Saturday, April 06, 2013

လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်သူများအတွက် မိုင်းရှင်းရာမှ တပ်မတော်သားသုံးဦးကျဆုံးခဲ့

Posted by drmyochit Saturday, April 06, 2013, under | 3 comments


ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး လမ်းလျှောက် သူများ အတွက် တပ်မတော်နှင့် KIO တို့ အကူ အညီ ရယူပြီးမြေမြှုပ်မိုင်း ရှင်းရာမှ တပ်မတော်မှ တပ် သား သုံးဦး ကျဆုံး ခဲ့ကြောင်း တို့ကို မတ်လ ၃၁ရက်၊ Crystal Jade စား သောက်ဆိုင်၌ ကျင်းပ သော ရန်ကုန်မှ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက် သူများ အဖွဲ့လမ်း ခရီး အတွေ့အကြုံ ရှင်းလင်း ပွဲတွင် ငြိမ်းချမ်းရေး လမ်းလျှောက် သူများ အဖွဲ့ တာဝန် ခံကို ရန်နိုင်ထွန်းက မြန်မာ သံတော်ဆင့်သို့ ပြော သည်။

၎င်းအဖွဲ့ ရောက်ရှိချိန်တွင်ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကို အထိုက်အလျောက် ရပ်တန့် နိုင်ခဲ့ကြောင်း၊တပ်မတော်နှင့် KIO တို့ အကူအညီရယူပြီး လမ်းခရီးတစ်လျှောက် မြေမြှုပ်မိုင်းများ ရှင်းလင်း နိုင်ခဲ့ကြောင်း၊

စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း သုံးမရခဲ့သော မြစ်ကြီးနား- ဗန်းမော်လမ်းကိုလည်း လူများ သွားလာ နိုင်အောင် လုပ်ပေးထား နိုင်ခဲ့ကြောင်း တို့ကို ““လမ်းခရီး တစ်လျှောက်မှာ နိုင်ငံရေး သမား တချို့က ကျွန်တော် တို့ကို ကူညီပေး သလိုနဲ့ သြဇာ လွှမ်းမိုးချင်တဲ့ လုပ်ရပ်တွေကို ခုခံနေရတယ်။

တပ်မတော်နှင့် KIO တို့ အကူ အညီ ရယူပြီး မြေမြှုပ် မိုင်း ရှင်းလင်း ရာမှ တပ်မတော်မှ တပ်သား သုံးဦး ကျဆုံး ခဲ့ရတယ်။ မိုင်းကြား ထဲမှာ လမ်းလျှောက် ရတဲ့အခါ စိတ် လှုပ်ရှား ဖို့ ကောင်းတယ်။ ကျွန်တော်တို့ ဒီခရီးစဉ် အတွက် ၀မ်းသာဖို့ အချိန် မရ လိုက်ဘူး။ 

လိုင်ဇာ ရောက်တာနဲ့ လက်ပံတောင်းတောင်ကိစ္စဖြစ်တယ်။မြစ်ကြီးနား ရောက်တာနဲ့ မိတ္ထီလာ ကိစ္စဖြစ် တယ်။ ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့တာတွေ သဲထဲရေသွန်ဖြစ်ပြီလားလို့ခံစားမိတယ်”” ဟု ကိုရန်နိုင်ထွန်းက ပြောကြား ခဲ့သည်။

အဆိုပါ ခရီးတွင်အဖွဲ့ဝင်များထဲမှ လမ်းတစ်လျှောက် ဆေးရုံတက်ရသည့် လူနာများရှိကြောင်း၊ ရန်ကုန်မှ စထွက် လာစဉ် လူဦးရေ ၂၇ ဦးဖြင့် လမ်းလျှောက်ခဲ့ပြီး လမ်းတစ်လျှောက်တွင် မြို့နယ်အသီးသီးမှ လိုက်ပါ လာသူ များခြင်းကြောင့်လိုင်ဇာရောက်လျှင် အဖွဲ့ဝင် ၁၃၁ ဦးရှိကြောင်း၊

ကချင်စစ်ဘေးသင့် ဒုက္ခသည်များ၏ ဒုက္ခများကိုပြည်သူများ သိရှိအောင် ပြုလုပ်သွားမည်ဖြစ်ကြောင်းတို့ကို ယင်း အဖွဲ့မှ သတင်း နှင့်ပြန်ကြားရေးအဖွဲ့ဝင်ကိုအောင်မင်းနိုင်က မြန်မာသံတော်ဆင့် သို့ပြောသည်။

လမ်းခရီးတစ်လျှောက်ရရှိလာသောအလှူငွေများကို မိုးညှင်းမှ လိုင်ဇာအထိ ငွေကျပ်သိန်း ၃၂၀ ကျော် လှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း၊ကချင်ပြည်နယ်ကို စ၀င်ကတည်းက စစ်ဘေးသင့် လူထုများ၏ ဒုက္ခများကို ခံစား ရကြောင်း၊ 

ကချင်ပြည်နယ်တွင် ဒုက္ခသည် တစ်သိန်း နီးပါး ရှိကြောင်း၊ လိုင်ဇာတွင် အလံ စိုက်ခွင့် မရ ခဲ့ကြောင်း၊ အဖွဲ့ အစည်း တစ်ခု အနေဖြင့်ရပ်တည်ရန် ဆန္ဒမရှိကြောင်းနှင့် ငြိမ်းချမ်းရေး ရရန်အတွက် တတ်နိုင်သော ဘက် ကတောင်းဆို သွားမည်ဖြစ်ကြောင်းတို့ကို ၎င်းအဖွဲ့ဝင် ကိုဇင်ကိုကိုက ပြောကြားခဲ့သည်။

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများအဖွဲ့သည် ဇန်န၀ါရီလ ၂၁ ရက်၊ နံ နက် ၇ နာရီတွင် ရန်ကုန်မြို့တော် ခန်းမရှေ့မှ စတင်ထွက်ခွာခဲ့ပြီး လူပုဂ္ဂိုလ် ၂၂ ဦးနှင့် သံဃာတော် တစ်ပါး အပါအ၀င် စုစုပေါင်း ၂၃ ဦးသည် လိုင်ဇာမြို့သို့ ၄၅ ရက် နှင့် ၅၅ ရက်ကြား လမ်းလျှောက်ခဲ့ကြပြီးအဆိုပါ လမ်းလျှောက် သူများအဖွဲ့ 

ပဲခူးမြို့သို့  ရောက်ရှိချိန်တွင် ၎င်းအဖွဲ့ အားလိုက်ပါပို့ဆောင်သူ၂ ဦးကို ပဲခူးမြို့အ၀င်၊ ရွှေရှမ်းလေး စားသောက် ဆိုင်ရှေ့၌ ဇန်န၀ါရီ ၂၂ ရက်၊ ည ၇ နာရီ၁၀ မိနစ်ခန့်တွင် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး မတ်လ ၂၅ ရက်တွင် ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့သည်။

မြန်မာသံတော်ဆင့် သတင်းစာ

3 comments:

ရဲဘော် အကျိုး မရှိ တဲ့ ကောင်တွေ အတွက် ကျဆုံး ရတာ မတန်ဘူးကွာ

ကောင်းရာသုကတိလားပါစေ

ဆိုင်ကယ်မတိုက်ပဲ ကားတိုက်ခံမှာ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်