Saturday, March 23, 2013

နော်ဝေး မှ မြန်မာ တစ်ယောက်ရင်ဖွင့်သံ...

Posted by drmyochit Saturday, March 23, 2013, under | 2 comments

နှစ်ဆောင်ပြိုင် အိမ်ကြီး မီးဟုန်း ဟုန်းတောက်နေ တယ်။ ရရာ အထုတ်ဆွဲပြီး ဟိုဟိုဒီဒီ ဂယောက် ဂယက် ပြေးလွှာ...းနေတဲ့ မိတ္ထီလာ မင်္ဂလာဇေယျ ရပ်ကွက် က ပြည်သူတွေ။ ၆နှစ်အရွယ် သမီးလေး လက် ကို ဆွဲပြီးပြေးနေ တဲ့ အဖွားအိုရဲ့ လက်တဖက် မှာ ပိန်လိန်နေတဲ့ သံသေတ္တာတလုံး။ ကလေးငယ်ရဲ့ မျက်လုံးနဲ့ အဖွား အိုရဲ့ မျက်လုံးတွေ ဟာ ဆောက် တည်ရာမဲ့၊ စိုးရိမ်ပူပန်မှု အပြည့်။ အော်ခေါ် သံ၊ ဆဲဆိုသံ၊ မီးသတ် ကားဥသြ သံ၊ နေအိမ် တလုံးပြီး တလုံးမြိုပြီး တဖျစ်ဖျစ် တဟူးဟူး မီးစွယ်တွေရဲ့ မာန်ဖီသံတွေက မိတ္ထီလာညကို အိပ်ရေး ပျက်စေ တယ်။ အိမ်ကြီး တလုံးပေါ်က ပစ္စည်းတွေအောက်ကို တွန်းချပြီး စိမ်ပြေနပြေ ထုနှက်ခွဲချေ နေတဲ့ တုတ်တ ပျက် ဓားတပျက် အရပ် သားတွေ ကိုလည်း ဖေ့စ်ဘွတ် Video မှတ်တမ်းတိုလေးမှာ တွေ့နေရတယ်။ တကယ့်ကို စိတ်မကောင်း စရာ အနိ ဋ္ဌာရုံ မြင်ကွင်းတွေပါပဲ။

အပြင်မှာတွေ့ရင် မြင်ကွင်းက ဒီထက်ပိုဆိုးမှာသေချာတယ်။ အခုဆောင်းပါးရေးနေချိန်ထိ သေဆုံးသူချည်း ၅ယောက် ထက် မနည်းဘူးဆိုလား၊ ဒဏ်ရာရသူတွေက ၅၀ လောက်တဲ့။ မီးလောင်လို့ အိုးအိမ်မဲ့သွားသူတွေက ၆၀၀ နီး ပါး။ ဘုရားဘုရား အင်္ဂါနေ့ကပဲအေးအေးငြိမ်းငြိမ်း ရှိခဲ့တဲ့ မြန်မာပြည်မြေလတ်ပိုင်းက မိတ္ထီလာမြို့လေးရဲ့ ရပ်ကွက်လေးဟာ နောက်တနေ့ မတ်လ၂၀ ရက်နေ့မှာ မီးတဟုန်းဟုန်း တောက်နေပြီ။

ပိုဆိုး တာက ဒေါသမီး၊ လူမျိုးရေး မုန်းတီးတဲ့မီး၊ ဘာသာရေး ပဋိပက္ခမီး တွေဖြစ် တယ်။ အဲဒီမီးတွေ က ငြိမ်းသတ် ရခက် တယ်။ လူ့အဖွဲ့အစည်းတခုလုံးကို တမြေ့မြေ့ကျွမ်းလောင်စေတယ်။ ပဋိပက္ခများ ရဲ့ ဓားစာခံ ခလေး ငယ်တွေ အပေါ် စိတ်ဒဏ်ရာကို ဖြစ်စေတယ်။ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဖျက်ဆီးတယ်။ ဒီမိုကရေစီကို စည်းမဲ့ ကမ်းမဲ့ဖြစ်စေ တယ်။

အခုလို လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို ကျနော်တို့ နိုင်ငံမှာ တောက်လျှောက်ကြုံခဲ့ရတယ်။ လွတ်လပ်ရေး မရခင် နယ်ချဲ့က ရန်မီးမွှေးလို့ဖြစ်ခဲ့တဲ့ ကုလားဗမာရိုက်ပွဲဆိုတာ ကျနော်တို့ ငယ်ငယ် အထက် တန်း ကျောင်း သား သမိုင်းမှာတောင် သင်ရသေးတယ်။

