ဖွဘုတ်ကြီးပေါ်မှာ ပြည်သူ တွေ အထင်လွဲ ခံရဆုံးကတော့
စစ်သား နဲ့ ဆရာဝန် ထင်မယ် ဆရာဝန်တွေက ပြည်သူတွေကို
ကြင်ကြင် နာနာ ဆေးကုပေးတယ် ဒါပေမဲ့ တစ်ယောက်သော
ဆရာဝန် မကောင်းမှု့ကြောင့် ဂျာနယ်တွေက အစ
ဆရာဝန်တွေက ဘယ်လို
ဘယ်လိုဆိုပြီး ဝေဖန်ကြတယ် လေကန်ကြတယ်ပေါ့....
ဒါပေမဲ့ အဖြစ်က (တစ်ယောက်သော ဆရာဝန် ကြောင့်ပါ)
ကဲ စစ်သားတွေကို ကြည့်ရအောင် သူတို့လည်း အတူတူပဲ
ခုကြည့် ဘယ်နေရာမှာ ပြည်သူတွေ ဒုက္ခရောက်ရောက် ဘယ်သူကူညီတာလဲ
ပြည်သူတွေ ခု ရေလို အပ်တဲ့နေရာတွေ ဘယ်သူကူညီတာလဲ
မိတ္တီလာ မှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာပဲ မီးလောင်လောင်
ဘယ်ဒေသမှာပဲ ဒုက္ခဖြစ်ဖြစ် စစ်သား မကူညီတာ တစ်ခုမှ မရှိဘူး
(တစ်ချို့ဆို တိုက်ပွဲမှာ အသက်စွန့်ရတယ် )
ဒါပေမဲ့ တစ်ချို့သော စစ်သား မကောင်းမှု့ကြောင့် (သို့) ဟိုအရင်က
လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ပြောရမယ်ဆိုရင် ဦးသန်းရွှေ ဦးနေ၀င်းပေါ့
အနည်းငယ်ကြောင့် ခု အချိန်ထိ မျက်မှန်စိမ်းတပ်ပြီး ကြည့်ခံရတယ်
ဒါဆိုရင် မေးမယ် မြန်မာနိုင်ငံမှာ စစ်သားနဲ့ ဆရာဝန် မပါပဲ အနာဂတ်ကို
လျောက်လှမ်းနိုင်ပြီလား ........
ခဏခဏ ပြောနေကြ စကားလေးပါပဲ တစ်ဦး တစ်ယောက် မကောင်းလို့
ဆရာဝန် တွေက ဘယ်လို ဘယ်ပုံလို့ ပြောရင် တစ်ကယ် စေတနာထားပြီး
ဆေးကုပေးနေတဲ့ ဆရာဝန်တွေက စိတ်တိုကြတယ်
(စိတ်မကောင်းဖြစ်မယ်ကပိုမှန်မယ်)
တစ်ယောက်မကောင်းလို့ စစ်သားတွေကို ပြောမယ်ဆိုရင်
အသက်ပေးသွားကြတဲ့ စစ်သားတွေရဲ့ ဇနီး မိသားစုတွေက
ရင်စို့ကြမယ်(၀မ်းနည်စိတ်မကောင်းဖြစ်မယ်က ပိုမှန်မယ်)
အဲတော့ အဖွဲ့အစည်း တစ်ခုလုံးကို မပြောပဲ ဖြစ်တဲ့သူကိုပဲ By Name တပ်ပြီး
ရဲရဲ ၀ံ့ဝံ့ ပြောကြရအောင်လားဗျာ...... ခုဟာကဘယ်လိုဖြစ်နေလဲဆိုတော့
ဂျာနယ်တွေကနေ မဟုတ်တာတွေ တင်တဲ့အခါမှာ ပြန်လည် ချေပတဲ့သူ
အားနည်းတော့ ပြည်သူတွေက အမှန်ထင်ကုန်ကြတယ် အဲဒီတော့
မနေနိုင်လို့ သူတို့ဘက်ကနာပြီး
ရေးလိုက်တာပါ မှန်တာကို ပြောလို့ မုန်းလည်း မတက်နိုင်ဘူး...
Credit : Nay Min
Time in Rangoon


0 comments:
Post a Comment