Monday, April 22, 2013

ဘုရားစေတီပုံပါသော ထမီပိတ်စများရောင်းသည့် ယုဇနပလာဇာမှ မေခလာသိန်း(သမီး)အထည်ဆိုင်ကိုအမှုဖွင့်ထား

Posted by drmyochit Monday, April 22, 2013, under | No comments


ဘုရား စေတီ ပုံများ ပါရှိသော  ထမီ ပိတ်စများ အား ယုဇန ပလာဇာ  ရှိ မေခ လာသိန်း (သမီး) အထည် မျိုးစုံ လက်လီ လက်ကား ရောင်းဝယ်  ရေးဆိုင်တွင် တွေ့ရှိ၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းက သာသနာ ငြိုးနွယ် စေမှုဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သာကေ တမြို့နယ်နေ မဥမ္မာ   နှင့် သူငယ်ချင်းများသည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ယုဇန ပလာဇာရှိ မေခလာ သိန်း (သမီး) အထည်မျိုးစုံလက်လီလက်  ကားရောင်းဝယ်ရေးဆိုင်တွင် ထမီ ပိတ်စများကြည့်နေစဉ်အရောင်း မိန်းကလေးတစ်ယောက်မှ ဘုရား စေတီပုံများပါရှိသော ပိတ်စအား တစ်ထည်လျှင် ၃၅၀၀ ဖြင့် ရောင်းချ၍ မဥမ္မာမှ တစ်ထည် ၀ယ်ယူခဲ့ကာရင်းနှီးသူကိုအောင် ငြိမ်းကျော်နှင့် ကိုဝင်းကြိုင်တို့အား  ပြသရာကိုဝင်းကြိုင်နှင့် တိုဟောင် ငြိမ်းကျော်တို့မှ မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ဘုရားစေတီပုံများပါရှိသော  ထမီးပိတ်စနှစ်ထည်ဝယ်ယူ၍ မင်္ဂလာတောင်ညွန့်ရဲစခန်းသို့သွား ရောက်တိုင်ကြားရာရဲစခန်းမှ သက်သေခံပစ္စည်းကအဖြစ် ထမီ  ပိတ်စနှင့် ဟောင်များအား သိမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းနောက်မြို့နယ်မှူး စခန်း မှူးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ  မဥမ္မာကိုဝင်းကြိုင်ကိုအောင်ငြိမ်း ကျော်တို့သည်မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရာ မတွေ့ရှိ၍ မဥမ္မာမှ ဆိုင်ထဲသို့ဝင် ရောက်ပြီး ရှာဖွေတော့မှ ဘုရား စေတီပုံများပါရှိသော ထမီ (၇) ထည်အား ထပ်မံတွေ့ရှိကြောင်း သိရှိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မဥမ္မာကိုအောင်ငြိမ်းကျော်၊ ကိုဝင်းကြိုင်တို့မှ ဆရာတော်ဦးဝီ ရသူထံ ဖုန်းဆက် လျှောက် ထားရာ မှ ဆရာတော်မှ ရန်ကုန်ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ်တွင်ရှိသော  ဆရာတော် ဦးကေ သရနှင့် ဦးပါမောက္ခ တို့ထံ သို့ သွားရောက် လျှောက်ထားခိုင်းရာမှဦးကေသရ နှင့် ဆရာတော် (၇) ပါး (ယောင်္ကျား+ မိန်းမ) (၁၀) ယောက်တို့သည်။ မင်္ဂလာတောင် ညွန့်ရဲစခန်းသို့ ၁၄.၄.၂၀၁၃ ရက်နေ့တွင် သွားရောက် ပြီး မြို့နယ်မှူးစခန်းမှူးတို့နှင့် တွေ့ဆုံ ၍ အကြိုအကြောင်းမေးမြန်ရာ မြို့နယ်မှူးမှ တမင် ရည်ရွယ်ချက် နဲ့ လုပ်တာမဟုတ်ကြောင်း လျှောက်ထားရာဆရာတော်ဦးကေ သရမှ မြို့နယ်မှူး လျှောက်ထား သော စကားအားလက်မခံကြောင်း  မနောကံဆိုကာဘုရားမှတစ်ပါး ကြိုမသိကြောင်း ဒီစကားကို လက် မခံကြောင်း ပြောကြား၍ ဆက်လက်ပြီး မြို့နယ်မှူးမှ ထမီ စတွင် ဘုရားစေတီပုံများပါရှိပြီး ရောင်းချခြင်း မှာ ဘယ်သူမှာ နစ်နာ  သွားသလဲဟုပြောကြားခြင်းကြောင့်  ဆရာတော် (၇) ပါးနှင့် လူပုဂ်္ဂိုလ်  (၁၀) ယောက်မှ မကျေမနပ်ဖြစ် နေ၍ ထေရ၀ါဒဓမ္မကုန်ရက်ဥပဒေ  ရေးရာအကြံပေးဦးအေးပိုင်မှ ဥပဒေ အရပြုလုပ် ရန် ဆရာတော် များအားလျှောက်ထားပြီး ပြန်လာ  ခဲ့ကြောင်း ဆရာတော်နှင့် ထေရ ၀ါဒဓမ္မ ကုန်ရန် ဥပဒေ ရေးရာ အကြံ ပေးဦးအေးပိုင်တို့မှပြောကြား၍ သိရှိရသည်။

ဆက်လက်၍ဆရာတော် ဦးကေသရမှမိန့်ကြားရာတွင် ဘုရားစေတီပုံများပါရှိသော ထမီ တစ်ကွင်းတွင် အပေါ် နားတွင် စေတီရဆူပါရှိပြီး ဟောက်နားတွင်  စေတီ (၇) ဆူပါရှိကြောင်း အပြာ ရောင်ခံ ဘုရား စေတီ ပုံများ ပါရှိသော  ထမီးစအားဗန်မော်ဆရာတော် သို့သိရှိရန်အတွက် ဆက်ကပ်ခဲ့ ကြောင်း မိန့်ကြား ၍သိ ရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ၁၁.၄. ၂၀၁၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ သော်လည်း ရဲစခန်းမှအမှုဖွင့် အရေးယူခြင်းမရှိပဲ။ ၁၄.၄.၂၀၁၃ ရက်နေ့ကြမှ မေခလာသိန်း (သမီး) ဆိုင်ပိုင်ရှင်ကျော်လှိုင်သိန်း အား (ပ) ၂၅၆/၁၃ ပုဒ်မ ၂၉၅ ဖြင့် ရဲမှတရားလိုပြုလုပ်၍ အမှု ဖွင့်ထားကြောင်း အမှုစစ်မှာစခန်း မှူးသက်နိုင်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ၀င်းအောင်နီမှ ပြောပြ ၍ သိရသည်။

ရဲစခန်းမှသက်သေအဖြစ် သိမ်းဆည်းထားသော ပိတ်စများ  မှာ ထမီးရသည်စာအသင့်ဖြတ် တောက်ပီး ဖြစ်သော ပိတ်စများ  ဖြစ်ကြောင်း သိရသည်။


အရိန္ဒမာ (ဘိုကလေး)
From: Hot news Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်