Saturday, March 23, 2013

မိတ္ထီလာ နောက်ဆုံးအခြေအနေ သတင်း စုစည်းမှုများ

Posted by drmyochit Saturday, March 23, 2013, under | No comments


>>> မိတ္ထီလာည ၉း၀၀နာရီ အချိန်။

တစ်မြို့လုံး။လုံးဝငြိမ်နေပါတယ်။
အသံတွေအားလုံးတိတ်ဆိတ်နေပါတယ်။
လမ်းဆုံ၊ လမ်းခွများ ဘဏ်များမှာ စစ်တပ် အင်အား အပြည့်ချထားပါတယ်။
စစ်ကား များနှင့်လဲလှည့်လည်စောင့်ကြပ်ပေးနေပါတယ်။

>>မိတ္ထီလာ နံနက် ၆း၀၀နာရီ am အချိန်

ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။
ရပ်ကွက် အတွင်းရှိ အိမ်များအတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။
မနက် ၆း၀၀နာရီ အချိန် စားသောက်စရာရေနှင့်ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင် လာသည့်
၁၀ ဘီး ကား များမြို့ထဲ သို့ဝင်ရောက်လာ။

မနက် ၆း၀၀နာရီခွဲအချိန် မြို့ထဲသို့ကျွန်တော်လည့်လည်ကြည့်ရှုရာတွင် ကယ်ဆယ်ရေး စခန်း တစ်ခု အတွင်း ရှိ လူမျိုးခြား များက စခန်း အပြင်ဘက် ထွက်လာပြီး လက်ဘက်၇ည် ဆိုင်ထိုင်ကြ။လက်ဘက် ရည် ဝယ် ၊ကွမ်း ဝယ်နှင့် စည်ကားနေ တာကိုတွေလိုက်ရပါသည်။ သည် အခြေနေမှာ လုံးဝ မဖြစ် သင့်သေး ပါ။ပြဿနာ ရှာလိုသူများနှင့်တွေလျှင် မီးထပ်ပွား သွားနိုင်ပါသည်။ ကယ်ဆယ်ရေး စခန်း အ တွင်း ရှိ တာဝန် ရှိသူများ စည်းကမ်းတကျကြပ်မတ်ရန်လိုအပ်ပါသည်။

လက်ဘက်ရည်ဝယ်ချင်လျှင်လည်း ဆယ်ယောက်တစ်အုပ်စုလောက်မှတာဝန်ယူ၍ကျန် လူများအ တွက်ဝယ်ပေးသင့်ပါသည်။လက်ဘက်ရည်ဆိုင်ထိုင်ပြီးဟေးလားဝါးလားလုပ်နေသည်မှာ မသင့်တော်ပါ အမြန်ဆုံး ထိန်းသိမ်းသင့်ပါသည်။

ထို့အပြင်ထိုနေရာများရှိလူများကိုလည်းမြို့ပြင် ခရိုင်ကွင်း ကယ်ဆယ်ရေးစခန်းသို့ရွှေ့ပြောင်းပေးသင့်ပါ သည် ။မြို့ထဲမှာဒီလိုဆက်ဖြစ်နေလျှင် ပြဿနာတွေထပ်ဖြစ်လာနိုင်ပါသည်။ မည်သည့်နေရာ မည် သည့် စခန်းဆိုတာကိုတော့တို့မီးရှို့မီးလုပ်မည့်လူများသိရှိသွားမည်စိုးသောကြောင့်မတင်ပေးတော့ပါ။

ထူးခြားမှုအနေနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှစ၍ ယခုတိုင်အောင် သံဃာတော် များကို ဆွမ်းလောင်း သည့်လူမျိုးခြားမွတ်ဆလင်အိမ် မိတ္ထီလာမှာရှိပါသည်။သဒ္ဒါကြောင့်ပဲလောင်းလောင်း၊ ဘယာကြောင့် ပဲလောင်းလောင်း၊မြို့ခံတွေမှအသိအမှတ်ပြုထားသည့်၎င်းနေအိမ်မှာ အန္တာရာယ်လုံးဝကင်းရှင်းခဲ့ပါသည်၊ ခဲတစ်ချက်တောင် အမှန် မခံရပါ။ ဝမ်းသာကြည်နှုးဖွယ်ပါပေ။

