Monday, April 29, 2013

အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်

Posted by drmyochit Monday, April 29, 2013, under | No comments

ယခု ခေတ် စားနေ သည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ် သည် တောင်ကြီးမြို့ ဖုန်းဈေးကွက် အတွင်းသို့ ထုတ်ဈေး ထက် အဆ ငါးဆယ်ခန့် ဈေး တက်ပြီး ရောက်လာ သည်။
ကြားဖြတ် ရွေးကောက်ပွဲ မဟုတ်ပါ၊ ဖုန်းကတ် ကံထူးရှင် ရွေးချယ် ပွဲကြီး ဖြစ်လေ၏ (ဓာတ်ပုံ – ဂျွန်ချစ်ငြိမ်း/တောင်ကြီး)

မဲပေါက်သူ တချို့ ထံမှ လာသည်ဟု ယူဆရသည့် ကတ်တချို့က ဖုန်း အရောင်း ဆိုင်တွင် တကတ် ကျပ် ၇၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်နေ သည်။

“ကျွန်မ တို့ကို ဖုန်းကတ် မဲပေါက် သူတွေက လာရောင်းပေးတယ်…သူတို့ခေါ်ဈေးက ကျပ် ၈၀,၀၀၀ အထိ ရှိတယ်…၊ ကျွန်မတို့ လည်း ဆိုင်မှာပြန်ရောင်းရအောင်လို့ ကျပ် ၆၅,၀၀၀ နှင့်ကောက်လိုက်တယ်၊ ပြီးတော့ ဆိုင် မှာ ကျပ် ၇၀,၀၀၀ နှင့်ပြန်လည်ရောင်း ချပေးပါတယ်” ဟု ဖုန်းနှင့် ဆက်စပ် ပစ္စည်း အရောင်း အ၀ယ် လုပ်သူ တဦးက ပြောဆိုသည်။

ဖုန်းကတ် ဈေးကစားရန်ရည်ရွယ်ချက်မရှိကြောင်း၊ လိုအပ်သူက ၇၀,၀၀၀ ပေးပြီး လာဝယ်လျှင် မိမိတို့ ရောင်းပေး လိုက်ကြောင်း၊ နောက်ပိုင်းလများတွင် ဈေးကျလာနိုင်ကြောင်း ဖုန်းအရောင်းဆိုင်တို့က ပြော ဆို သည်။

မဲနှိုက် သည့်နေ့က ရောက်လာသူတချို့မှာ တန်ဘိုးကြီးမားသည့် မော်တော်ယာဉ်များဖြင့် ရောက် လာကြ သည် ကို တွေ့ရကြောင်း၊ တတ်နိုင် သူတို့က ၀င်ငွေ နည်းပါး သူတို့နှင့် ယှဉ်ပြီး မဲနှိုက်ခြင်းမှာ သူ၏ အခွင့် အရေး ဖြစ်သော်လည်း ထိုလုပ်ရပ်ကို အံ့အား သင့်မိကြောင်း ယူဆသူ လည်း ရှိနေသည်။

ဖုန်း ကတ် အဆ လေးငါးဆယ်ခန့် ဈေးတက်ပြီး ပြင်ပတွင် အရောင်း အ၀ယ်ဖြစ် နေကြောင်းကို သတင်း ဂျာနယ် များ၊ နေ့စဉ် ထုတ် သတင်း စာများတွင် လည်း ဖော်ပြထားကြသည်။

Ref & Credit to Khitmoe Daily Newspaper
From: Myanmar Mobile Application Store

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်