Saturday, March 23, 2013

ဖိနပ်အရောင်ကြောင့် ကျောင်းတွင် ဝိုင်းပယ်ခံရ

Posted by drmyochit Saturday, March 23, 2013, under | No comments

 ဖိနပ် အရောင်ကြောင့် ကျောင်းမှ ဝိုင်းပယ်ခံ ရ သည့် ဖြစ်ရပ် တစ်ခု အမေရိကန်နိုင်ငံ တွင် ဖြစ်ပွား ခဲ့ သည်။
အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးသည် သူမ၏ ခြေထောက် အနေ အထား ပုံမှန် မဟုတ် 
သောကြောင့် သီးသန့် ဖိနပ်ကို ဝတ်ဆင်နေ ရသူဖြစ် သည်။ သူမအား ကျောင်းမှဆရာများက သတ်မှတ် ထားသည့် ဖိနပ်ကို မဝတ် ဆင်ပါက သီးခြား ခွဲထုတ် ထားခြင်း ခံရမည်ဟု သတိပေးခြင်း ခံခဲ့ရသည်။

ကီလေ စကော့ဆိုသည့် မိန်းကလေးတစ်ဦးသည် ခြေဖနောင့်တွင် အရွတ်ဖြစ်ပြီး နာကျင် သည့် ဝေဒနာ ခံစား နေ ရသောကြောင့် သီးသန့်ဖိနပ်ဝတ်ဆင်နေရသူဖြစ်သည်။

ကျောင်းမှ ထုတ်ပေး ထားသည့် ဖိနပ်သည် သူမနှင့် ဝတ်ဆင်ရန် အဆင် မပြေ သဖြင့် သီးသန့်ဖိနပ် အဖြူ၊ အနက် နှစ်ရောင်စပ် ဖိနပ်ကိုသာ ဝတ်ဆင်ပြီး ကျောင်းကို လာရသည်။

သို့သော် အမေရိကန်ပြည်ထောင်စု၊ တမ်းဝပ်ပြည်နယ်၊ ဝီနီကုတ် အထက်တန်းကျောင်းမှ အာဏာပိုင်များက သူမ တင်ပြသည့် ဆေးစာကို လစ်လျူရှုပြီး၊ ကျောင်းမှထုတ်ပေးသည့် ဖိနပ်ကိုသာဝတ်ဆင်ရန် အမိန့်ထုတ်ခဲ့ သည်။

ကျောင်းမှ ဆရာများသည် ကီလေအား သတ်မှတ် ထားသည့် ဖိနပ်ကို ဝတ်ဆင် မလာပါက သီးခြား ခွဲထုတ်ထား မည်ဟု ခြိမ်းခြောက် ခဲ့ကြသည်။

သူမ၏ မိခင်ဖြစ်သူ ကာရီ စကော့က ကီလေသည် ရှက်ရွံ့ တတ်သည့် မိန်း ကလေးဖြစ်ကြောင်း၊ သူမအနေဖြင့် မည်မျှ ကြိုးစား သည်ဖြစ်စေ ကျောင်းမှဤသို့ အရေးယူဆောင်ရွက်ချက်သည် ဝမ်းနည်းအား ငယ်စိတ်ဖြစ် 
စေ ကြောင်း၊ နေ့စဉ် မျက်ရည်နှင့်မျက်ခွက်ဖြစ်နေရကြောင်းပြောကြားခဲ့သည်။

မိခင်ဖြစ်သူက ဆေးစာကို ကျောင်းကလက်မခံခြင်းသည် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း၊ သူမအတွက် သီးသန့်ဖိနပ် စီးခွင့် ကို ပြူစေလိုကြောင်းပြောကြားခဲ့သည်။

ကျောင်း အုပ်ကြီး စတူးအက် တော့န်ကလည်း မိမိတို့အနေဖြင့် ကျောင်းသားအားလုံး တူညီယူနီဖောင်းဝတ်ဆင် ရန် အမိန့် ချပြီးဖြစ်နေသဖြင့် ပြင်ဆင်ပေးရန် မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။ သူတို့ကျောင်းတွင် ကျောင်းသား အားလုံး ဝတ်ဆင်သည့် ဖိနပ်မှာ အနက်ရောင်သီးသန့်ဖြစ်သဖြင့် ယခုလို အဖြူအနက်ရောထားသော ဖိနပ်ကို ဝတ်ဆင် ခွင့် မပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။

ref:>>>မောက္ခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်