မည့်သည့် အိမ်ဖြစ်သည်၊ မည်သည့်နေရာတွင်ရှိသည်ဆိုသည်ကိုမှု လူမိုက်ကလေးများကို သတိပေး၊သတင်းပေးသလိုဖြစ်မှစိုး၍ လုံးဝမတင်တော့ပါ။

ထပ်မံဝမ်းသာစရာအနေဖြင့် တင်ပြချင်သည်မှာ ပြည်သူများ၏ အသက်အိုးအိမ်စောင့်ရှောက်ပေးနေသော တပ်မတော် သားများနှင့်မြို့ခံတို့၏ ချစ်ခင်ရင်းနှီးမှုများကိုတွေရ့၍ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့သော တပ်မတော်နှင့်ပြည်သူများအကြား ရင်ထဲရှိအကျိတ်အခဲများပြေပျောက်၍ ဗိုလ်ချုပ် ရှိစဉ်ကကဲ့ သို့ ပြန်လည် ချစ်ခင် ညီညွှတ်ကြမည့် ရောင်နီဦးလေလားဟု မြော်လင့်မိကြောင်းပါ ခင်ဗျား။


>>> မိတ္ထီလာ နံ့နက် ၆း၃၀ အချိန်။

မြို့ပတ်ပြီး ကျွန်တော်လေ့လာကြည့် ပါတယ်။ အထိအခိုက် အပျက် အစီး များပါတယ်။ ဦးဝီရသူ မိတ္ထီလာ ကိုရောက်နေပါတယ်။

အပျက် အစီး အထိ အခိုက်ကတော့ အများ သူငါမြင်လို့ မကောင်းလို့ ဓါတ်ပုံ မတင်တော့ပါ။ အပျက် အစီး စာရင်း ကိုကျွန်တော်မြင်သလောက်တင်ပြရရင်

၁။ အခင်းဖြစ်ပွါးရာအိမ် - မီးမလောင်။ သို့သော် အတွင်းပိုင်းအားလုံးဖျက်ဆီး။

၂။ ဈေး အနောက်ဗလီ - အတွင်းပိုင်းပျက်စီး။

၃။ ကားဝန်းနားရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးထဲတွင်ပါဝင်သည့်ဗလီ - မီးလောင်သို့သော်မပြိုပါ။

၎။ မြို့နယ်ပညာရေးမှုးရုံး - မီးလောင် လုံးဝပျက်စီး။

၅။ နဝရတ်မြင့်ဦး - ကားများနှင့် အိမ်ပျက်စီး ။မီးမလောင်။

၆။ကုလားသုဿန်ဟောင်း ဗလီ။ ပါကစ္စတန်ဗလီ။ မြို့မဗလီ ။မီးလောင်(အနည်းငယ်)။

ရ။ အမှတ်၂ကျောင်းအနီးရှိ ကားပြခန်း အားလုံးနီးပါးပျက်စီး။ ကားများပျက်စီး။

ဂ။လမ်းဘေးတွင် မီးလောင်လုံးဝပျက်စီးနေသောဆိုင်ကယ် ၈စီး။

၉။ စတီးစိုးမြင့်၊ဇော်ခင် စသောစတိုးဆိုင်များ အတွင်းရှိပစ္စည်းများကို လမ်းပေါ်တွင်မီးရှို့ထား။

၈၈မျိုးဆက်ကျောင်းသားများလည်းရောက်ရှိလာပြီဖြစ်သည်။

နောက်ဆုံးအခြေအနေမှာ အားလုံးစောင့်ကြည့်သတိရှိရမည့် အချိန်ဖြစ်ပါသည်။ ညက တိမ်းရှောင် သွားသော လူမျိုးခြား မိသားစုများ။ မိမိအိမ်များတွင်ပြန်လည်ရောက်ရှိနေကြသည်။ အခုအချိန်မှာ သူတို့ အနေဖြင့် ရှောင်နေ သင့်ပါသည်။ထိပ်တိုက်တွေ့မှုများကိုရှောင်ရှားကြပါ။

အခြေ အနေမှာ တင်းမာဆဲဖြစ်ပါသည်။

အသေ အပျောက် စာရင်း များမှာ မခိုင်လုံ သေး၍ မတင်သေးပါ။

From:Min Thant Aung

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်