Tuesday, May 07, 2013

''ပင်လယ်ရေအောက်က ရှေးဟောင်း ဂရိ မြို့ကြီးတစ်မြို့ ရှာဖွေတွေ့ရှိ''

Posted by drmyochit Tuesday, May 07, 2013, under | No comments


ရှေးဟောင်း ''ဂရိ'' နဲ့ ''အီဂျစ်'' ''သိုးနီးစ်'' မျိုးနွယ်တွေရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ''ဟာရယ်လီယံ''ဆိုတဲ့ အဓိ က ပင်လယ် ဆိပ်ကမ်းမြို့တစ်မြို့ရဲ့ အကြောင်း အရင်က မှတ်တမ်းတွေ မရရှိခဲ့ ဘူး သေးပေမဲ့ ''ဥရောပ ရေအောက် ရှေးဟောင်း သုတေသန တက္ကသိုလ်'' (European Institute for Underwater Archeology) (IEASM) ရဲ့ စူးစမ်း ရှာဖွေမှု များအရ မြေထဲ ပင်လယ် အောက် နစ်မြုပ် ခဲ့ရတဲ့ မြို့ကြီးတစ် မြို့ကို ရှာဖွေ တွေ့ရှိ ခဲ့တဲ့ အကြောင်း ''weather.com'' အင်တာနက် သတင်း စာမျက် နှာမှာ ဖေါ်ပြ ထားပါတယ်။

''သိုးနီးစ်-ဟာရယ် လီယံ''တွေရဲ့ သမိုင်း အထောက် အထား လမ်းစ တွေကို အီဂျစ်နိုင်ငံ ကမ်းခြေ မှ ၄-မိုင် အကွာ ပင်လယ်ရေ အောက်ပေ ၃၀ အနက် ''အာဘူကီယာ" ပင်လယ်ကွေ့ဒေသမှာ ၂၀၀၀ခုနှစ်က စတင် တွေ့ရှိ ခဲ့တာ ဖြစ်ပြီး၊ ပြင်သစ် ရေအောက် ရှေးဟောင်း သုတေသီ ''ဒေါက်တာ ဖရန့်ဂေါ့ဒီယို''ရဲ့ လမ်းညွှန် မှုနဲ့ တူးဖေါ် ရှာဖွေရေး အဖွဲ့တွေ တွေ့ရှိခဲ့တဲ့ အပျက်အစီးများစွာထဲမှာ ရှေးရိုးစွဲ ဘာသာရေး ၀တ်ပြု ဆောင် တစ်ခု လည်း ပါဝင် ကြောင်း၊ အဆိုပါဝတ်ပြုဆောင်ထဲမှာ ကျောက်သားနဲ့ ထုဆစ်ထားတဲ့ ''ဟာဖီနတ် ဘုရား''ရုပ်ထု တစ်ခုအ ပါအ၀င် ရှေးခေတ် သင်္ဘောပျက် အစိတ်ပိုင်း များစွာ ကိုလည်း ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း၊ အဆိုပါဝတ်ပြုဆောင်တွေ့ရှိခြင်းဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တယ်ဆိုတာ အခိုင် အမာဆုံး သက်သေ တစ်ခု ဖြစ်ကြောင်း၊ ''ဒီ ပင်လယ် ရေအောက် ကြမ်းပြင်မှာ ရာစု နှစ်ပေါင်း များစွာ မပျက်စီး တည်ရှိ ကျန်ရစ် နေတဲ့ အခြေ အနေဟာ ရှေးဟောင်းသုတေသနတွေ့ရှိမှုတွေထဲမှာ အံ့သြဖွယ် ဖြစ် ကြောင်း အောက်စ်ဖို့တက္ကသိုလ် ရှေးဟောင်းသုတေသဌာနမှ ထင်ရှားတဲ့သုတေသီ ''ဆာ ဘယ်ရီကမ်း လိဖ်''က ထုတ် ဖေါ် ပြောဆို လိုက်ကြောင်း သတင်း စာမျက် နှာမှာ ဆက်လက် ဖေါ်ပြ ထားပါတယ်။

''ဟာရယ်လီယံ'' မြို့ကြီးပင်လယ်ရေအောက် နစ်မြုပ်သွားခဲ့ရတဲ့အကြောင်းအရင်းကို အတိ အကျ ဖေါ်ထုတ် နိုင်ဖို့ မလွယ်ကူ သေးကြောင်း၊ ဒေါက်တာဖရန့်ဂေါ့ဒီယို ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ အဆိုအရ ကြီးမား တဲ့ မြေပေါ် အဆောက်အဦး၊ ရုပ်ထုကြီးတွေရဲ့ ဖိအား၊ နူံးမြေပျော်ကျနိမ့်ဆင်းမူကနေ အဆိုပါ မြို့ကြီး ပင်လယ် ရေအောက် ရောက်ရှိ သွားတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ဆက်လက် ဖေါ်ပြ ထားပါတယ်။
အခြား ယူ ဆချက် တစ်ခု အနေနဲ့ကတော့ ကြုံ တောင့်ကြုံခဲ ရေဘေး ကြီးမျိုး ကြုံတွေ့ ရခြင်း၊ မြေ ငလျှင် ဒဏ် ခံရခြင်းနှင့် အတူ မြေနု နုံးမြေတွေ ပျော်ကျ နိမ့်ဆင်းမှု တို့ ကြောင့်လည်း ဖြစ်နိုင်ကြောင်း သတင်း စာမျက် နှာမှာ ဖေါ်ပြ ထားပါတယ်။

ကိုးကား


Credit & Copy From >မြန်မာဓိက

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်