ကရင် အမျိုးသား အစည်း အရုံး (ကေအန်ယူ) ဒု-ဥက္ကဌ နော်စီ ဖိုးရာစိန် စီးနင်းလာတဲ့ကား ဟာ ဒီနေ့ မွန်းလွဲ ၃ နာရီ လောက်မှာ ထိုင်း-မြန်မာ နယ်စပ် ထာ့ဆောင် ယန်းမြို့နယ် မယ်ရမတ်နဲ့ မယ်လ ဒုက္ခသည် စခန်း ကြား မှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ကရင် အမျိုး သမီး အစည်း အရုံး အတွင်း ရေးမှူး ၂ ဖြစ်သူ နော်စီးယိုဖောက “မယ်လ စခန်းနဲ့ မယ်ရ မတ်ကြား မှာ တိမ်းမှောက် သွားတာ ဖြစ်တယ်။ ကားပေါ် မှာ ဒရိုင်ဘာ အပါအ၀င် ၆ ယောက်ပါတယ်။ ကားက ချောက်ထဲ ကျသွားတော့ ၆ ယောက် စလုံး ဒဏ်ရာ ရတယ်။ ၂ ယောက်က ဒဏ်ရာ အပြင်း အထန် ရတယ်။ ဆရာမ စီဖိုးရာ အခြေအနေ ကိုတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ကေအန်ယူ ဒုဥက္ကဌ နော်စီဖိုးရာစိန်နဲ့ အဖွဲ့ဟာ ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ တနေ ရာမှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ ကရင် အမျိုး သမီး အစည်း အရုံး (KWO) နေ့ အခမ်း အနားကို တက်ရောက်ပြီး အပြန်မှာ အခုလို ကားတိမ်းမှောက် ခဲ့တာပါ။
ကေအန်ယူ ဒုဥက္ကဌ နော်စီဖိုးရာစိန် အပါအ၀င် ဒဏ်ရာ ရရှိ သူတွေကို မဲဆောက်မြို့ ဆေးရုံကြီး ပို့ဆောင် ထားတယ်လို့ နော်စီးယိုဖောက ပြောပါတယ်။
From: DVB
Time in Rangoon

0 comments:
Post a Comment