Monday, April 29, 2013

ရန်ကုန်မြစ်အတွင်း သင်္ဘောနှစ်စီးတိုက်မိကျပ်သိန်း ၅၀၀၀ တန်ဆီတင်သင်္ဘောမြုပ်

Posted by drmyochit Monday, April 29, 2013, under | No comments

ရန်ကုန်- စွမ်းအင်ဝန်ကြီးဌာနပိုင် ဆီတင်သင်္ဘောနှင့် ကားများတင်ဆောင်လာသော သင်္ဘောတစ်စီး တိုက်မိကာ ကျပ်သိန်း ၅၀၀၀ ခန့် တန်ဖိုးရှိ ဆီတင်သင်္ဘောမှာ သီလ၀ါဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း နစ်မြုပ် သွားကြောင်း သတင်းရရှိသည်။

သီလ၀ါဆိပ်ကမ်းမှ စင်္ကာပူဆိပ်ကမ်းသို့ပြန်သော ကားတင်သင်္ဘော နှင့် မော်လမြိုင်မှ ရန်ကုန်သို့ ပြန်ဝင်လာသည့် မြန်အောင်ဆီတင် သင်္ဘောတို့သည် ညနေ ၃ နာရီခန့်တွင် တိုက်မိခဲ့ပြီး မြန်အောင် သင်္ဘော နစ်မြုပ် ခဲ့ သည်ဟု စွမ်းအင်ဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။

နစ်မြုပ်ခဲ့သော မြန်အောင်သင်္ဘောသည် စွမ်းအင်ဝန်ကြီးဌာန ပိုင်သင်္ဘောဖြစ်ပြီး ဆီတင်ခြောက်စီးအနက် တစ်စီးဖြစ် ကာ တန်ကြေးအားဖြင့် မြန်မာကျပ်ငွေသိန်း ၅၀၀၀ ခန့်တန်ဖိုးရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

“မှားတာက ဆီတင်သင်္ဘောကမှားတာ။ နိုင်ငံခြားသင်္ဘောကြီး တွေက လမ်းကြောင်းမှန်ရင် ဖယ် ပေးလေ့မ ရှိဘူး” ဟု ယင်းဆိပ်ကမ်းအနီးရှိ သမန်မောင်း သူ တစ်ဦးက သူ၏အမြင်ကို ဆိုသည်။

ရန်ကုန်မြစ်အတွင်း သဲသောင်များကြောင့် ပင်လယ်ကူးသင်္ဘောများသည် အလွယ်တကူရှောင်တိမ်း ရန်ခက်ခဲကြောင်း ၎င်းကပြောသည်။

နစ်မြုပ်ခဲ့သော မြန်အောင် ဆီတင်သင်္ဘောတွင်ပါရှိသည့် သင်္ဘောသား ၁၇ ဦးအား အနီးရှိရေ တပ်စစ် သင်္ဘောမှ အချိန် မီ ကယ်တင်နိုင် ခဲ့သောကြောင့် လူအသေ အပျောက် မရှိကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။ ဆီတင်သင်္ဘောသည် မော်လမြိုင်တွင် ဆီများချထားခဲ့သောကြောင့် ရန်ကုန်သို့ ပြန်အ ၀င်တွင် လက်ကျန်ဆီမပါတော့ကြောင်း သတင်းရရှိသည်။

From: 7 Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်