Tuesday, May 07, 2013

ဆီးရီးယား သူပုန်တွေ အဆိပ်ငွေ့သုံးကြောင်း ကုလပြော

Posted by drmyochit Tuesday, May 07, 2013, under | No comments



အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့ ပြောလို့ မရသေးကြောင်း မစ် Ponte က ပြော

ဆီးရီးယား သူပုန်တွေ ဓာတု လက်နက် သုံးတယ် ဆိုတဲ့ အထောက် အထားတွေ တွေ့ရ တယ်လို့ ကုလ သမဂ္ဂ လူ့ အခွင့် အရေး ဆိုင်ရာ စုံစမ်း စစ်ဆေး ရေး အရာရှိ Carla del Ponte က ပြောကြား လိုက်ပါ တယ်။

ဓာတု လက်နက် ဒဏ်ကို ခံခဲ့ ရသူတွေနဲ့ ဆရာဝန် တွေကို မေးမြန်းရာ၊ သံသယ ဖြစ်စရာတွေ ပိုတိုး များလာနေ ကြောင်း ဒါပေမယ့် အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့ ပြောလို့ မရသေးကြောင်း မစ် Ponte က ပြောပါတယ်။

ဆီးရီးယား အတိုက် အခံတွေ ဟာ အာရုံကြောကို ထိခိုက် စေတဲ့ အဆိပ်ငွေ့ တွေကို အသုံး ပြုခဲ့ တယ်လို့ ဆိုပါ တယ်။

ဒါပေမယ့်လို့ အစိုးရ တပ်ဖွဲ့တွေ ကနေ ဓာတု လက်နက်တွေ သုံးနိုင်ဖွယ် ရှိသလား ဆိုတာကိုတော့ မသိရ သေးကြောင်း သူက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ ကတော့ သမ္မတ အာဆတ်ကို သစ္စာ ခံသူတွေဟာ အခုလို ဓာတု လက်နက်တွေ သုံးနိုင် ဖွယ် ရှိတယ်လို့ ပြောကြားထား ပါတယ်။

အစ်စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု

ဆီးရီး ယား နိုင်ငံ ကတော့ တနင်္ဂနွေနေ့ညက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ် သက်ပြီး နောက်ထပ် အသေး စိတ် အချက် အလက် တွေကို ထုတ် ဖေါ် ပြောကြား ပါတယ်။

ဒမာ့ စကက်စ် အနီးက ဂျမရာယာ သုတေသန စင်တာကို ထိမှန် ခဲ့တာ အပြင်၊ အစ်စရေး တို့ဟာ ဒုံးကျည် တွေနဲ့လက်ဘနွန် နယ်စပ် အနီးက အဆောက် အဦးတွေနဲ့ ဆီးရီးယား စစ်ဖက် ဆိုင်ရာ လေဆိပ် တခု ကိုလည်း ပစ်ခတ် ခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

ဒီ့ အတွက် သေဆုံး ဒဏ်ရာ ရရှိသူ အတော် များများ ရှိခဲ့ တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လောက် အရေ အတွက် ဆိုတာ ကိုတော့ ထုတ်ဖေါ် ပြောကြား ခြင်း မရှိပါ။

ဆီးရီး ယား အတိုက် အခံ တွေကို လိုလားတဲ့ ဝက်ဘ် ဆိုဒ် တခုမှာတော့ အစိုးရ စစ်သား ၁၅ ဦး သေဆုံး သွားတယ်လို့ ဖေါ်ပြပါတယ်။

လက်ဘနွန်က ဟက်ဇ်ဘိုလာ ပျောက်ကျားတွေ အတွက် အီရန်လုပ် ဒုံးတွေ ပို့ဆောင်ဖို့ လုပ်နေတာကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ် ဆိုတာ ကိုတော့ ဆီးရီးယား ဘက်က ငြင်းဆို လိုက်ပါတယ်။

အစ်စရေး တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ် ဆင်နွှဲတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ကုလ သမဂ္ဂ ကတော့ ဆီးရီးယား ပဋိပက္ခ အရှိန်မြင့် လာ နေတဲ့ အပေါ် သတိပေး ပြောကြားလိုက် ပါတယ်။

From: BBC 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်