Monday, April 29, 2013

မကြာမီဖွင့်လှစ်မည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုတွင် မတည်ရင်းနှီးငွေ ပေးသွင်းရန် ကုမ္ပဏီ ၇ ခုကျန်နေ

Posted by drmyochit Monday, April 29, 2013, under | No comments

ဇွန်လတွင် ဖွင့်လှစ်မည့် ပုဂ္ဂလိကအာမခံလုပ်ငန်း (၁၂)ခု မှ မြန်မာ့အာမခံလုပ်ငန်းသို့ မတည် ရင်းနှီးငွေ အဖြစ် ပေးသွင်း ရန် ပုဂ္ဂလိက အာမခံလုပ်ငန်း (၇)ခု ကျန်ရှိနေပြီး ၎င်းကုမ္ပဏီ (၇)ခုအား မေလတွင် နောက် ဆုံး ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်း သိန်း က ပြောသည်။

““ပုဂ္ဂလိက အာမခံတွေ အား လုံး အရစ်ကျနဲ့သွင်းလို့မရဘူး။ အလုံးအရင်းနဲ့ အပြည့်သွင်းရမှာ။ အထွေထွေ အာမ ခံ အတွက်က ကျပ်သန်းပေါင်း (၄၆၀၀)နဲ့ အထက်အာမခံအတွက်က သန်း (၆၀၀၀)သွင်းရမှာမို့လို့ သူတို့ ဘာ သာသူတို့ ချိန်ဆနေကြတာပေါ့။ အဘတို့ကလည်း ဘယ်နေ့ဘယ် ရက်သွင်းရမယ်လို့ ပြောလို့ ရပါ တယ်။ အဲ့လို ပြောလိုက်ရင်  ဈေး ကွက်ထဲမှာ ဥပမာ (၄၆၀၀၀) (၁၀)ဦးထွက်သွားမယ်ဆိုရင် သိန်း ပေါင်း (၄၆၀၀၀၀)ဖြစ်သွားခဲ့ရင် ရှင်းရှင်းပြောရရင် ကုန်စည်ငွေ ရေးကြေးရေး လည်ပတ်မှုမှာ နည်းနည်း အထိ အခိုက်ဖြစ်နိုင် တယ်။ ဒါကြောင့် အဘတို့က မပြောဘူး။ ဒါပေမဲ့ သူတို့သိ တယ်။ အဘတို့ Limit လေးတွေ သတ်မှတ်ထားတာရှိတယ်။ အခု ဆိုရင် မေရယ်၊ ဇွန်ရယ်(၂)လပဲ ကျန်တော့တယ်။ မေလမှာ နောက်ဆုံး အချိန်ရောက်နေပြီ။ ဒီ လထဲမှာ သူတို့သွင်းကိုသွင်းရမှာ”” ဟု ၎င်းင်းကပြောသည်။

အဆိုပါ ပုဂ္ဂ လိက အာမခံ လုပ် ငန်း(၇)မှာFirst National Issuenesscom ၊ AR Myanmar Issuenesscom ၊ IKPZ Intranational Kanbawza ၊ Pillar of Truth၊ Effecient Fortune Intranational ၊ Young Global Issuenesscom ၊ Global world တို့ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။


ယဉ်ပပထွန်း
From: The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်