သမ္မတ ဦးသိန်း စိန်ရဲ့ အမေ ရိကန် ခရီးမှာ သမ္မ တရဲ့ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက် ချက်တွေ ကို နိုင်ငံ တကာ သိ အောင် ထုတ်ဖော် ပြောကြား သွား မှာဖြစ်ပြီး ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လဲ ရှင်း လင်း ပြော ကြား သွားဖို့ ရှိတယ် လို့ သမ္မ တရုံး က ပြောပါတယ်။
စက် တင်ဘာ ၂၄ရက်က စတင်လိုက်တဲ့ သမ္မတရဲ့ အမေ ၇ိကန် တစ်ပတ်ကြာခရီးစဉ်ထဲ အဓိက ဘာတွေ လုပ်ဆောင် သွားဖို့ ရှိလဲလို့ ဒီဗွီဘီက ဆက် သွယ်မေးမြန်းရာမှာ သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက ခုလိုထုတ် ဖော်ပြောဆို လိုက်တာဖြစ်ပါတယ်။
အထူး သဖြင့်တော့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘာတွေလုပ်နေတယ်။ ဘာတွေ ဆက် လုပ် သွားမယ်၊ အခက်အခဲတွေ စိမ်ခေါ်မှုတွေက ဘာတွေရှိနေတယ်၊ အဲ့ဒီအတွက် နိုင်ငံတကာက ထောက် ပံ့ကူ ညီမှု ဘာတွေ လိုအပ်နေတယ် ဆိုတာတွေ သမ္မတအနေနဲ့  ထုတ်ဖော်ပြောကြားသွားဖို့ရှိတယ်လို့လဲ ပြောပါ တယ်။
သမ္မ တဦး သိန်းစိန်ရဲ့ အမေရိ ကား ခရီးစဉ်မှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ တွေ့ဖို့ရှိ မရှိ ကတော့ မသိ ရသေး ပါဘူး။ ဒါပေမယ့် ကုလသမဂ အထွေထွေအတွင်း ရေး မှုးချုပ် ဘန်ကီမွန်း၊ အမေရိ ကန်နိုင် ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင် နာဝပ်၊ အမေ ရိကန်နိုင် ငံခြားရေး မူဝါပိုင်းက ဟင်နရီကစ်ဆင်းဂျား၊ တခါ ဥရောပသမဂ အီးယူထိပ်တန်းေ ခါင်း ဆောင်တွေနဲ့ အမေ ရိကန် ထိပ်တန်းစီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ ဖို့ ရှိတယ်လို့ သမ္မတရုံးကပြော ပါတယ်။
DVB TV News
Time in Rangoon


0 comments:
Post a Comment