Friday, April 19, 2013

၆လအတွင်း ရွှေဈေးတစ်သိန်းခွဲ ဈေးကျ

Posted by drmyochit Friday, April 19, 2013, under | No comments



သင်္ကြန်ပြီး နှစ်ဆန်းပိုင်းကာလ၌ မြန်မာ့ရွှေ ဈေးကွက်တွင် ရွှေဈေးသည် ၆လအတွင်း တစ်သိန်း နီးပါး ဈေးကျသွားသောကြောင့် ပုံမှန်နှစ်များတွင် ပြန်ရောင်းသည့် ရွှေများကိုသာ လက်ခံဆောင်ရွက် ခဲ့ကြရသော်လည်း ယခုနှစ်ဆန်းပိုင်းတွင် အကျ ကြမ်းလွန်းသော ရွှေဈေးကြောင့် ဝယ်လိုအား မြင့်တက်လျက် ရှိကြောင်း ပန်းပဲတန်းမြို့နယ် အနော်ရထာ လမ်းပေါ်ရှိ ရွှေဆိုင်များမှ သိရသည်။

ယမန်နှစ် နိုဝင်ဘာလတွင် ရွှေဈေးသည် ၁၅ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၈၀၀၀၀အထိ စံချိန်သစ်ဖြင့် ဈေးတက်ခဲ့သော်လည်း ယနေ့ဧပြီလ ၁၈ရက်နေ့တွင် ၁၅ပဲရည် ရွှေဈေးသည် ကျပ်၆၃၀၀၀၀ ဖြစ်သော ကြောင့် ယမန်နှစ် စံချိန်တင် အတက်ဈေးနှင့် နှိုင်းယှဉ်လျှင် ၆လအတွင်း ၁၅ပဲရည် ရွှေဈေး တစ်သိန်းခွဲ အထိ ဈေးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ပိတ်ရက် မတိုင်ခင် အခေါက်ရွှေဈေးက ကျပ်၇၃၀၀၀၀ကျော်ရှိတယ်။ ဒီနေ့ အခေါက်ရွှေဈေး စဖွင့်တာ ၆၇၂၀၀၀နဲ့ဆိုတော့ ၆သောင်းလောက်ကို ကျသွားတာ။ ပီးတော့ တက်လိုက် ကျလိုက်ဖြစ်နေတာ မနက်ကိုးနာရီကနေ ညနေသုံးနာရီ အတွင်းကို ဆယ်ကြိမ် မကတော့ဘူး။ ခုထိတော့ ၆၉၀၀၀၀ကို ရောက်နေတယ်” ဟု အောင်သမာဓိ ရွှေဆိုင်မှ မန်နေဂျာ ကိုကျော်လင်းထိုက်က ပြောကြားသည်။

ယမန်နှစ်များတွင် နှစ်ဆန်းပိုင်းကာလများ၌ ရွှေလာရောက်ရောင်းချသူများသာ ရှိခဲ့သော်လည်း ယခု နှစ်ဆန်းပိုင်းတွင် ထိုသို့ ရွှေဈေးများ အကျကြမ်းနေသောကြောင့် ရွှေစုလိုသူများက လာရောက်၍ အခေါက် ရွှေများကို ဝယ်ယူလျက်ရှိကြောင်းလည်း ဆက်လက် သိရသည်။




From:myanmar express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်