မြန်မာ အစိုးရ အနေနဲ့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ HRW ရဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုဆိုင်ရာ အစီ ရင် ခံစာဟာ တစ်ဖက်သတ် ရရှိတဲ့ သတင်း တွေ ကိုသာ အခြေခံ ထားတာ ဖြစ်ပြီး အလေး ထားမှာ မဟုတ်ဘူး လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ် က ဧပြီ ၂၂ရက်မှာ တုံ့ပြန်လိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ပဋိ ပက္ခ တွေနဲ့ ပတ် သက်ပြီး ပညာရှင်တွေ၊ နှစ်ဖက် အသိုင်း အဝိုင်းက လေးအပ် အပ်တဲ့ သူတွေပါဝင်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီး အစီရင် ခံစာပြု စုနေ တာမို့ ဒီအစီရင် ခံစာရဲ့ တွေ့ရှိချက်နဲ့ အကြံပြု ချက်တွေကို အကောင် အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောဆို လိုက်ပါတယ်။
အီးယူက မြန်မာနိုင်ငံအပေါ် တစ်နှစ်ဆိုင်းငံ့ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လုံးဝရုပ်သိမ်းဖို့ အစည်း အဝေးပြုလုပ် နေချိန်နဲ့ အချိန်ကိုက်ပြီး HRW က အစီရင်ခံစာထုတ်ပြန်လိုက်တာဟာ မေးခွန်း ထုတ်စ ရာဖြစ်နေ တယ်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို ဧပြီ ၂၃ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့ ကော်မရှင်မှာ ပါဝင်တဲ့သူတွေက အတည်ပြု ပြောဆို ခဲ့ကြပါ တယ်။
HRW ရဲ့ အစီရင်ခံစာထဲမှာ မြန်မာအစိုးရအာဏာပိုင်တွေက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက် မှု၊ သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ဦးရဲထွဋ်ကတော့ HRW အစီရင်ခံစာဟာ စကားလုံးအသုံးအနှုံး အငြင်းပွား ဖွယ်ရာ ရှိတယ်လို့ တန်ပြန်ပြောဆိုခဲ့ပါတယ်။
From: Kamayut Media
Time in Rangoon


0 comments:
Post a Comment