Saturday, April 06, 2013

မြန်မာတပ်မတော်သား ( ၁၃ )ဦး သေဆုံးမှု ထိုင်းစစ်သားများအား မြန်မာအစိုးရ စွပ်စွဲ

Posted by drmyochit Saturday, April 06, 2013, under | No comments


ရနောင်း ဧပြီ ၆

ကော့သောင်း ဒေသတွင် မြန်မာ -ထိုင်းနယ်စပ်အနီး မြန်မာ့ တပ်မတော်သား ၁၃ ဦး အသတ် ခံရသည့် ကိစ္စနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံ Chumphon ဒေသရှိ ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသော ထိုင်းစစ် သား ၆ ဦးအား စစ်ဆေးမေးမြန်း ပေးရန် မြန်မာ အာဏာပိုင်များက ထိုင်းအစိုးရအား တောင်းဆို ထားကြောင်း သိရသည်။

ရနောင်းဒေသ ကရာဘူရီခရိုင် အစိုးရ မြန်မာနယ်စပ်ရွာတစ်ရွာတွင် ယမန်နေ့က မြန်မာတပ်ဖွဲ့များ နှင့် မည် သည့် အဖွဲ့အစည်းမှန်းမသိရသော လက်နက်ကိုင်တပ်ဖွဲ့ များအပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြန်မာ တပ်သား ၁၃ ဦးသေဆုံး၍ နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ထိုင်းစစ်ဘက်အရာရှိများ ၏ ပြောဆို ချက် ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍ မြန်မာ အာဏာပိုင်များက ဆေးရုံတွင် ဆေး ကုသမှုခံယူနေရသော ထိုင်းစစ် သား ၆ ဦးမှာ အဓိက တာဝန်ရှိသူဟုဆိုကာ စစ်ဆေးမေးမြန်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန မှ အမည်မဖော်လိုသူသတင်းရင်းမြစ်၏ အဆိုအရ အဆိုပါ စစ်သား ၆ ဦးခန့် ရင်ဆိုင်ပစ်ခတ်မှုအပြီးတွင် နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ၀င်ရောက် သွားကြောင်း သိရသည်။ သေဆုံးသူ ၁၃ ဦးတွင် တပ်ရင်း ၅၉၂ မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးပါဝင်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များကမှု အဆိုပါ ဖြစ်ရပ်အတွက် တာဝန်ရှိသူများ မှာ ယမန်နှစ်က မြန်မာ့ပိုင်နက်အတွင်း ဖမ်းဆီးခံ ရသူတိုင်း နိုင်ငံသားများနှင့် ဆက်စပ်မှုရှိမရှိ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း၊ ဖြစ်ရပ်တွင် မည့်သည့် အဖွဲ့အ စည်း မှန်း မသိ ရသည့် လက်နက်ကိုင် ဦးရေ ၅၀ မှ ၆၀ ခန့် အထိပါဝင်ခဲ့ကြောင်း ဆိုသည်။

“ထိုင်းစစ်သားတွေ ဒီတိုက်ခိုက်မှုကို လုပ်စရာဘာအကြောင်းမှ မရှိပါဘူး။”ဟု ထိုင်းအမှတ် ၂၅ ခြေလျင်တပ်ဖွဲ့၏ အထူးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး Kriang Krai Srirak ကဆိုသည်။

ယမန်နှစ်က ထိုဒေသတွင် ထိုင်းနိုင်ငံသား ၉၂ ဦးအား တရားမ၀င် လက်နက် ကိုင်တွယ်မှု အပါအ၀င် စွဲချက် များဖြင့် ဖမ်းဆီးခဲ့ပြီး ၉၀ ဦးအား ပြန်လွှတ်ပေး ခဲ့သော်လည်း ၂ ဦးကိုမှု မူးယစ်ဆေးမှု အပါအ၀င် စွဲချက် များဖြင့် ထောင် ဒဏ် နှစ် ၂၀ ထက်မနည်း ချမှတ်ခဲ့သည်။

PN – 055
Ref Bangkok Post

Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်