ဒါနဲ့ပတ် သက်ပြီး ဆရာကြီး သခင်ကိုယ် တော်မှိုင်းက ‘ကုလား အရေး ဓါး အသွေးလောက်ပါဖူး” လို့ ပြောဖူး တယ်။ သူတို့လည်းကျွန် ငါတို့လည်းကျွန် ကျွန်ကျွန်ခြင်း သင့်မြတ်အောင်ပေါင်းဖို့ သြ၀ါဒပေးဖူးတယ်။ လွတ်လပ်ရေး ရပြီး မဆလခေတ် တလျှောက် လုံးလည်း အာဏာပိုင်တွေက အဲဒီ အောက်လမ်း နည်းတွေ ပြန်သုံးပြီး လူမျိုး ဘာသာခြားတွေနဲ့ အေးအေး ချမ်းချမ်း အတူနေ ထိုင်တဲ့ မြန်မာ့လူ့အဖွဲ့ အစည်းကို ဖျက်ဆီး ခဲ့တယ်။ ရန်တိုက် ခဲ့တယ်၊ သံသယတွေ ၀င်အောင် လုပ်ခဲ့တယ်။

သေချာ တာက နိုင်ငံရေး ထွက်ပေါက်ကို ဘာသာရေး ပဋိ ပက္ခတွေနဲ့ အသုံးချတာပဲ။ နိုင်ငံရေး ခြွတ်ခြုံကျရင် ဘာသာရေး ပဋိပက္ခတွေ ဖန်တီးတတ်တယ် ဆိုတဲ့ မဆလခေတ် ထုံးစံအတိုင်း ၁၉၈၈ တပြည်လုံး ဒီမိုကရေ စီ တောင်းဆိုအုံကြွမှု မတိုင်မီ အခုလို ဘာသာရေး ပဋိပက္ခတွေ ဖန်တီးတာ ကြုံဖူးတယ်။ ဖြစ်လိုက်ရင်လည်း အစ္စလမ် ဘာသာဝင်တွေနဲ့ကြီးပဲ။

ရန်ကုန်၊ ပြည်၊ တောင်ကြီး၊ တောင်ငူ၊ ပျဉ်းမနား၊ ပျော်ဘွယ်၊ လက်ပံတန်းမြို့တွေမှာ ၁၉၈၈ ဒီမိုကရေစီ အရေး အခင်း မတိုင်ခင် ကပ်ပြီး ဘာသာရေးပဋိပက္ခတွေဖြစ်တယ်။ တနေရာနဲ့ တနေရာ ချိန်ကိုက်ထားသလို ဆက် တိုက်ဖြစ်တာ။ ဇာတ်လမ်းတွေကလည်း သိပ်မကွာဖူး၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို မွတ်စလင်က အဓမ္မကျင့်တဲ့ ဇာတ်လမ်းမျိုး၊ ရီးစားစကားပြောနှောက်ယှက်တဲ့ ဇာတ်လမ်းမျိုး၊ ကိုရင်လေးဆွမ်းခံတုန်း မွတ်စလင်တွေက ရန်စတဲ့ ဇာတ် လမ်းမျိုး ဒါတွေပဲ။ နောက်ဆုံးတော့ ဂျင်ဂလိမှန်ကြ၊ လေးဂွမှန်ကြ၊ သေကြ၊ မီးရှို့ကြ၊ ဒဏ်ရာရကြ နဲ့။ ကြား ထဲက အစိုးရ အာဏာပိုင်တွေက နိုင်ငံရေးအမြတ်ထုတ်သွားတယ်။ လူထုက အစိုးရအပေါ်မကျေနပ်တဲ့ အမျက်တွေ ထားကြ၊ ကိုယ့်အချင်းချင်း သတ်ကြ ဖြတ်ကြ နဲ့ ဘာသာမတူသူချင်း အမုန်းတွေ အာဃာ တတွေကြွင်းကျန်ရစ်ကြ၊ စိတ်ဒဏ်ရာတွေရကြ။

