Monday, April 22, 2013

အိန္ဒိယ မိန်းကလေး မုဒိမ်းမှု ဆန္ဒဆက်ပြ

Posted by drmyochit Monday, April 22, 2013, under | No comments


အခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေရဲ့ ကိုင် တွယ် ပုံကို မကျေနပ်ကြောင်း ထုတ်ဖေါ်ခဲ့ ကြပါတယ်

အိန္ဒိယ နိုင်ငံမှာ မကြာသေးခင်က အသက် ၅ နှစ် အရွယ် မိန်းကလေးငယ် တဦး မတရား ပြုကျင့် ခံခဲ့ ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေလီမြို့မှာ ဒုတိယ နေ့အဖြစ် ဆန်ဒပြ မှုတွေ ဆက်လက် ပြုလုပ်ခဲ့ ပါတယ်။

ဆန္ဒပြ သူတွဟော ရဲဌာနချုပ်နဲ့ အဓိက နိုင်ငံရေး ခေါင်းဆောင်တွေ ရဲ့ အိမ်တွေ အပြင် ဘက်မှာ စုရုံး ခဲ့ကြကာ၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေရဲ့ ကိုင်တွယ် ပုံကို ဒေါသ ဖြစ်ရကြောင်း ထုတ်ဖေါ်ခဲ့ ကြပါတယ်။

အစောပိုင်း တုန်းကတော့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက သူ့နိုင်ငံမှာ အမျိုး သမီးတွေ လုံခြုံ စိတ်ချ ရရေး အတွက် အကြီး အကျယ် ပြုပြင် ဆောင်ရွက်ဖို့ လိုအပ် နေပြီး၊ အမျိုး သမီးတွေ လုံခြုံ စိတ်ချ ရအောင် လုပ်ဆောင် ပေးဖို့ လူတိုင်းမှာ တာဝန် ရှိတယ်လို့ ပြောကြားလိုက် ပါတယ်။

လူထုရဲ့ စိုးရိမ် သောက ဖြစ်နေ တာတွေကို ကိုင်တွယ် ဖြေရှင်း ပေးရာမှာလည်း ကိုယ်ချင်းစာ တရားနဲ့ ကြင်ကြင် နာနာ ဆောင်ရွက်ကြဖို့ ကို မစ္စတာ ဆင်းက ပန်ကြား လိုက်ပါတယ်။

ဒီ မိန်း ကလေး ငယ်ကို ဖမ်ဆီး ခေါ်ဆောင် သွားကာ၊ ၂ ရက်ကြာ အဓမ္မ ပြုကျင့်ခဲ့တာ ဖြစ်ပြီး၊ မတရား ပြုကျင့်ခဲ့ သူလို့ သံသယ ရှိသူ ကိုတော့ အခု ဖမ်းဆီး ထားပြီ ဖြစ်ပါတယ်။

မိန်းကလေးငယ် ကတော့ အရေးပေါ် ခွဲစိတ် ကုသဖို့ လိုအပ် နေပြီး၊ အခုတော့ သတိ ပြန်လည် လာပြီလို့ ဆရာဝန် တွေက ပြောပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်