Saturday, March 23, 2013

လွိုင်ကော်မြို့ပေါ် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ပြုရန် လျှောက်တင်ထား

Posted by drmyochit Saturday, March 23, 2013, under | No comments


ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူလယ်သမားများ အမှတ် ၁၄ စစ်ရေး လေ့ကျင့်ရေး 
ကျောင်း တည်ဆောက် နေမှု ကိစ္စ ရပ်နဲ့ပတ် သက်လို့ လွိုင်ကော်မြို့ပေါ်တွင် စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ် ခွင့်ပြုရန် သက်ဆိုင်ရာ အာဏာ ပိုင်ထံသို့ ဥပဒေနှင့် အညီ ခွင့်ပြုမိန့် လျှောက်တင် ထားတယ်လို့ ဖရူဆိုမြို့နယ် ဒေသ ခံမှ ဆရာသဲ ရယ်က ပြောပါတယ်။

"လူထု ဆန္ဒဖော်ထုတ်ပွဲကို စီတန်းလှည့်လည်ခြင်း လုပ်ဖို့အတွက် ခွင့်ပြုချက် သွားတင်ထားတယ်။ တင်ဖို့ဆို တာကလည်း အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတယ်။ နောက်ပြီးတော့ တတ်ကျွမ်းတဲ့သူတွေနဲ့ ညှိနှိုင်း တယ်။ သူတို့ရဲ့ အကြံအဥာဏ်နဲ့ သူတို့ရဲ့ ဥပဒေလမ်းကြောင်းနဲ့ အကြံအဥာဏ်တောင်းပြီးတော့မှ ကျနော် တို့ ပြင်ဆင်ပြီး ဒီနေ့သွားတင်ပါတယ်" လို့ ပြောပါတယ်။

စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည့်နေ့ကို ဧပြီလ ၁ ရက်နေ့တွင် လျှောက်တင်ထားကြောင်း၊ အကြောင်း အရာတွေ ကတော့ အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်းကို ပြန်ရုတ်သိမ်းဖို့၊ လယ်ယာမြေ သိမ်းဆည်း မှုတွေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရပ်တန့်ပေးဖို့ဆိုတဲ့ အချက်တွေကို လျှောက်တင်ထားတယ်လို့ သိရပါ တယ်။

ယမန်နေ့ မတ်လ ၂၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး မှလည်း ခွင့်ပြုမိန့် တင်ထားတဲ့စာကို လက်ခံ ရရှိပြီး ဖြစ်ကြောင်း သိရပါတယ်။

စီတန်းလှည့်လည်ခွင့်ကို လွိုင်ကော်မြို့တွင်သာ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် မနက် ၈ နာရီမှ ညနေ ၅ နာရီ ပြု လုပ်ခွင့်ပြုရန် တင်ပြတောင်းဆိုထားကြောင်း ပြောပါတယ်။

ဥပဒေနှင့် အညီ နည်းမှန် လမ်းမှန် တရားဝင် ပြုလုပ် သွားရင် ဘယ်အရာ မဆို လူထု ဆန္ဒဖော် ထုတ် လို့ရကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောသွားပါတယ်။

"အခုက တရားဝင်လုပ်လို့ရပြီး ဆန္ဒပြတယ်ဆိုရင် ဆန္ဒပြလို့လည်း ရပါတယ်။ နည်းမှန်လမ်းမှန်နဲ့လုပ် ဘာမှ ခွင့်မပြုနိုင် စရာ အကြောင်းမရှိပါဘူး။ ခွင့်မပြုတာတွေဆိုတာက နားလည်မှုတွေ လွှဲနေပါတယ်"

ကန္တာရ၀တီသင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်