စိတ်ဒဏ်ရာဆိုတာ ဘ၀တလျောက်လုံး မသိမသာ ကပ်ပါနေတာ ဖြစ်တယ်။တောင်ငူက ကျနော့မိတ်ဆွေ ပညာတတ် အစ္စလမ်ဘာသာဝင် တယောက် သူ့ကိုယ်တွေ့ကို ပြောဖူးတယ်။ သူ့တို့ မိသားစုချွေးနည်း စာလေးနဲ့ နှစ်ပေါင်း များစွာရုန်းကန် စုဆောင်းပြီး ထူထောင်လာတဲ့ အထည်ဆိုင်လေး ဖျက်ဆီးခံရပြီးတဲ့နောက် သူတို့မိ သားစု ပြန်ပြီးနလံမထူနိုင်၊ မိဘတွေလည်း စိတ်ဓာတ်တွေကျ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်၊ သူတို့ မောင်နှမတွေ လည်း ရန်ကုန်ရွှေ့ပြီး ကြုံသလို လည်သလို စီးပွားရှာရပ်တည်ကြရ နဲ့ အသိုက်ပျက်သွားတဲ့ အကြောင်း။ အဲဒီ မိတ်ဆွေပြောပြ တာတခုက စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့အနေနဲ့ ကာလကြာလို့ မေ့မယ်ထင်တာ လူစုလူဝေး နဲ့ ပဋိပက္ခတွေ အရေးအခင်းတွေ ဖြစ်တာနဲ့ သူဟာ ရှေ့တမ်းက တက်တက်ကြွကြွနဲ့ သွေးဆူတတ်တဲ့ အကြောင်း၊ ရန်ကုန် က ၂၀၀၇ သံဃာ့ ဆန္ဒပြပွဲမှာ လုံထိမ်းတပ်တွေကို သူဂဲနဲ့ထုခဲ့သလို မြင်မြင်ရာ ထုခွဲ ရိုက်နှက် ဖျက်ဆီး ချင်တဲ့ စိတ်ကြမ်းတွေ ဘယ်က ဘယ်လို ၀င်လာမှန်းမသိတဲ့ အကြောင်း ၊ စိတ်သဘောထားနူးညံ့တယ်လို့ အများ က သတ်မှတ်ခံထားရတဲ့သူဟာ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစီးရဲ့မှန်ကို အုတ်ခဲနဲ့ ထုခွဲဖူးတဲ့ အကြောင်း ကျနော့ ကို ပြောဖူးတယ်။ ဒီတော့ မတရားအနိုင်ကျင့်ခံရသူတွေ နိုင်ထက်စီးပိုး ဖိနှိပ်ခံရသူတွေ လူအများနဲ့ အကြမ်းဖက် ခံရသူတွေရဲ့ တုန့်ပြန်မှုတွေကလည်း မလှတတ်ပါဖူး။ ထကြွပုန်ကန်ချင်စိတ် အကြမ်းဖက်ချင်စိတ် ဒါမှမ ဟုတ် စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့စိတ်၊ သူရဲဘောနည်းတဲ့ စိတ္တဇတွေ စွဲကပ်တတ်ပါတယ်။ အနာဂတ်လူ့အဖွဲ့ အစည်း အတွက် သူဟာ မျှမျှတတ စဉ်းစားဆုံးဖြတ်ဖို့ အခက်တွေ့ရမှာပါ။

ဒီကနေ့ အစ္စလမ် ဘာသာ ၀င်တွေ လူဦးရေ များပြားပြီး နိုင်ငံတကာမှာ ပျံ့နှံ့ရောက်ရှိနေတာကို ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ် ယာန် ဘာသာဖြစ်စေ အားကောင်းတဲ့ ဌာနေနိုင်ငံသား လူမျိုးတွေက စိုးရိမ်ပူပန်တတ်ကြပါတယ်။

ကျနော် နေထိုင်နေတဲ့ နော်ဝေးနိုင်ငံမှာ မွတ်စလင်လူမျိုးတွေ များပြားပြီး သြဇာတက်မှာ စိုးရိမ်လို့ နော်ဝေးလူမျိုး Anders Behring Breivik ဆိုတဲ့လူငယ်တယောက်ဟာ ၂၀၁၁ ခုနှစ်က အစိုးရ၀န်ကြီးများရုံးကို ဗုံးခွဲဖျက်ဆီး ခဲ့သလို အာဏာရပါတီရဲ့ လူငယ်ကေဒါ ၉၀ကျော်ကိုလည်း ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒါပေမဲ့ နော်ဝေး အစိုးရနဲ့ ပြည် သူတွေ က ဒီအတွက် ၀မ်းနည်းကြေကွဲမှုတွေပြခဲ့တယ်။ Breivik ကို ဥပဒေအတိုင်းပဲ တရားစီရင် ခဲ့ပါတယ်။ သူတို့နိုင်ငံရဲ့ အမြင့်ဆုံး ထောင်ဒဏ် ၁၂နှစ် ချခဲ့တယ်။ နော်ဝေးမှာ အဲဒီကိစ္စက ဘာသာခြား လူမျိုးခြားတွေ ထူထပ် လာတဲ့ အကြောင်းတရားကိုမှီပြီးဖြစ်ခဲ့တာ ဆိုပေမဲ့ ဘာသာခြားမုန်းတီးမှုတွေ၊ နှိမ့်ချဆက် ဆံမှုတွေ မရှိပါဖူး။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးရုံမက ကလေးငယ်တွေကို အစိုးရ စာသင်ကျောင်းမှာပဲ (စာသင်ချိန် အားလပ်ရက်) အစ္စလာမ် ကိုရမ်ကျမ်းစာ သင်ကြားဖို့ ခွင့်ပြုတယ်။ ဘာသာပေါင်း စုံ အကြောင်း ကျောင်း သားတွေ သင်ခန်းစာတခုအနေနဲ့ သင်ကြားရတယ်။ သူ့ဘာသာနဲ့သူ ဘာသာရေး အထိမ်း အမှတ် ပွဲတွေ ကို ကျင်းပပေးပါတယ်။

