့ကို ဖျက်သိမ်း လိုက်ကြောင်း Twitter ပေါ်တွင် အသီး သီး ရေးသား ခဲ့ကြသည်။
Girls Aloud အဖွဲ့ကို အပြီးတိုင် ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း အဖွဲ့ဝင် များက အတည်ပြု ပြောကြား လိုက် သည်။ Ten: The Hits Tour မတိုင်မီက နာမည်ကျော် ဗြိတိသျှ အဆိုတော် အဖွဲ့ ၏ နောက်ဆုံး အကြိမ် လူစုံ တက်စုံ ဖျော်ဖြေ လှုပ်ရှားမှုကို (၂၀၀၉) ခုနှစ်က ပြုလုပ်ခဲ့ ဖူးသည်။ နောက်ပိုင်းတွင် အဖွဲ့ဝင် များ ကွဲကွာ ကုန်သလို သီးခြား စီသာ လှုပ်ရှား လျှက် ရှိပြီး ချယ်ရီကိုးလ် သည် အနု ပညာ နယ်ပယ်တွင် တစ်ဦး တည်း အောင်မြင်မှု ရရှိ လာသည်။

"Alouder တို့ရေ။ အားပေးခဲ့ တဲ့အတွက် ရင်ထဲ အသည်း ထဲက ကျေးဇူး တင်ကြောင်း ပြော ပါရစေ။ ပရိသတ် တွေနဲ့ အတူ ဖြတ်သန်း ခဲ့ရတဲ့ ကာလ တွေဟာ အံ့ဩ စရာ အတွေ့ အကြုံ တွေနဲ့ ပြီးပြည့်စုံ စေခဲ့ ပါတယ်။ ပရိသတ်တွေနဲ့အတူ ဆယ်စုနှစ်ကြာအောင် ဖြတ်သန်းခဲ့တဲ့ ခရီးလမ်းကို ဘယ်တော့မှ မေ့မှာ မဟုတ် ဘူး"ဟုလည်း အဖွဲ့လိုက် ကြေညာခဲ့သည်။ The: The Hits Tourကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့ က စတင်ပြီးနောက် တစ်လအချိန်ယူကာ မတ်လ (၂၀)ရက်နေ့တွင် အပြီးသတ်ခဲ့သလို Girls Aloud အဖွဲ့ကိုပါ အပြီး တိုင် ဖျက်သိမ်း ခဲ့ခြင်းဟု သိရှိရသည်။
Source: DailyMail
Source: DailyMail
0 comments:
Post a Comment