Saturday, March 23, 2013

ဘာသာရေးကို လက်နက်တစ်ခုအဖြစ် နိုင်ငံရေးမှာ အသုံးချမှု သတိပြုဖို့လို

Posted by drmyochit Saturday, March 23, 2013, under | No comments


ထိလွယ် ရှလွယ်တဲ့ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ ဘာသာရေး ကို လက်နက် တစ်ခုလို နိုင်ငံရေး မှာ အသုံး ချခြင်းအား ဘာသာ ပေါင်းစုံ၊ ဂိုဏ်းပေါင်း စုံက အထူး သတိ ထားပြီး အစွန်း မရောက် စေဖို့ ဝိုင်းဝန်း ထိန်းကျောင်း ရမယ်လို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဘာသာ ပေါင်းစုံ ချစ်ကြည်ရေး အခမ်း အနား အတွက် သဝဏ်လွှာ ပေးပို့ ပါတယ်။ 

ဘာသာ ပေါင်းစုံ ချစ်ကြည်ရေး အခမ်း အနားကို ယခုလ ၁၉ ရက်နေ့က အိုရီယမ် တယ်ဟောက်စ်မှာ ကျင်းပ ခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မွတ်စလင်ဘာသာနဲ့ ဘဟာအီဘာသာတွေက ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် ပရိသတ် ၄၀၀ ကျော် တက်ရောက် ပါတယ်။ ယခုပွဲဖြစ်ဖို့ သုံးကြိမ် တိုင် ကြိုးစားခဲ့ပေမဲ့ ကျင်းပဖို့ ပွဲမိန့်မကျတာရော ပွဲမိန့်ရပြီးမှ ပြန်ပိတ်ခံရတာကြောင့် ယခုဘာသာ ပေါင်းစုံ ချစ်ကြည်ရေး အခမ်း အနားဟာ မန္တလေး မြို့မှာ ပထမဆုံး အကြိမ် ပြုလုပ် တဲ့ ပွဲဖြစ် ခဲ့တယ်လို့ ပွဲဖြစ်မြောက် ရေး ကော်မတီ ဝင်ဖြစ်သူ ဦးထွန်းလွင်ဦးထံက သိရပါတယ်။ 

မြန်မာနိုင်ငံ သမိုင်း တစ်လျှောက်မှာ အမျိုးသားရေးအတွက် အရေးကြီးတဲ့ အချိန်တိုင်း လူမျိုးစွဲ ဘာသာစွဲ ဒေသ စွဲတွေ မထားဘဲ ဘာသာပေါင်းစုံ ကိုးကွယ်မှု ပေါင်းစုံက အရပ်ဘက် အဖွဲ့ အစည်း တွေဟာ အကူ အညီ လိုတဲ့ ပြည်သူ တွေကို ဝိုင်းပြီး ကူညီ ခဲ့ကြတယ်။ 

ဒါကြောင့် အခုလို မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ အပြောင်း အလဲ ကာလ၊ ငြိမ်းချမ်းရေး တည်ဆောက် နေတဲ့ အချိန် ကာလမှာ ကိုးကွယ်ယုံကြည်မှုတွေ မတူညီကြပေမဲ့ အမျိုးသားရေး စိတ်ဓာတ်အပြည့်နဲ့ ပူးပေါင်းပြီး သမိုင်းသစ် ရေးထိုးနိုင်လိမ့်မယ် ဆိုတာကို ယုံကြည်ကြောင်း ဝန်ကြီး ဦးအောင်မင်းရဲ့ သဝဏ် လွှာမှာ ပါရှိပါတယ်။ 

လူမျိုးစု တစ်စုနဲ့ တစ်စု ပဋိ ပက္ခ တွေဖြစ်ရင် လူသား အရင်း အမြစ်တွေ ရော၊ စီးပွားရေး တွေရော၊ အချိန် တွေပါ ဆုံးရှုံးလေ့ ရှိတာကြောင့် ပဋိ ပက္ခတွေ မဖြစ်အောင် ယခုပွဲကို လုပ်ရတာ ဖြစ်တယ်လို့ ဦးထွန်းလွင် ဦးက ပြောပြ ခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြ ထားပါသည်။ 

Khit Lu Nge

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်