ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက် မည် ဆိုသော သတင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင်ကြရန် ပြောကြားထားသည်ဟု သတင်း ရရှိသည်။
အစိုးရ တာဝန်ရှိသူများက ပြည်သူများအား သတိ ပေးထား သဖြင့် ဗုံးခွဲ တိုက်ခိုက်မည့် သတင်းမှာ ကောလ ဟလ သတင်း မဟုတ်ပါကြောင်း ဘူးသီး တောင် အမှတ် (၆) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။
“ ခုဖြစ်နေတဲ့ သတင်းက ကောလဟလ သတင်းဆိုပီး ပြောလို့ မရဘူး။ အာဏာပိုင်တွေ ကိုယ်တိုင်က လူထု ကို သတိ ထားပြီး နေထိုင်ကြဖို့ ပြောထားတဲ့ အတွက် ဒါ ဖြစ်နိုင်ချေ ရှိနေပါတယ်” ဟု သူက ပြော သည်။
လက်ရှိ ရထားသော သတင်းများ အရ ဧပြီ (၆) ရက်နှင့် (၁၁) ရက်နေ့များတွင် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ တစ် ခုမှ ဗုံးခွဲ တိုက်ခိုက်ရန် အစီအစဉ် ရှိသည်ဆိုသော သတင်းအား ရရှိထားကြောင်း အမည် မဖေါ် လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သို့အတွက် လူထုအား စားသတိ၊ လာသတိ ထားရှိကြရန် ဒေသ အာဏာပိုင်များက နီးစပ်ရာမှ တဆင့် သတိ ပေး ပြောကြားထားကြောင်း သူက ဆိုသည်။
ဘူးသီးတောင်မြို့နယ် ရတပ ပါတီ အဖွဲ့ဝင် တစ်ဦးမှလည်း ဘူးသီးတောင်တွင် ဗုံးခွဲ တိုက်ခိုက်မည့် သတင်း မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ယခုအခါ လူထုအား သတိထား နေထိုင်ကြရန် အာဏာပိုင်များက ပြောကြား ထားသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။
၎င်းပြင် နယ်စပ် တလျှောက်တွင် တပ်မတော်မှ လုံခြုံရေး အစီအမံများကို ယခင်ကထက် တိုးမြှင့် ဆောင်ရွက် နေပြီး နယ်မြေ လုံခြုံရေး ကိုလည်း အထူး ဂရုစိုက်လျှက် ရှိသည်ဟု သူက ဆိုသည်။
NEWS BY:နိရဉ္စရာ
Time in Rangoon


0 comments:
Post a Comment