Friday, April 19, 2013

ညောင်ချောင်းသာ ကမ်းခြေတွင် သေဆုံးသူ ၁၅ ဦးအထိရှိ

Posted by drmyochit Friday, April 19, 2013, under | No comments



ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့ရှိ ရန်ကင်းသာ ရေချိုအပန်းပြေစခန်း(ညောင်ချောင်း သာ) ကမ်းခြေ စတင် ဖွင့်လှစ်ချိန်မှ စ၍ သေဆုံးသူ ၁၅ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ညောင်တုန်းမြို့ ရဲစခန်းမှ သိရသည်။

“သင်္ကြန်တွင်းမှာ သောက်စား မူးရစ်ပြီးတော့ ရေနစ် တဲ့ကြတာ များပါတယ်၊ ဒီနှစ်တစ်နှစ်ထဲ ရေနစ် သေတာ ၉ ယောက်ရှိသွားပြီ၊ သေတဲ့ထဲ ရန်ကုန်က များတယ်။ ပြီးခဲ့တဲ့ နှစ်က ၆ ယောက်သေတယ်”ဟု ညောင်တုန်းမြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် တစ်ရက်လျှင် လာရောက်အပန်းဖြေသူ တစ်သောင်းခန့်ရှိပြီး ရေနစ် သေဆုံးသူ ၅ ဦး ရှိကြောင်းလည်း သိရသည်။

သင်္ကြန်တွင်း လုံခြုံရေးအတွက် ရဲဝန်ထမ်းနှင့် မီးသတ်ဝန်ထမ်းများ ချထားပေးပြီး ရေနက်ပိုင်း နေရာများ၌ ပိုက်များ ကာရံထားခြင်း၊ ပြန်ကြားရေးဌာနတစ်ခု ထားရှိခြင်းနှင့် သတိပေးကြေညာမှုများ ပြုလုပ်ပေး ခြင်းများ ရှိသော်လည်း ကယ်ဆယ်ရေးအတွက်မှာမူ သီးသန့်ဆောင်ရွက်ပေးမှု မရှိကြောင်း သိရသည်။

“အဓိက ကယ်ဆယ်ရေး သီးသန့်မရှိတော့ ရေနစ်နေမှန်း ချက်ချင်းသိရင်တောင် ကယ်ဖို့က မလွယ်ဘူး၊ နစ်ပြီးတော့ အလောင်းပေါ်တော့မှပဲ သွားဆယ်ရတယ်”ဟု ရဲဝန်ထမ်းက ဆက်လက်ပြောကြားသည်။

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံတွင်ရှိသော ညောင်ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့နှင့် (၃၅)မိုင်ခန့် သာကွာဝေး၍ နေ့ချင်းပြန်ခရီးပေါက်သည့်အတွက် တစ်ပတ်လျှင် လူဦးရေ နှစ်သောင်းဝန်းကျင်ခန့် လာရောက်လည်ပတ်ကြောင်း သိရသည်။

နွေရာသီနှင့် ဆောင်းရာသီတို့တွင် လာရောက်လည်ပတ်သူများပြားပြီး အစိုးရ ရုံးပိတ်ရက်များတွင် တစ်ရက် လျှင် ငါးထောင်ကျော်အထိ လာရောက် တတ်ကြောင်း ညောင်ချောင်းသာ ကမ်းခြေတွင် ဈေးရောင်းသူ များက ပြောကြားသည်။



From:myanmar express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်