ဥပမာ ခရစ်စမတ်ပွဲဆိုရင်လည်း မူစလင်နဲ့ ဟိန္ဒူကလေးတွေ ကခုန်သီဆိုဖျော်ဖြေတယ်၊ ခရစ်တော်ရေ ရှုဖွားတော် မှုတဲ့ ပြဇာတ်ကို ဘာသာခြားတွေလည်း ၀င်ကတယ်။ သူတို့မိဘတွေကလည်း လာကြည့်ပြီး အားပေးတယ်။ အစ္စလာမ် ဘာသာဝင်တွေရဲ့ပွဲဆိုလည်း ခရစ်ယာန်တွေ၊ ထိုင်းနဲ့ ဗီယက်နမ် ဗုဒဘာသာ ကလးငယ်တွေ၊
ခေါင်းမြီးခြုံတွေ၊ သံပရာခွံဦးထုတ်တွေဆောင်းပြီး အာရဗီ ဗုံလေးနဲ့ ကနေတာပဲ၊ သိတ်ကြည်နူးစရာကောင်းတယ်။ ဘာသာခြားပေမဲ့ လူသားချင်း အတူတူဖြစ်တယ်၊ လူအချင်းချင်း ခွဲခြားဆက်ဆံစိတ် မရှိအောင် ငယ်ငယ်က တည်းက ပုံသွင်းပေးတာပါ။

နော်ဝေးမှာ အစ္စလာမ် ဘာသာအသင်းပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာ အသင်းပဲ ဖြစ်ဖြစ်၊ ဟိန္ဒူ အသင်းပဲဖြစ်ဖြစ် လွတ်လွတ် လပ်လပ် မှတ်ပုံတင် ထူထောင်ခွင့် ရှိသလို အစိုးရ ကိုယ်တိုင် အသင်းအဖွဲ့ဝင်တွေကို နှစ်စဉ် ငွေထောက် ပံ့သေးတယ်။

နော်ဝေးမှာ မြန်မာ နိုင်ငံသား ဗုဒ္ဓ ဘာသာ အသင်း ရှိသလိုမြန်မာပြည် ဖွား အစ္စလာမ် အသင်းတွေလည်း ရှိပါ တယ်။ မြန်မာပြည်ဖွား ခရစ်ယာန် အသင်းတွေဆို လက်ချိုးရေ လို့ မရဘူး၊ ကရင် အမျိုးသား အသင်းတော်၊ ချင်း အမျိုး သား အသင်းတော် ထဲမှာတောင် ဂိုဏ်းမတူတဲ့အလျောက်၊ လူမျိုး မတူတဲ့ အလျောက် တသီး တခြားစီ ထူထောင် ထားကြ တာတွေလည်း အများကြီးပဲ။ ကွဲပြားတဲ့ အယူဝါဒနဲ့ သဘောထားတွေကို စည်းစနစ်တကျ ဥပဒေနဲ့ အညီ လက်ခံထားပါတယ်။

မနှစ် ဇွန်လက ဒေါ်အောင်ဆန်းစုကြည် အော်စလိုလာမဲ့ရက် ဒေါ်အောင်ဆန်းစုကြည် တည်းခိုမဲ့ ဟော်တယ်ရှေ့ မှာပဲ ၁၀ယောက်နီး ပါးရှိတဲ့ နော်ဝေးလူမျိုး ခရစ်ယာန် အစွန်းရောက်တွေက "နော်ဝေးက မူစလင်တွေထွက်သွား” လို့ ဆန္ဒပြကြွေးကြော် ပါတယ်။ သူတို့ ရဲ့ မျက်နှာ ချင်းဆိုင်မှာ မူစလင်လူငယ်တွေ(နော်ဝေးလူမျိုး သူငယ်ချင်း 
တွေတောင် ပါသေးတယ်) တန်ပြန်ဆန္ဒပြနေပါတယ်။ ရဲတွေလည်း ကြိုးဝိုင်းတားပြီးစောင့်ကြပ်နေတယ်။ ဘာမှ ပဋိ ပက္ခ မဖြစ်ပါဘူး။ ကိုယ့်ဆန္ဒထုတ်ဖော် အော်ဟစ်ပြီးပြန်သွားကြတာပဲ။ တယောက်နဲ့တယောက် ဆဲဆိုအော် ဟစ်တာတောင် မရှိဖူး။

သွေးဆူတတ်တဲ့ အသက် ၁၈နှစ်နဲ့ ၂၅နှစ်ကြား လူငယ်လေးတွေပေမဲ့ သိပ်ကိုယဉ်ကျေးပါတယ်။

ဥရောပမှာလည်း ခွဲခြားဆက်ဆံမှု မရှိဘူးလို့ မဆိုလိုပါ။ ခွဲခြားဆက်ဆံမှု ဆိုတာထက် အခွင့်အရေး ပိုယူတတ်မှုနဲ့ အခွင့်အရေးတန်းတူ မထားတဲ့ လူနေမှု၊ ယဉ်ကျေးမှုပုံစံကို မလိုလားတာက များပါတယ်။

