Saturday, April 06, 2013

နိုင်ငံ့ဝန်ထမ်းဥပဒေအရ ၀န်ကြီးဌာနအကြီးအကဲက တိုက်ရိုက်ဆွဲခန့်၍ မရတော့

Posted by drmyochit Saturday, April 06, 2013, under | No comments


ရန်ကုန်၊ ဧပြီ-၁

ဝန်ကြီး ဌာန များတွင် မိုးကျရွှေကိုယ်ဟု လူသိများသော အဆင့်မြင့်ပိုင်း ရာထူးများကို သက်ဆိုင်ရာ ၀န်ကြီး ဌာန အကြီး အကဲက မိမိတို့နှင့် နီးစပ်သူ တပ်မတော်အရာရှိများအား တိုက်ရိုက်ခန့်၍ မရတော့ဘဲ ရာထူးဝန် အဖွဲ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူပြီးမှ ခန့်ထား ရတော့ မည်ဖြစ် ကြောင်း သတင်းရရှိသည်။

“ဆွဲခန့်တွေကို ခန့်ချင်သလို ခန့်လို့မရတော့ဘူး။ ဥပဒေအရ လုပ်ရတော့မယ်” ဟု သမ္မတရုံး ညွှန်ကြားရေး မှူး ဦးဇော်ဌေးက ပြောသည်။

မတ်လအတွင်း နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၃) အပိုဒ် (က) တွင် သက်ဆိုင် ရာ ၀န်ကြီး ဌာနနှင့် အဖွဲ့အစည်း အကြီးအမှူးသည် ၀န်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ၀န်ထမ်း အမျိုး အစား အလိုက် သတ်မှတ်သည့် စတင်ခန့် ရာထူးအတွက် ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ၀န်ထမ်း များကိုသာ ခန့်ထားရမည်ဟု ဖော်ပြထားသည်။ 

ထို့အပြင် အပိုဒ် (ခ)တွင် ရာထူးဝန် အဖွဲ့သည် ပုဒ်မ (က) အရ ညှိနှိုင်းလာသည့်အပေါ် စိစစ်ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြ ရမည်ဟုလည်း ဖော်ပြပါရှိသည်။

“အကောင်းဆုံးသော ခြေလှမ်းပဲ။ အားလုံးပြောဆိုနေကြတာ ကြာပြီ။ အခုလို အောင်အောင်မြင်မြင် ပြောင်းလိုက်တာကို အများကြီးကြိုဆိုတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် စိုက်ပျိုးရေးပညာရှင်ဒေါက်တာထွန်းဝင်းက ပြောသည်။

ယခင် စစ်အစိုးရလက်ထက်က ၀န်ကြီးဌာနများသို့ ပြောင်းလဲတာဝန်ယူသော ၀န်ကြီးများက အုပ်ချုပ်မှုပိုင်း တာဝန်ယူသော ညွှန်ကြားရေးမှူးရာထူးကစ၍ ညွှန်ချုပ်ရာထူးများအား ယင်းတို့နှင့် နီးစပ်ရာ တပ်မတော်အရာရှိများအား တိုက်ရိုက်ခန့်ထားခဲ့ကြ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း လက်ထောက်ညွှန်ကြားရေးမှူးမှ ညွှန်ချုပ်အထိ ရာထူးနေရာများတွင် အပြောင်း အလဲ ၂၀၀ ခန့် ဖြစ်ခဲ့ရာ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းခန့်ဖြစ်သော ၁၉ နေရာခန့်မှာ တပ်မတော် ဘက်မှ ပြောင်းရွှေ့ တာဝန်ပေးခံရသူများဖြစ်သည်။

ထိုကဲ့သို့ ကြားမှ ၀င်ရောက်လာသော မိုးကျရွှေ ကိုယ်များနှင့် ပတ်သက်၍ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းက သာမန်အားဖြင့် အောက်ခြေမှ တက်လာသော ၀န်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်း ကျင်မှု ပိုင်း တွင် ပြောရန်မရှိသော်လည်း ကြားမှဖြတ်ဝင်လာသော ပုဂ္ဂိုလ်များရှိလာပါက လက်ရှိဝန် ထမ်း များ စိတ်ဓာတ်ကျဆင်းစေနိုင်ကြောင်း၊ ယင်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းများလည်း အထိုက် အလျောက် ကျဆင်း သွားနိုင်ကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ပြောကြားသော မိန့်ခွန်းတစ်ခုတွင် ပြောကြား ခဲ့ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်