Friday, April 19, 2013

အက်ဖ်အေဖလားမှ အမှားအတွက် လူးဝစ်ဇ်ကို အဂူရို ပြန်တောင်းပန်

Posted by drmyochit Friday, April 19, 2013, under | No comments



ချဲလ်ဆီးနှင့် ယှဉ်ပြိုင်ခဲ့သော အက်ဖ်အေ ဖလား ပွဲစဉ်တွင်နောက်ခံလူလူးဝစ်ဇ်ကို ခြေစုံပစ်ဖျက်ထုတ် ခဲ့ခြင်းအတွက် မန်စီးတီး တိုက်စစ်မှူး အဂူရိုက ပြန်လည် တောင်းပန်သွားခဲ့သည်။ အဂူရိုမှာ လူးဝစ်ဇ် ၏တင်ပါးကို ခြေစုံပစ် ကန်ကျောက်ခဲ့ခြင်းဖြစ်ကာ ယင်းကဲ့သို့ ထိခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တောင်းပန် ခဲ့ခြင်းမရှိပေ။ သို့သော် လူးဝစ်ဇ်က ဘောလုံးပွဲများ၏ အလှအပကို ယင်းကဲ့သို့ အဖြစ်အပျက်များကြောင့် မထိခိုက်စေလိုကြောင်း၊ လူငယ်များ အတုယူမှား မည်ကို မလိုလားကြောင်း၊

ဖြစ်ပွားခဲ့သောကိစ္စအတွက် မိမိဘက်မှ တောင်းပန် ကြောင်း မန်စီးတီးနှင့် ပွဲစဉ်အပြီး၌ ဖော်ပြခဲ့သည်။

ထို့နောက်တွင် အဂူရိုက ၎င်း၏တွစ်တာ စာမျက်နှာမှတစ်ဆင့် အဂူရိုကို ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်ကာ မဖြစ်သင့်သည့်အမှားမျိုး ကျူးလွန်မိ ခဲ့ခြင်းကြောင့် နောင်တရမိသည်ဟု ၀န်ခံခဲ့သည်။ အဂူရို၏ တောင်းပန် မှုကို လူးဝစ်ဇ်က လက်ခံခဲ့ပြီး ၎င်း၏ပွင့်လင်း ရိုးသားသော စိတ်ထားအတွက် ကျေးဇူးတင်သည်ဟု တွစ်တာ တွင် ပြန်လည် ရေးသားခဲ့သည်။




From:yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်