ကိုယ်တွေ့တခုပဲ ပြောပြချင်ပါတယ်။ မနှစ်က အော်စလို အပြင်ဘက်
မြို့တမြို့ကနေ ဘတ်စ်ကားနဲ့ပြန်အလာ ကားပေါ်မှာ ထိုင်ခုံတခုံပဲ လွတ်နေပါတယ်။ ကျနော်က ဇနီးကို ဦးစားပေးပြီး သွားထိုင်ဖို့ ပြောပေမဲ့ ဒူးနာပြီး ကြာကြာမရပ်နိုင်တဲ့ ကျနော့ကို ဇနီးသည်က ငဲ့ညှာပြီး မထိုင်ပါ ဘူး။ ပြောမရတဲ့အဆုံး ကျနော်ပဲ အသက်ခပ်ကြီးကြီး နော်ဝေး အမျိုးသမီးဘေးက ထိုင်ခုံမှာ ထိုင်တယ်။ အဲဒီအမျိုး သမီးက ကျနော်နဲ့ မထိမတို့မိအောင် အတော်လေး သတိထားနေပုံပဲ။ ဘတ်စ်ကားယိမ်းလို့ မတော်တဆ ထိရင် ကျနော့ ကို တတောင်နဲ့တွက်ပါတယ်။ ၃ကြိမ်မြောက်မှာ ကျနော်က မကျေနပ်လို့ “စိတ်မကောင်းပါဘူး၊ ဒီလို ခွဲခြား ဆက် ဆံတာမျိုး ဒီနိုင်ငံမှာ အခုမှကြုံတာပါ” လို့ပြောလိုက်တယ်။ ဒီတော့ အဲဒီ အမျိုးသမီးက “ ငါက မင်းတို့လို အမျိုး သမီးတွေကို အခွင့်အရေးမပေးတတ်တဲ့ လူတွေ ခဏခဏတွေ့ဖူးတယ်” လို့ ပြန်ပြောပါတယ်။ ဒီတော့မှ ကျနော် က အဖြစ်မှန်ကို သိပြီး အခြေအနေကို ရှင်းပြပါတယ်။ အဲဒီအမျိုးသမီးကြီးလည်း ကျနော့် ကို ပြန်တောင်း ပန်ပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုမှာ လူကိုယ်လူချင်း နှိမ့်ချမှု၊ ခွဲခြား ဆက်ဆံမှုကို မလိုလား ဖူးဆို တာ ရှင်းရှင်းလင်းလင်းပြသနေတာဖြစ်တယ်။

ကျနော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ ပွင့်လင်းပြီး လွတ်လပ်တဲ့ လူမှုစနစ်နဲ့ အလှမ်းဝေးခဲ့ရတယ်။ အာဏာရှင် စနစ်ရဲ့ ၀ါဒဖြန့်မှု၊သွေးထိုး လှုံ့ဆော်မှုတွေထဲမှာပဲ ကျင်လည်နေခဲ့ရတယ်။ နိုင်ငံရေးကို အကြောင်းပြုပြီး လူမျိုးရေး ဘာသာရေးနဲ့ သွေးခွဲတာ အသုံးချတာတွေကို ကြုံနေရတယ်။ ပြည်သူတွေကို ပညာရေးမြှင့်တင်မပေးဘူး၊ နိုင်ငံ တကာနဲ့ တံခါးပိတ်ထားတယ်၊ ကျနော်တို့ တိုင်းရင်းသားပြည်သူတွေမှာ ဆင်းရဲမွဲတေအောင် လုပ်ခံထားရတော့ အမြင် ကျယ်ခွင့်မရရှာဖူး၊ ဒီကြားထဲ ငါတို့ ဘုန်းကြီးတချို့က ငါတို့လူမျိုးမှ ငါတို့၊ ငါတို့ဘာသာမှ ငါတို့ဆိုတဲ့ တလွဲ ဆံပင်ကောင်း ဇာတိမာန်တွေ နဲ့ မှိုင်းတိုက်ပြီး ပြည်သူတွေကို သွေးခွဲလှုံ့ဆော်တရားဟောတာတွေ၊ စာအုပ် တရားခွေ စီဒ်ီခွေဖြန့်တာတွေက ရှိသေးတယ်။

ပြည်သူတွေကို မိမိဆင်ခြင်တုံတရား၊ မိမိကိုယ်ပိုင်သုံးသပ်နိုင် စွမ်းအားတွေ လျော့ကျအောင် ၀ါဒမှိုင်းတွေ မတိုက် သင့်ဖူး။ သူတို့က ၇၈၆ မို့လို့ ဒို့ကလည်း ၉၆၉ ဆိုပြီး ဂိုဏ်းဂဏဖွဲ့တာဟာ ပြဿနာရဲ့ အဖြေမဟုတ်၊ ပဋိပက္ခရဲ့ နိဒါန်း သာဖြစ်တယ်။

