Monday, April 29, 2013

ဟန်ဝင်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ ကပ်၍ ဖမ်းဆီးပြီ

Posted by drmyochit Monday, April 29, 2013, under | No comments

လက်ပံတောင်း ဒေသတွင် ရွာသူရွာသားများ အကြား သွေးထိုးမြှောက်ပင့်ကာ ဆူပူမှုများ ဖြစ်စေသည့် ဟန် ၀င်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ နေရာအနှံ့ကပ်၍ ဖမ်းဆီးမှု စတင်နေပြီ ဖြစ်ကြောင်း သိရ သည်။

အစော ပိုင်း ဝေငှခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကြေညာချက်၌ အမှုဖွင့်ခံရသူများကို သ တင်းပေး တိုင်ကြားရန် ပျက်ကွက် သူများအား ထောင်ဒဏ် ၆ လ အထိ ချမှတ်ခံရနိုင်ကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇၆ တွင် ပြဋ္ဌာန်းထားကြောင်း၊ သေဒဏ်ပြစ်မှု ကျူးလွန်သူကို လက်ခံထားပါက ၅ နှစ်ထောင် ဒဏ်၊ တစ်ကျွန်း သို့မဟုတ် ၁၀ နှစ် ပြစ်မှုကျူးလွန်သူကို လက်ခံထားက ထောင်ဒဏ် ၃ နှစ်အထိ၊ တစ်နှ စ်နှင့် ဆယ်နှစ်အကြား ထောင်ဒဏ်ထိုက်သင့် သူကို လက်ခံထားပါက ပြဋ္ဌာန်းကာလ၏ ၄ ပုံ ၁ ပုံကို အပြစ်ေ ပးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၂ တွင် ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။

ဟန်ဝင်းအောင် နှင့် အဖွဲ့သည် အခွင့်အရေး အပြည့်အ၀ ရမည်ဟူသော မက် လုံးဖြင့် ရွာတစ်ရွာအား စည်း ရုံး ထားပြီး အခိုင်အမာ အခြေချ နေထိုင်လျှက် ရှိကြောင်း သိရသည်။ ဆူပူသူများအား ဖမ်းဆီးနိုင်ရေး အ တွက် ခရိုင်ရဲတပ်ဖွဲ့ အား အတိုက်အခံ ပါတီကြီး တစ်ခုမှ အကူအညီ ပေးလျှက် ရှိပြီး ပြည်သူများ ကလည်း ပူးပေါင်း ဆောင်ရွက်လျှက် ရှိသည်။
======================================================


၂၀၁၃ ၊ ဧပြီ ၂၈


စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အောက်ပါပုဂ္ဂိုလ် ၈ ဦးကို အမှုဖွင့် အရေးယူထားပြီး လက်ခံထား သူတွေ ကို ပါ အရေး ယူမှာ ဖြစ်တယ်လို့ ယနေ့ ဧပြီ ၂၈ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။


၁။ ကိုအောင်စိုး (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်) အမှု ၁၄ မှု

၂။ ကိုဟန်ဝင်းအောင် (နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး) အမှု ၅ မှု

၃။ ကိုဗထူး (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်) အမှု ၉ မှု

၎။ ကိုသောင်းထိုက် (ရန်ကုန် ၀ိဇ္ဇာ သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ယက် ) အမှု ၁၈ မှု

၅။ ကိုသားကြီး (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်) အမှု ၆ မှု

၆။ ကိုလတ် (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်) အမှု ၈ မှု

၇။ ကိုသော်ဇင် (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်) အမှု ၅ မှု

၈။ ကိုသူ (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်) အမှု ၁ မှု တို့ဖြစ်ပါတယ်။


အမှုဖွင့် ထားသူ စာရင်းကို လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း အနီးက ရွာ ၂၆ ရွာမှာ ကြေညာချက် ထုတ်ပြန် ထာပြီး သတင်းပေးမှု ပျက်ကွက်ရင် လက်ခံထားရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၇၆ အရ အရေးယူ မယ်လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

From: OPP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်