Monday, April 29, 2013

မန္တလေးဘူတာ၌ အကျင့်ပျက်ဝန်ထမ်းတချို့ ရှိနေ

Posted by drmyochit Monday, April 29, 2013, under | No comments

မန္တလေး၊ ဧပြီ ၂၈။

မန္တလေးမြို့ ဘူတာကြီးတွင် အောက် စင်္ကြန်လမ်း လက်မှတ် သိမ်းဆည်းရေး တာဝန်ခံ တစ်ဦးဖြစ် သူသည် မန္တလေး မှ မြစ်ကြီးနား သို့ သွားရောက် သည့် ခရီးသည်များ အပါအဝင် ဝန်ထမ်းငယ် အချို့နှင့် ဘူတာ ကြီးတွင် လုပ်ကိုင် စားသောက်နေ သူ ဈေးသည် အချို့အား မတရား ကိုယ်ထိ လက်ရောက် နိုင့်ထက် စီးနင်းပြု လုပ်လျက် ရှိနေ၍ တာဝန်ရှိသူများက ယင်းဝန်ထမ်းအား စိစစ်ပေးစေလိုကြောင်း အဆိုပါ ဘူတာ ကြီးမှ ဈေးသည် အချို့နှင့် ဝန်ထမ်းအချို့၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မ တို့ ဆိုရင် ဘူတာမှာ စည်းကမ်းမဲ့ရောင်းတဲ့ ဈေးသည်တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီလိုရထား ဆိုက်တဲ့ အချိန်တွေဘဲ ရောင်းတာပါ။ တခြားလုပ်ကိုင် စားသောက်ဖို့ဆိုတာလည်း အဆင် မပြေ လို့ ဒီအလုပ်ကိုဘဲ အပြောအဆိုခံပြီး လုပ်ကိုင်နေရတာပါ။ သူအနေနဲ့ စည်းကမ်းမဲ့ဈေးသည်တွေကို ဖမ်း မယ် ဆိုရင် တာဝန်နဲ့ အညီ ဖမ်းလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ထိလက်ရောက်စော်ကားတွေတာ။ ဈေး ရောင်း ပစ္စည်းတွေ ကို ဖျက်ဆီးတာတွေတော့ မလုပ်သင့်ပါဘူး”ဟု ယင်းဘူ တာတွင် ထိုးမုန့်ရောင်းသူ အ မျိုး သမီး တဦးက ပြောကြားသည်။

ထို့နောက် အဆိုပါတာဝန်ခံသည် စည်းကမ်းမဲ့ဈေးသည်များအား ဖမ်းဆီးရာ၌ လူအများကြားတွင် မဖွယ် မရာ စကားများ ပြောဆိုခြင်းနှင့် ကိုယ်ထိလက်ရောက်စော်ကားခြင်းအား ပြုလုပ်သည် သာမက ဈေးရောင်း ပစ္စည်းများဖြစ်သည့် အိုးခွက်ပန်း ကန်များအား ရိုက်ခွဲခြင်းများ ပြုလုပ်မှုရှိကြောင်း ဘူတာ၌ ထမင်းရောင်းသူ အမျိုး သား တစ်ဦးက ပြောသည်။

“ကျွန်တော့်ကိုလည်း ဈေးရောင်းလို့ ဖမ်းတုန်းကဆိုရင် ထမင်းအိုးတွေကော ပန်းကန်တွေကော အကုန် ရိုက်ခွဲ တာတွေ လုပ် တယ်။ ရိုးရိုးဖမ်းသလိုမျိုး မဟုတ်ဘူး။ မင့်မဲ့စရိုက်ဆန်ဆန် ဖမ်းတာ။ ပြီးတော့ သူ့ လက်အောက် က ဝန်ထမ်းတွေကိုလည်း ရာထူးကြီးတယ်ဆိုပြီး နှုတ်ကြမ်းကြမ်းနဲ့ ပြောဆို တာတွေ ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် အဆိုပါဝန်ထမ်းသည် ၎င်းတာဝန်နှင့် မသက်ဆိုင်သည့် လက်မှတ် အရောင်းဌာနမှ တာဝန် ရှိသူ များနှင့် ပူးပေါင်းကာ ရထားလက်မှတ်များအား တရားမဝင် ယူဆောင်၍ ရထားဘူတာ အနီးရှိ စားသောက် ဆိုင် အချို့၌ မှောင်ခိုဈေးကွက်သဖွယ် ရောင်းချမှုများ ပြုလုပ်သည့်အတွက် ပုံမှန်လက်မှတ်တစောင်လျှင် ၄၁၅၀ ကျပ်ရှိရာ ၎င်းမှ ယခုအချိန်၌ လက်မှတ်တစောင်လျှင် ရှစ်ထောင်နှုန်းဖြင့် ပြန်လည်ရောင်းချလျက် ရှိကြောင်း မျက်မြင်သိရှိသူများက ပြောကြသည်။

“သူက ဒီရထားလက်မှတ် အရောင်းဌာနကလူတွေနဲ့ပေါင်း မန္တလေး မြစ်ကြီးနား ရထား လက်မှတ်တွေ ကိုထုတ် လက်မှတ် တန်းစီတဲ့ လူအချို့ထဲက အတဲ့ လူတွေကို သူတို့စုရပ် နေရာကိုချိန်းပြီး ရိုးရိုးတန်း တစောင် ကို လ္ဘက်ရည်ဖိုးဆိုပြီး လေးထောင် ငါးထောင်လောက် ပြန်ရောင်းတယ်။ ပြီးရင်လည်း သူပိုင်တဲ့ ကားလို ရထားတွဲတွေက အဆင်မပြေတဲ့ ခရီးသည်တွေကို မဖွယ်မရာတွေ ပြောတာလည်း ရှိတယ်”ဟု ယင်းဘူ တာမှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ထို့ပြင် လတ်မှတ် သိမ်းဆည်းရေး တာဝန်ခံ၏ တစ်နေ့အသုံးစရိတ်သည် နှစ်သောင်းနှင့် အထက် တွင် ရှိကြောင်း သိရပြီး ယင်းသည် တစ်လလျှင် တရားဝင်လစာ ၉သောင်းနှင့် တစ်သိန်းနီးပါးခန့်သာ ရ ရှိသောကြောင့် အကျင့်ပျက်ဝန်ထမ်းအား သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်အရေးယူပေးစေလိုကြခြင်း ဖြစ်ကြောင်း၊  ၎င်းအနေဖြင့် ယခုအပြုအမူများကဲ့သို့ ဆက်လက် ပြုလုပ်သွားမည် ဆိုပါက နောက် တချိန် တွင် မဖြစ်သင့်သည့် ပြဿ နာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း အဆိုပါဝန်ထမ်းနှင့်နီးစပ်သူ တစ်ဦး ၏ ပြောကြား ချက် အရ သိရသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်