အာဏာရှင် စနစ်ကိုလက်ယပ်ခေါ်တဲ့ အကြမ်းဖက် အတွေးအခေါ်မျိုးတွေ လက်ဆင့် မကမ်းသင့်ဖူး။ လူသား တဦး ချင်းစီရဲ့ တန်ဖိုးကို သိနားလည်စေတဲ့၊ လူတယောက်ချင်းစီရဲ့ ခံစားမှုကို စာနာပေးနိုင်တဲ့ လူသားစိတ်ပီသတဲ့ စိတ်ဓာတ် မျိုးတွေ မရှိသမျှ ကျနော်တို့ လူ့အဖွဲ့အစည်းက ငြိမ်းချမ်းမှာ မဟုတ်ဖူး။ မွေးရာပါ လူသားအ ခွင့်အရေး ကို ပိတ်ပင် ထားရင် တနေ့ပြဿ နာပေါ် တာပဲ။

ဒီကနေ့ မိထ္တီလာ အဓိကရုဏ်း ကနေ ထပ်မံပြီး အညှိုးတွေ ဒေါသတွေ အတုန့်အလှယ်တွေ ထပ်ယူမှာ ကို ပြည် သူတွေ က စိုးရိမ်နေကြတယ်။

ပြည်သူတွေဟာ ဒီလို အဓိကရုဏ်းတွေ ပေါ်တိုင်း ဆောက်တည်ရာမဲ့ ဘ၀တွေနဲ့ အသစ်က ပြန်စနေရတယ်။ ကျနော်တို့နိုင်ငံမှာ ဗမာမူစလင်လည်းရှိတယ်၊ ဗမာခရစ်ယာန်တွေလည်းရှိတယ်။ ငယ်ငယ်တုံးက ရပ်ကွက်ထဲက မူစလင်အိမ်မှာ စမိုင်အစ်လုပ်ရင် စမိုင်သွားစားတယ်၊ အမဲသားအစ်လုပ်ရင် အမဲသားဟင်းတွေ လာပို့တာ အ၀စားခဲ့ဖူးပါတယ်။ ကျနော်တို့ အိမ်မှာ ၀ါကျွတ်ပွဲ၊ သင်္ကြန်နှစ်ကူးပွဲ နဲ့ ဘာသာရေးပွဲတွေလုပ်ရင် အိမ်ဘေးက ဟိန္ဒူဘာသာဝင်အိမ်တွေရော မူစလင်အိမ်တွေကိုရော အမေက မုန့်သွားပို့ခိုင်းလေ့ရှိတယ်။

မြန်မာ့ လူ့ အဖွဲ့ အစည်း ထဲမှာ ရန်လို စိတ်ကင်းပြီး ဘာသာခြား လူမျိုးခြားပေမဲ့ ချစ်ချစ် ခင်ခင်နဲ့ အင်မ တန်မှ ငြိမ်းချမ်း စွာ အတူနေ တတ်တဲ့ ဓလေ့ စရိုက်တွေ ရှိပါတယ်။ အဲဒါ ဇစ်မြစ်အမှန်ပါ။

မြန်မာ ဗုဒ္ဓဘာသာတွေဆိုတာ ဘာသာ လူမျိုးမခွဲ အဆင့်အတန်း မခွဲဘူး။ ပြည်သူတွေက နားလည် တယ်။ ပြည်သူတွေက ယဉ်ကျေးချင် သလောက် အာဏာရှင် နိုင်ငံရေးခေါင်းဆောင်တွေက မိုက်ရိုင်းတယ်။ အဆင့် အတန်း ခွဲတယ်။ ဘယ်နိုင်ငံက နိုင်ငံသားမှတ်ပုံတင် တွေမှ ဘယ် ဘာသာ ကိုးကွယ်တယ်ဆိုပြီး မရေး ထားဖူး။ ကိုးကွယ်သည့်ဘာသာကို မှတ်ပုံတင်မှာဖော်ပြတာ အဓိပ္ပါယ်မရှိဖူး။ ကိုယ့်ဖာသာ ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ် ဘာမှခွဲခြားဆက်ဆံစရာမလိုဖူး။ အဲလိုခွဲခြားစိတ်ဟာ လူစဉ်မမှီတဲ့ ခတ်ညံ့ညံ့ စိတ် ဓာတ်ဖြစ် တယ်။

အဲလိုခွဲခြား စိတ် ရှိရင် ဘုရားလောင်း သိဒ္ဓထလည်း တောထွက်ဖြစ်မှာ မဟုတ်သလို ဗုဒ္ဓ အဖြစ်လည်း သဗ္ဘေညု တရွှေဥာဏ်တော် မရဘူး။

ပြီးတော့ ဂေါတမ ဟာ အိန္ဒိယ က ဇာတ် ခွဲခြားတဲ့ စနစ်ကို အဦး ဆုံးတော်လှန်အောင်မြင်သူ ဖြစ်မလာဖူး။ ကျနော်တို့ လူမျိုးဟာ တလွဲဆံပင်ကောင်း လူမျိုးတွေ မဟုတ်ဘူးဆိုတာ ဒီခေတ်မှာ သက်သေပြရတော့မယ်။

