Monday, April 29, 2013

လက်ပံတောင်း ဆူပူသူများကို အမြန် ဖမ်းဆီးရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုခဲ့ဖူး

Posted by drmyochit Monday, April 29, 2013, under | No comments

လက်ပံတောင်း အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း စီမံကိန်း တည်ရှိရာ ကျေးရွာများသို့ ဒေါ် အောင်ဆန်း စုကြည် သွားရောက်တွေ့ဆုံစဉ်အတွင်း ဒေသခံ မဟုတ်ဘဲ ရွာတွင်း အခိုင်အမာ စခန်းချ နေထိုင်သည့် ဟန် ၀င်း အောင် တို့ လူအုပ်စုကို တရားဥပဒေနှင့် အညီ ဖမ်းဆီးသင့်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူ များ ကို ပြောကြားခဲ့ဖူးသည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေ အတိုင်းအရေးယူရမှာပဲ။ အခုက ဒေသ ခံတွေ ကို မြှောက်ပင့်ပြီး ဆူ ပူအောင် လုပ်နေတာ။ ဟု အန်အယ်ဒီ ပါတီဝင် များနှ င့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ အရှေ့တွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။  အတိအကျ မပြောနိုင်သော သတင်းများအရ ဟန်ဝင်းအောင်နှင့် အပေါင်း အပါ အုပ်စု အား ဖမ်းဆီးရန် အမိန့် ပေးခဲ့သော်လည်း ဖမ်းဆီးခြင်း မပြုခဲ့သည့် ခရိုင်ရဲမှူးကြီး အရေးယူခံရဖွယ် ရှိသည် ဟု ဆိုသည်။ ပြည်တွင်းနေ ပြည်သူများမှလည်း တရားစွဲ ထောင်ချနိုင်သည့် ပြစ်မှုပေါင်းများစွာ ကျူးလွန်ပြီး ရွာ သား များကို နောက်ကွယ်မှ မြှောက်ပင့်သွေးထိုးနေသည့် ထိုအုပ်စု တစ်စုအား  အရေးယူ ဖမ်းဆီးခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပေါ် အားမလို အားမရ ဖြစ်လျှက် ရှိသည်။

နောက်ဆုံး သတင်းများအရ ဟန်ဝင်းအောင် နှင့် အဖွဲ့သည် အခိုင်အမာ စခန်း ချ ထားသည့် ရွာများအတွင်း လှည့် လည် ပုန်းအောင်းလျှက် ရှိပြီး ပါတီ အဖွဲ့ အ စည်းများ၊ ဒေသခံများနှင့် တာဝန်ရှိသူများက ပူးပေါင်း ကာ ဖမ်း ဆီးနိုင်ေ ရး ဆောင်ရွက်လျှက် ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်