Monday, April 22, 2013

ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ

Posted by drmyochit Monday, April 22, 2013, under | No comments


အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်း ဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရ သွန် အပြေး ပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိက သံသယတရားခံ ညီ အစ်ကို နှစ်ဦးကို ကြိုးကိုင် ကူညီခဲ့သည်ဟု ယူဆရသော အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းကို FBIက ဖြန့် ကျက် လေ့လာနေခြင်း ဖြစ်သည်။ ရဲများက တာမာလန်ဆာနေ့ဗ်နှင့် ဇိုခါဆာနေ့ဗ်တို့ ညီအစ်ကို နှစ်ဦးသည် ပြင်းထန် ဆိုးရွား လှသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် စနစ်တကျ လေ့ကျင့်ပေးခြင်း ခံထားရကြောင်း အလေး အနက် ယုံကြည်ထားသည်။

(ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု အဓိက သံသယတရားခံ ညီအစ်ကိုနှစ်ဦး)

FBI အေးဂျင့်ပေါင်း (၁၀၀၀)ကျော်တို့သည် တနင်္ဂနွေနေ့ ညပိုင်းက စတင်ကာ ပစ်မှတ်အဖြစ် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်သူများကို ရှာဖွေနေပြီး မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ FBIနှင့် နီးစပ်သူ တစ်ဦးက "အဖွဲ့အစည်းအနေနဲ့ ခုကိစ္စကို ဒီညီအစ်ကို နှစ်ယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဘယ်လိုမှ မယုံပါဘူး။ ဖောက်ခွဲခဲ့တဲ့ ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံက အဆင့်အတန်း မြင့်လွန်းတယ်။ ဒီလက်နက်မျိုး ဘယ်လိုလုပ်တယ် ဆိုတာကို Googleကနေတော့ သူတို့ညီအစ်ကို ရှာတွေ့မယ်ပုံ မပေါ်ဘူး"ဟု ပြောကြားခဲ့သည်။

(လူ ၃ ဦးသေဆုံးခဲ့သည့် ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု)

၎င်းကပင် "ပြောရရင် ဖန်တီးမှုက ခေတ်ရှေ့ပြေးလွန်းတယ်။ တစ်ယောက်ယောက်က ဒီကျွမ်းကျင်မှုမျိုးကို သူတို့ညီအစ်ကိုဆီ မျှဝေခဲ့ပုံပဲ။ အေးဂျင့်တွေကတော့ အဖွဲ့ဝင် (၁၂)ယောက် ပါဝင်တဲ့ အဲဒီအဖွဲ့အစည်းဟာ သူတို့လုပ်ဆောင်မယ့် အကြမ်းဖက်ကိစ္စ အထမြောက်လာမယ့် နေ့မျိုးကို နှစ်တော်တော်ကြာအောင် အချိန်ယူ စောင့်ဆိုင်းနေခဲ့တယ်လို့ ယူဆထားတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

Source: Mirror

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်