ဒီကနေ့ ဒီမို ကရေစီခေတ် ဆိုတာနဲ့ တချိန်က ဒီမို ကရေစီ အော်သူတွေကို ထောင်ချ နှိပ်စက်ခဲ့ သူတွေက ကမန်း ကတန်း ဒီမိုကရေစီ အရေခွံကြီး ဆွဲခြုံ လိုက်တယ်။ ပြီးတော့ ဒီမိုကရေ အနှစ်သာရတွေကို ချေဖျက်ဖို့ ကြိုးစားနေ တယ်။ ကိုယ့်လူမျိုး ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်နေကြတယ်။ အဲဒီအာဏာရှင်တွေကပဲ တိုင်းပြည်ရဲ့ အာဏာ စီးပွား အရင်း အမြစ်တွေ ချုပ်ကိုင်ပြီး ပြည်သူကို တခါလည်ပင်းညှစ်နေပြန်ပြီ။ ရန်တိုက်ပေးနေပြန်ပြီ။ ကျနော်တို့ ပြည်သူတွေ အမြင်ကျယ်ဖို့ လိုပါတယ်။

ပြည်သူတွေအမြင်ကျယ်ဖို့ဆိုတာကလည်း ထူးထူးထွေထွေ အားထုတ်နေစရာ မလိုပါဖူး။ ဗုဒ္ဓ ရဲ့ တရား စစ်တရား မှန်အတိုင်း ကျင့်ကြံအားထုတ် နေထိုင်ပြရုံပါပဲ။ ကိုယ့်တရားနဲ့ကိုယ်နေရုံပါပဲ။ သူများဘာသာ တပါးလူမျိုးကို အထင်သေး စရာလည်းမလိုဖူး၊ တိုက်ခိုက်စရာလည်း မလိုဖူး။ ဗုဒ္ဓဟာ ဆင်ခြင်တုံတရားနဲ့ ကျင့်ကြံအားထုတ်မှုကို လမ်းညွှန် ခဲ့တယ်။ ကျင့်ဝတ်သီလကို ထိမ်းဖို့ဟောကြားခဲ့တယ်။ ဒါဆိုလောကပါလတရားနဲ့ ပြည်စုံနေပါပြီ။ ဒီမိုကရေစီ ဆိုတာ ၈၈ တုံးက ကိုမင်းနောင်တို့ ဒေါ်မာမာအေးတို့ ဆိုပြခဲ့တဲ့ “ခွတ်ဒေါင်းနဲ့ အတူတိုက် “ သီချင်းလေး အတိုင်း “သူမကြိုက်တာ ကိုယ်မလုပ်၊ ကိုယ်မကြိုက်တာ သူမလုပ် ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ကြ ရမည်” ဆိုတာလို ကိုယ့် အကြိုက်ဟာ သူများကို မထိခိုက်သင့်ဘူး။

ဒီမိုကရေစီခရီးမှာ ဆူးညှောင့်ခလုတ်တွေ အများကြီးနဲ့ပါ။ တချိန်က အာဏာရှင် ယန္တရားကြီး လည်ပတ် ခဲ့သူတွေ ဟာ အစွဲ မကျွတ်သေးဘူး။

ပြည်သူတွေကို ဆေးခါးကြီးတွေ တိုက်နေတုံး။ ဘာသာရေးမှိုင်း၊ လူမျိုးရေး မှိုင်းတွေတိုက်နေတုံး။ အဲဒီမှိုင်းတွေ ဟာ အပေါစား အညံ့စား စည်း ရုံးရေးပါ။ သိပ်လွယ်ပြီး အဆင့်နိမ့် ပါတယ်။ ဒီကနေ့ ခေတ်သစ်ကို လှမ်းမဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ မီဒီယာတွေ ဟာ တိုင်းပြည် ညင်ညင်သာသာ အသွင်ကူးစေဖို့ ပိုပြီးတာ ၀န်ကြီး ပါတယ်။ ဒီအချိန် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပြန်လည် သင့်မြတ်ရေးကို လုပ်ဖို့လို မယ်ထင် ပါတယ်။

ကျနော်တို့ ယုံကြည်မှုတွေပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ တဖက်မှာလည်း ရန်သူမိတ်ဆွေ ခွဲခြားသိဖို့ လိုပါ တယ်။ အမြင်ကျယ်ဖို့ အမြင်ကြည်ဖို့ လိုပါတယ်။ မျက်မှန်အမဲကြီးတပ်ပြီး ဟိုကြည့်ဒီကြည့် မလုပ်ကြ ပါနဲ့။ သေချာမြင်ရမှာလည်း မဟုတ်ပါဖူး။

ပြည်သူတွေ အန္တရယ်များပါတယ်။
တိုင်းပြည်လည်းနာတယ်။
ခေတ်သစ်ကိုသွားချင်ရင် ခေတ်ဟောင်းက အတွေးဟောင်းတွေ
လျှော်ဖွတ်လိုက်ပါ။
အမြင်မကြည်တဲ့ မျက်မှန်မဲကြီး ဖြုတ်လိုက်ပါ။

