Friday, April 19, 2013

ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံး လူ ၁၀၀တွင် ဘာလော့တယ်လီ ပါဝင်

Posted by drmyochit Friday, April 19, 2013, under | No comments



Time Magazine မှရွေးချယ်သော ကမ္ဘာကို လွှမ်းမိုးမှု အရှိဆုံး လူ ၁၀၀တွင် အေစီမီလန် တိုက်စစ်မှူး ဘာလော့တယ်လီ ပါဝင်လာခဲ့သည်။ ဘာလော့တယ်လီမှာ အင်္ဂလန်မှ စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနောက်တွင် ခြေစွမ်းပိုပြ လာနိုင်ခဲ့ပြီး စီးရီးအေဘောလုံးလောကတွင် အဖြစ် များလာသော လူမျိုးရေးခွဲခြားမှုများကို တိုက်ဖျက် နိုင်မည့်သူဟု ညွန်းဆိုခြင်း ခံနေရသူလည်း ဖြစ်သည်။

ဘာလော့တယ်လီနှင့်ပတ်သက်၍ အီတလီ ယူ-၂၁အသင်းတွင် ခဏတာလက်တွဲခဲ့ ဖူးသော နည်းပြဇိုလာက"ဘာလော့ တယ်လီဟာ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ခေါက်ထားနိုင်သူပါ။ သူ့ရဲ့စိတ်အေးချမ်းတည်ငြိမ်မှုက ထိပ်တန်းကစားသမားတွေ မှာမှ တွေ့ရတတ်တဲ့ အရည်အသွေးဖြစ်သလို အားကစားစိတ်ဓာတ်ပြည့်ဝပြီး စွမ်းရည်ထူးကဲသူလည်း ဖြစ်ပါ တယ်။ သူ့ကိုယ်သူ နှိမ့်ချတတ်သလို နှစ်လိုဖွယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ကိုယ်သူ ထိန်းချုပ်တတ်ဖို့တော့ လိုပါတယ်"ဟု မှတ်ချက်ချခဲ့သည်။

ထို့အပြင် ဘာလော့တယ်လီ၏အေးဂျင့် ရိုင်အိုလာကလည်းကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံး လူ၁၀၀တွင် ၎င်း၏ ကစားသမား ပါဝင်လာခြင်းကို အနည်းငယ်မျှ အံ့အားမသင့်ဟု ဆိုသည်။ " သူဟာ သာမန်လူငယ်လေး တစ်ယောက်ပါပဲ။ ဒါပေမဲ့ ၁၆နှစ်သားကတည်းက သူ့ပခုံးပေါ်ကျရောက်လာတဲ့ တာဝန်တွေကို ကျေကျေ ပွန်ပွန် ထမ်းဆောင်နိုင်သူပါ။ အီတလီက ယောကျာ်း၊ မိန်းမ၊ ကလေးတွေအပေါ်မှာ သူ့ရဲ့လွှမ်းမိုးမှုရှိနေလို့ ဒီရွေးချယ် မှုမှာ သူပါဝင် လာတာကို ကျွန်တော် မအံသြပါဘူး"ဟု ဂုဏ်ပြုသွားခဲ့သည်။




From:yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်