Friday, April 19, 2013

ဝေလည်းမွှေး ကြွေလည်းမွှေးကြသူများ

Posted by drmyochit Friday, April 19, 2013, under | No comments



သူ့ကိုယ်သူ ဝေလည်းမွှေး ကြွေလည်းမွှေးသူဟု ဂုဏ်ယူပြောတတ်သူ ကတော့ တပ်ကြပ်ကြီး ချစ်လှိုင်လို့ ခေါ်တဲ့ အသက် ၅၃ နှစ်အရွယ် စစ်သား ကြီးတစ်ဦးပါ။ မော်လမြိုင် တပ်နယ်က ကရင် ပြည်နယ် စစ်ဆင်ရေးများ အကြိမ်ကြိမ် ၀င်ရောက် ဖူးသူ၊ သွားလေရာမှာ ယူနီဖောင်းကို ၀တ်စုံပြည့် အမြဲဝတ်ဆင်တတ်သူ တစ်ဦးဖြစ်ပါတယ်။

ငါတို့ ရဲဘော်သစ် သင်တန်းတက်တော့ သင်တန်း နည်းပြက ပြောတယ်။ ဘယ်လိုအကြောင်းနဲ့ပဲ တပ်ထဲကို ၀င်ခဲ့ဝင်ခဲ့၊ တပ်မတော်သား တစ်ဦးဖြစ်ပြီ ဆိုကတည်းက ယောက်ျားပီသသူ တစ်ယောက်ဖြစ်ပြီ၊ တိုင်းပြည် တာဝန်ကို အသက်စွန့် ထမ်းဆောင် မယ်ဆိုတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပြီ။ ဒီတော့ အတိတ် ဆိုတာ မင်းတို့ နဲ့ မဆိုင်တော့ဘဲ သူရဲကောင်း ဖြစ်မယ့် အနာဂတ်သာ မင်းတို့နဲ့ ဆိုင်တယ်တဲ့။ ငါကတော့ စစ်သားဆိုတဲ့ ဘ၀ဖြစ်ကို ဖြစ်ရမယ် ဆိုပြီး ၀င်ခဲ့တာ မဟုတ်ပါဘူးလို့ ဦးလေး တပ်ထဲကို ဘယ်လို ရောက်လာတာလဲ ဆိုသော အမေးကို ဖြေခဲ့ပါတယ်။

သူ့ရဲ့ အမျိုးသမီးကတော့ ကရင်ပြည်နယ် ဖာပွန်မြို့မှ ကရင်တိုင်းရင်းသူ တစ်ဦးဖြစ်သည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဖြင့် မိသားစုဘ၀ကို အေးချမ်းစွာ တည်ဆောက်နိုင်မှုကိုတော့ သူတို့၏ အိမ်အလည်လိုက် သွားသည့်အခါတွင် တွေ့လိုက်ရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ချိတ်ဆွဲထားသည်။ တပ်တွင်းသို့ တပ် မတော် အကြီးအကဲများ လာစစ်ဆေးစဉ်က သူတို့ လိုင်းခန်းအား လာစစ်ဆေးသည့် ဓာတ်ပုံများကို နံရံတွင် ကပ်ထားသည်။

အိမ်တိုင်း ကင်ပွန်းချဉ်၊ ဆူးပုတ်၊ စားပင်သီးပင်တွေ စိုက်ထားရမယ်ဆိုပြီး စိုက်ထားကြတာ။ အိမ်တိုင်းမှာ ရှိ တယ်။ ၀က်ကတော့ တပ်ရင်း အစီအစဉ်နဲ့ မွေးထားတာ။ တပ်ရင်းက အရင်းစိုက်ပေးတယ်။ အမြတ်ပေါ်တဲ့ အခါကျတော့ အရင်းပြန်ပေး စနစ်ပေါ့။ အဆင်ပြေပါတယ်။ ဟု ကရင်သံဝဲ၀ဲဖြင့် အနော်ဟု သူများတွေ ခေါ်ကြသည့် သူ့အမျိုးသမီးက ရှင်းပြသည်။

တပ်ရင်းတစ်ရင်း အတွင်းရှိ အိမ်ထောင်သည် လိုင်းခန်းအတွင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းမို့ မြင်ရ သမျှ အရာတိုင်းက အထူးအဆန်း သာ။ ပြီးခဲ့သည့် နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တပ်တွင်းမှ ဖြေဆို သည့် တပ်မိသားစုဝင် ကလေးအားလုံး ဂုဏ်ထူးဖြင့် အောင်ကြသည်ဟု ပြောသည့် အခါတွင်တော့ မချီး ကျူးပဲ မနေနိုင်တော့။

စစ်ဝတ်စုံဖြင့် စစ်ရေးပြ၊လက်နက်ငယ် ပစ်ခတ်စဉ်လေ့ကျင့်ခန်းများကို တပ်တွင်းမှ ရဲမေအားလုံး လေ့ ကျင့်ကြရသည်။ လယ်စိုက်သည့်ကာလ တွင်တော့ တပ်ရင်းမှူးကတော် ဦးစီး ရဲမေတစ်စုတို့ လယ်ထဲဆင်း လယ်စိုက်ရကြောင်း သိရသည်။