ကိုညို( အော်စလို)

2 comments:

ဗုဒၶဘာသာ႘တြ႘သြးထုိးတာ႘တြပဲ ႘ျပာထားတယ႙ အစၥလမ႙႘တြ႘သြးထုိးတာ႘တြ လူမ်ိဳး႘ရးအရ႘စာ႙ကားတာ႘တြကုိ ထည႙့မ႘ျပာထားဘူး၊ ဗုဒၶဘာသာဝင႙႘တြဟာ ႘အး႘အးခ်မ႙းခ်မ႙းပဲ႘နၾကတာပါ ဗုဒၶဘာသာဝင႙႘တြရဲ့ စိတ႙မွာ ႘ကာက႙က်စ႙တတ႙တဲ့ အက်င႙့႘တာ႙႘တာ႙ နဲပါးတယ႙ အစၥလမ႙ဘာသာဝင႙႘တြဟာ မ်ား႘သာအားျဖင႙့႘ကာက႙က်စ႙တဲ့စိတ႙နဲ႔ စီးပြားရွာတယ႙ ဗုဒၶဘာသာဝင႙႘တြဟာ ကုိယ႙့ကုိအနိဳင႙က်င႙့တာ႘စာ႙ကားတာမ်ားလာရင႙ ဘာမွမစဥ႙းစားနိဳင႙႘အာင႙ ႘ပါက႙ကြဲ တုန႙႔ျပန႙တတ႙ၾကပါတယ႙၊ အစၥလမ႙ဘာသာဝင႙႘တြလုိ စနစ႙တက်႘ကာက႙က်စ႙တတ႙တဲ့စိတ႙မရွိပါဘူး၊ ႘ဆာင႙းပါး႘ရးတဲ့သူတုိင႙းလုိလုိ အစၥလမ႙ဘာသာဝင႙႘တြရဲ့ ဆုိးတဲ့လုပ႙ရပ႙႘တြကုိ တ႘ယာက႙မွ မ႘ျပာၾကဘူး ဘာလုိ႔အဲလုိ႘တြ႘ရး႘နၾကတာလဲ၊ ဘယ႙ဘာသာဝင႙မဆုိ ႘ကာင႙းတဲ့သူ ရွိသလုိ ဆုိးတဲ့သူ႘တြလဲ ရွိၾကတာပါပဲ အဲ႘တာ့ မွ်မွ်တတပဲ ႘ရး႘စခ်င႙ပါတယ႙ တဖက႙ကုိအျပစ႙႘ထာက႙ျပရင႙ ႘နာက႙ကဖက႙ရဲ့အျပစ႙ကုိလဲ ယွဥ႙တြဲ႘ဖာ႙ျပ႘စခ်င႙ပါတယ႙ ဘာပဲျဖစ႙ျဖစ႙မိတၳီလာကျပည႙သူ႘တြရဲ့ ခံစားခ်က႙ကုိ ကုိခ်င႙းစာတယ႙ ကုိယ႙့ကုိ႘စာ႙ကားတာ မ်ားလာလုိ႔ ႘ပါက႙ကြဲတာပဲလုိ႔ ျမင႙တယ႙ သူတုိ႔ရဲ့ လုပ႙ရပ႙ကုိ႘က်နပ႙တယ႙ အုိးမဲ့အိမ႙မဲ့ ျဖစ႙သူ႘တြ အားလုံးအတြက႙႘တာ့ စိတ႙မ႘ကာင႙းဘူး

ပို့ စ်လေးကိုဖတ်ရတာတော့ နည်းနည်းလေး လိုအပ်ချက်တွေ့ နေရပါတယ် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ပေးထားဆိုတာ နိုင်ငံသူနိုင်ငံသားတွေရဲ့  အထွဠ်တမြတ် လေးစားကိုးကွယ်ယုံကြည် သက်ဝင်သူတွေရဲ့  ရုပ်ပွါးတော်တွေ စော်ကားမီးရှို့ နေတာကို ဒီတိုင်းလက်ပိုက်ကြည့်နေရင် လူမိုက်းပေးသလို ဖြစ်နေမှာပေါ့ ပို့ စ်ပိုင်ရှင်ကို ဥပမာတခုပေးမယ် ခင်တို့ အိမ်ကိုဘာသာခြားတယောက် လာလည်ပြီဆိုပါတော့  အဲ့ဒီလူက ခင်ဗျားတို့  ဘာသာဝင်ထဲက သားမီးပျို တယောက်ယောက်ယောက်ကို စော်ကားပြီး ခင်ဗျားတို့  ကိုးကွယ်နေတဲ့ ဘာသာတရားကိုစော်ကားမယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ။ ဗုဒ္ဓလာသာဝင်တွေဟာ ကြားဖူး သလောက်တော ပြသနာတခုကို ဘယ်တော့မှ လက်လွတ်စပယ် မဖြေရှင်းဆိုတာကို ခင်ဗျားနဲ့ အတူ ဘာသာခြားတွေ သိစေချင်လိုက်တာ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်