Monday, April 22, 2013

မန္တလေး ဘူတာကြီးတွင် အထက်တန်း အိပ်စင်တွဲတစ်တွဲ မီးလောင်မှု ဖြစ်ပွား

Posted by drmyochit Monday, April 22, 2013, under | No comments


 မန္တလေး ဧပြီ  ၂၁

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မန္တလေး ဘူ တာကြီး ဘူတာရုံ သံလမ်းအမှတ် (၁ဝ)တွင် ရပ်နား ထားသော ရထားတွဲ အမှတ် BNUEZ-12665 အ ထက် တန်း အိပ်စင် ရထား တွဲဆိုင်းသည် ယနေ့ ညနေ ၄ နာရီ ၁ဝ မိနစ်တွင်  မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်း သတ်နိုင် ခဲ့ကြောင်း သိရ သည်။

အဆိုပါ  မီးလောင်မှု ဖြစ်ပွားရာ  ရထားတွဲနေရာသို့  မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃၅ စီး၊ သန္ဓေမီး သတ် တပ်ဖွဲ့ဝင် ၃၈ ဦးနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင် ၁၅၅ ဦးတို့ဖြင့် မီး ငြှိမ်းသတ် ခဲ့ကြပြီး မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု မရှိကြောင်း သိရသည်။           

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်း၊ အထက်မြန်မာပြည် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်၊ တိုင်းမီး သတ် ဦးစီးမှူး ဦးကျော်တိုး နှင့်အဖွဲ့ ရောက်ရှိခဲ့ပြီး မီးလောင်ကျွမ်း ရခြင်း၏ အကြောင်းအရင်းကို စုံစမ်း စစ်ဆေး လျက် ရှိကြောင်း  သတင်း ရရှိသည်။

From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်