Monday, April 22, 2013

၄၈ လမ်းဗလီပြန်ဖွင့်လို့မရဆိုတာ ဗလီတာဝန်ရှိသူတွေနှင့်သာ သက်ဆိုင်ဟုဝန်ကြီးချုပ်ဆို

Posted by drmyochit Monday, April 22, 2013, under | No comments


ရန်ကုန်မြို့ ၄၈ လမ်းဗလီမီး လောင်မှုနှင့် ပတ်သက်၍ ဒုတိယ အကြိမ် ပြုလုပ်သော သတင်း စာ ရှင်း လင်းပွဲ သို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေတက်ရောက် ခဲ့ပြီး အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ် သက် ၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါစာနယ်ဇင်းရှင်းလင်း ပွဲ၌ “ဒီ (၄၈) လမ်း ဗလီပြန်ဖွင့်လို့ ရ မရဆိုတာနဲ့ ဘယ်တော့ပြန့်ဖွင့် လို့ရ မလဲ ဆို တာကတော့ ဗလီမှာ တာဝန်ရှိတဲ့သူတွေနဲ့ ပဲဆိုင်ပါတယ်။   သူတို့က အထက်ကိုစာတင်ပြီး ခွင့်ပြု မိန့် တောင်း မယ်၊ အထက်က လည်းခွင့်ပြုမိန့်ချပေးမယ်ဆိုပေမယ့် ဗလီဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ က တော့ ဗလီကိုပြုပြင်မွန်းမံမဲ့ ဗလီကတာဝန်ရှိသူတွေနဲ့ပဲဆိုင်ပါ တယ်။ သူတို့က (၁) ရက်စောပြီး ရင် ဗလီ (၁) ရက် စောပြီးဖွင့်လို့ ရတာပေါ့”ဟု ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှပြော ကြားခဲ့သည်။
၎င်းသ တင်းစာ ရှင်းလင်း ပွဲတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏စုံစမ်းတွေ့ ရှိချက်များ စစ်ဆေးတွေ့ရှိချက်များ အား ထုတ်ပြန် ခဲ့ကြောင်း သိရ သည်။ 

ညီညီအောင်
Hot News Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်