Saturday, April 06, 2013

မြန်မာတပ်မတော်သား ၁၃ ဦး ပစ်သတ်ခံရ၊ ၂ ဦး ပျောက်ဆုံး

Posted by drmyochit Saturday, April 06, 2013, under | No comments


ထိုင်းနိုင်ငံ ကရာဘူရီခရိုင် ရနောင်းမြို့ တဖက်ကမ်း မြန်မာ ဘက်ခြမ်း ကော့သောင်း ပိုင်နက်မှာ ကင်းလှည့် နေတဲ့ မြန်မာ စစ်တပ်ကို အမည် မသိ လက်နက်ကိုင် တပ်က ပစ်ခတ်လို့ မြန်မာ စစ်သား ၁၃ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံး နေတယ်လို့ ထိုင်း လုံခြုံရေး သတင်းကို ကိုး ကားပြီး ဘန်ကောက်ပို့စ် သတင်း က ရေးပါတယ်၊

အဲဒီ ဖြစ်တဲ့ နေရာဟာ မြန်မာ နိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး ရနောင်း တဖက်ကမ်း ကော့သောင်းမြို့ အပိုင်မှာ ဖြစ်ပါတယ်။

ဒီ သတင်းကို မြန်မာ့ တပ်မတော်က သူ့ကို ၅ ရက်နေ့မှာ ပြောကြောင်း အမှတ် ၂၅ အထူး စစ်ဆင်ရေး တပ်ဖွဲ့က ညွှန်ကြား ရေးမှူး ကရိန် ကရိုင် ဆီယတ်က ပြောဆို ချက်ကို ထိုင်းထုတ် မန်နေဂျာ အွန်လိုင်းက ရေးပါ တယ်။

အခင်း ဖြစ်တဲ့ နေရာဟာ မနှစ် တုန်းက တရားမ၀င် ၀င်ရောက် နေထိုင်တဲ့ ထိုင်းလူမျိုး ၉၂ ဦးကို မြန်မာ ဘက်က ဖမ်းဆီးခဲ့တဲ့ တနင်္သာရီ ပိုင်နက် နေရာဖြစ်ပြီး တိုက်ခိုက် သူတွေ ဘယ်သူ ဘယ်ဝါ ဆိုတာ အတည်ပြု နိုင်ခြင်း မရှိပါဘူး။

မြန်မာ့ တပ်မေတာ် ဘက်က လည်း ဒီနယ်မြေကို ကွင်းဆင်း စစ်ဆေး နေတယ်လို့ သူက ပြောပါတယ်။

တိုက်ခိုက် သူတွေ နယ်စပ်ဖြတ်ကျော် ထွက်မပြေးနိုင်အောင် တားဆီး ပေးဖို့ မြန်မာဘက်က ထိုင်းစစ်တပ် ကို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်း ထားပါတယ်။

ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပရာယုဒ် ချန်အိုချာ (Prayuth Chan-ocha)က နယ်စပ် တကြောကို အနီးကပ် စောင့်ကြည့်ဖို့ လက်အောက်ခံ တပ်တွေကို ညွှန်ကြား ထားတယ်လို့ သတင်းက ဆိုပါတယ်။

DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်