အမေရိကန် စီးပွားရေး မဂ္ဂဇင်း Forbes မှ ကောက်ယူသော စစ်တမ်းအရ ရီးရဲလ်မှာ ဒေါ်လာ ၃.၃ဘီလီယံဖြင့် ကမ္ဘာ့တန်ဖိုး အမြင့်ဆုံးကလပ် အသင်းအဖြစ် ရပ်တည်ခဲ့သည်။ Forbesမှာ အားကစားဆိုင်ရာ စစ်တမ်းများကို ၂၀၀၄ခုနှစ်မှ စတင်ကောက်ယူခဲ့ပြီး မန်ယူမှာ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ကလပ်အဖြစ် ၉နှစ်ဆက် ရပ်တည်ခဲ့ သော်လည်း ယခုနှစ်တွင်မူ ဒေါ်လာ ၀.၁ဘီလီယံ ကွာခြားချက်ကြောင့်ရီးရဲလ်၏ကျော်ဖြတ်ခြင်းခံခဲ့ရသည်။
ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးအသင်းမှာ ကွင်းတွင်းအောင်မြင်မှုများကိုဘဏ္ဍာရေးတိုးတက်မှု အဖြစ် ပြောင်းလဲနိုင်သည့် အသင်းဖြစ်ကြောင်း Forbesမှ ညွန်းဆိုခဲ့ပြီး ရီးရဲလ်၏ ရုတ်ချည်းတိုးတက်မှုကြောင့် မန်ယူအနေဖြင့် ဒုတိယနေရာ ဆင်းပေးခဲ့ရသော်လည်း ဘဏ္ဍာရေးအရ စိုးရိမ်ဖွယ်ရာမရှိဟု ဖော်ပြ ထားသည်။ “ မန်ယူရဲ့ဘဏ္ဍာရေးကျဆင်းသွားလို့ ရီးရဲလ်က ကျော်တက်သွားတာ မဟုတ်ပါဘူး။ ရီးရဲလ်ရဲ့ ၀င်ငွေတိုးပွားမှုက တဒင်္ဂအတွင်း အဆမတန်တိုးတက်လာခဲ့လို့ အဆင့် ၁နေရာကို လွှဲပြောင်း ယူနိုင်ခဲ့ တာပါ”ဟု Forbes မဂ္ဂဇင်းမှ ရှင်းလင်းသွားခဲ့သည်။
Forbes မှထုတ်ပြန်သော စစ်တမ်းတွင် တစ်နှစ်တာအတွင်း တန်ဖိုးမြင့်တက်မှုများ ပါဝင်ခဲ့ကာ ရီးရဲလ်မှာ ၇၆ရာခိုင်နှုန်း၊ မန်ယူမှာ ၄၂ရာခိုင်နှုန်း တိုးမြင့်ခဲ့ကာ ဘာစီလိုနာမှာ ၉၉ရာခိုင်နှုန်းထိ မြင့် တက်ခဲ့ပြီး ကမ္ဘာ့ တန်ဖိုး အမြင့်ဆုံး အဆင့် ၃နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အားကစား အသင်းများ စာရင်းတွင်လည်း ရီးရဲလ်၊ မန်ယူ၊ ဘာကာတို့မှာ အစဉ်လိုက်အတိုင်း ရပ်တည်နိုင်ခဲ့ပြီး အဆင့် ၄နေရာတွင် ဘေ့စ်ဘောကလပ် နယူးယောက်ယန်းကီးနှင့် အဆင့် ၅နေရာတွင် ဒဲလက်စ်ကောင်းဘွိုင်တို့မှ ရပ်တည် ခဲ့ကြသည်။
From:yoyarlay
Time in Rangoon


0 comments:
Post a Comment