တပ်တွင်းမှာ ဆန်ကို အပြင်ဈေးနှုန်းထက် ၅ ဆ လောက် သက်သာတဲ့ ဈေးနဲ့ အချိုးကျ ရောင်းပေးတယ်။ လစာ တစ်ခုနဲ့ အဆင်မပြေတာ အားလုံး သိနေတာပဲ။ ဒီတော့ တပ်ရင်းတိုင်း သူ့အစီအစဉ်နဲ့သူ ဒီလို သက် သာ ဆန် စနစ်ကို လုပ်ကြရတယ်။ အရင်တပ်တုန်းကတော့ လယ်စိုက် ကျွမ်းကျင် သူလည်း မရှိ၊ အင် အား ကလည်းနည်းတော့ လယ်က မအောင်မြင်ဘူး။ ဒါပေမယ့် သက်သာဆန် ရအောင် လုပ်ရမယ်ဆိုတဲ့ အတွက် တပ်ရင်းမှူးကတော့ ရအောင် လုပ်ပေးခဲ့ရတယ်။ တပ်ရင်းမှူးမှာ ၀န်တော့ ပိတာပေါ့ဟု ဆရာကြီး ချစ်လှိုင်မှ ရှင်းပြခဲ့သည်။

ယခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ စိုက်ပျိုးမွေးမြူရေးများကို တပ် ရင်းများမှ ပိုလုပ်သင့်ကြောင်း၊ ၀မ်းစာ ဖူလုံယုံမက စားသောက်ကုန်များကို တပ်ရင်းများမှ ပေါများစွာ စိုက်ပျိုး ရောင်းချပေးပါက ကုန်ဈေးနှုန်းကိုပါ ထိန်းချုပ်ပြီး ဖြစ်ကြောင်းတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားခဲ့သည်။ ယခင်က တပ်ရင်းများမှ သခွားသီး တစ်လုံး ၁၀ ကျပ်ဖြင့် လာရောင်းကြသည့် အခွန် လွတ်ဈေး များကို သတိရ သလိုလိုပင်။

ဦးပိုင်ငွေ အနေဖြင့် တပ်ရင်းမှ သိန်း ၈၀၀ ကျော် အပ်ထားသည်ဟု သိရကြောင်း၊ ဦးပိုင်မှ ရသည့် အမြတ် များ ကိုလည်း အရင်းတွင် ပြန်ထည့်ပေါင်းသည်ကပေါင်း၊ လိုအပ်သည့် တပ်ရင်း သက်သာချောင် ချိရေး လုပ်ငန်းများတွင် သုံးသည်ကသုံးသည်ဟု သိရကြောင်း ၄င်းမှ ဆက်ပြီး ရှင်းပြခဲ့သည်။

အပြင်မှာတော့ တပ်ကို အမြင်မကြည်ကြဘူး လို့ ကျွန်တော်က ပြောတော့ သူကရယ်သည်။

အရင် အစိုးရလူကြီးတွေကို တိုက်ခိုက်ချင်တာကြောင့် စစ်တပ်ကို ပုတ်ခတ်တာကနေ ဖြစ်လာတဲ့ အကျင့်ပါ။ ဈေး ထဲမှာ ဆိုင်ခန်းတွေ ဖွင့်ထားတဲ့ တပ်မိသားစုတွေ အများကြီး ရှိတယ်။ မြို့ရွာတိုင်းမှာလဲ တပ်ဆွေ တပ် မျိုး တွေ အများကြီး ရှိတယ်။ ဘယ်သူမှ စစ်တပ်က မို့လို့ ရှောင်ဖယ်တာ မရှိပါဘူး။ ရှိလဲ ငါတို့မှာ သတိထား မိဖို့ အချိန် မရှိဘူး ဟု ပြောပြခဲ့သည်။

သူတို့တွေသည် စစ်သားများ ဖြစ်ကြသည်။ အချို့ဆိုလျှင် နိုင်ငံအကြီးအကဲများကို ရုပ်သံများမှ လွဲ၍ မမြင်ဖူး ကြ။ သူတို့ သိတာ တစ်ခုသာ ရှိသည်။ သူတို့ တိုင်းပြည် တာဝန်ကို ဘယ်လို အခက်အခဲပင် ကြုံပစေ တာ ၀န်ထမ်းဆောင်မည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေးထက် တပ်ရင်း အသိုက်အမြုံလေး ကောင်းမွန် ဖို့သာ သူတို့ စိတ်ကူးရှိသည်။

ယောကျာ်းထဲမှာမှ စစ်သားကွ။ ဘယ်အစိုးရ တက်တက် စစ်သားဟာ စစ်သားပဲ။ ဝေလည်းမွှေး ကြွေလည်း မွှေးတယ် ဆိုတဲ့ သူ့စကားကို ပြန်ကြားရင်း ကျွန်တော့်မျက်နှာတွင်တော့ ဂုဏ်ယူအပြုံးများဖြင့်သာ..




From:opposite eyes

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်